Wednesday, 30 November 2016

30-NOV-2016 (READING ADV1 -YA-C1)

Wed the 30th: Isa 25:6-10; Ps 23:1-6; Matt 15:29-37

Isa 25:6-10; Ps 23:1-6; Matt 15:29-37

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၅  (Isa 25:6-10)

၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော် မူလိမ့်မည်၊၊
၇ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသောတင်းတိမ်ကိုင်း ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်၊၊
၈ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံးစေတော်မူ လိမ့်မည်။ အရှင်ထာဝရဘုရား သည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသူတ်တော်မူလိမ့်မည်၊၊ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ ရဲ့ခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရားအမိန့်တော်ရှိ၏၊၊
၉ ထိုကာလ၌ကြည့်ရှုလော့၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း၊၊ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်၊၊
၁၀ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်၊၊ ကောက်ရိုးသည် နောက်ချေး ရွှံ့ပွက်၌နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6)

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။







ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၅ (Matt 15:29-37 )

၂၉ ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။
၃၀ များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသောအနာ ရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။
၃၁ အနာရောဂါ များကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူသည်ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသော သူသည် မြင်ရသည်ကို၎င်း၊ လူအစုအဝေးတို့သည် မြင်လျှင် အံ့သြခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကိုချီးမွမ်းကြ၏။
၃၂ ထိုအခါယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီသူတို့ကို လွှတ်ခြင်းငှါ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊
၃၃ တပည့်တော်တို့ကဤမျှလောက်များသောလူစုတို့သည် ဝစွာစား လောက်သောအစာကို ဤတောအရပ်၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြ သော်၊
၃၄ ယေရှုက၊ သင်တို့တွင်မုန့် ဘယ်နှစ်လုံးရှိသနည်း ဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှသောငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏။
၃၅ ထိုအခါလူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။
၃၆ မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အားပေးတော်မူ၏။ တပည့်တော် တို့လည်းလူအ
၃၇ ပေါင်း တို့အားပေးကြ၏။ လူအပေါင်းတို့သည်စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက် သိမ်း၍ခုနှစ်တောင်းအပြည့်ရကြ၏။








Tuesday, 29 November 2016

29-NOV-2016 (READING ADV1 -YA-C1)

Tue the 29th: Isa 11:1-10; Ps 72:1-17; Luke 10:21-24

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၁  (Isa 11:1-10)

၁ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်၊၊ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်၊၊                        
၂ ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်၊၊
၃ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင် သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊
၎ ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်၊၊ မြေကြီးကို နှုတ်ကပတ်တော် လှံတံနှင့်ဒဏ်ခတ်၍၊ ဆိုးသောသူကိုနှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်၊၊
၅ တရားနှင့်သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်လိမ့်မည်၊၊
၆ တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်၊၊ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်၊၊ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်၊၊
၇ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြ လိမ့်မည်၊၊ ခြင်္သေ့သည် လည်း နွားကဲ့သို့မြက်ကို စားလိမ့်မည်၊၊
၈ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်၊၊ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်၊၊
၉ ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ၊၊ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီး သည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာ နှင့်ပြည့်စုံလိမ့်မည်၊၊
၁၀ ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍၊ လူများအဘို့ထူသော အလံဖြစ်လိမ့်မည်၊၊ ထိုအလံ၌ တပါး အမျိုး သားတို့သည် ဆည်းကပ်ကြလိမ့်မည်၊၊ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်၊၊

 ဆာလံကျမ်း အခန်းကြီး ၇၂ (Ps 72:1-17)

၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။
၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
၁၄ သူတို့အသက်ကို   လှည့်စားခြင်းနှင့် ညှင်းဆဲခြင်း၏လက်မှ ရွေးနှုတ်၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။
၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကိုဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်တို့ကို ပြုကြလိမ့်မည်။
၁၆ ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့ သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့် မည်။
၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေသည်တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွါးလိမ့် မည်။ကျေးဇူးတော် အားဖြင့်လူမျိုးအပေါင်းတို့သည်  ကောင်းကြီးမင်္ဂလာကို ခံရကြ၍၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့် မည်။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:21-24)

 ၂၁ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော် မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ် ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလို တော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။
၂၂ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူ ဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။
၂၃ ထိုအခါ တပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။
၂၄ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။

Monday, 28 November 2016

28-NOV-2016 (READING ADV1 -YA-C1)

Mon the 28th: Isa 4:1-6; Ps 122:1-9; Matt 8:5-11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄  (Isa 4:1-6)

၁ သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်၊၊ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည်ကိုယ်မုန့်ကိုစားပါမည်၊၊ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်၊၊ ကျွန်မတို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟုဆိုကြ လိမ့်မည်၊၊
၂ ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေပွင့်လန်းလိမ့်မည်၊၊ လွတ်သော ဣသရေလအမျိုး သားတို့အဘို့၊ မြေအသီးအနှံ့သည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်၊၊
၃-၄ ထာဝရဘုရားသည် တရားစီရင်သော ဝိညာဉ်၊ မီးလောင်သောဝိညာဉ်တော်အားဖြင့်၊ ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေးကြာ၍၊ ယေရုရှလင် မြို့၏အသွေးကို မြို့ထဲကပယ်ရှားတော်မူပြီးလျှင်၊ ဇိအုန်တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်း ဟူသော အသက်စာရင်း ဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြ လိမ့်မည်၊၊ ၅ ထာဝရဘုရားသည် လည်း၊ ဇိအုန်တောင်မှာရှိသမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ်တွင်၊ နေ့အချိန်၌ မိုဃ်းတိမ် နှင့်မီးခိုးကိုင်း၊ ညဥ့်အချိန်၌ မီးလျှံအလင်းကိုင်း၊ ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုး တော်မူလိမ့်မည်၊၊
၆ နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ်လိမ့်မည်၊၊



ဆာလံကျမ်း အခန်းကြီး ၁၂၂  (Ps 122:1-9)

၁ ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
၂ အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
၃ ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
၎ အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
၅ ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။
၆ ယေရုရှလင်မြို့ ငြိမ်ဝပ်မည့် အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
၇ သင်၏ မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမ္မာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
၈ သင်၌ငြိမ်ဝပ်ခြင်း ရှိပါစေသောဟု ငါသည် ညီအစ်ကို အတွက်၊ အဆွေခင်ပွန်း တို့အတွက် ပြောဆိုပါမည်။
၉ ငါတို့ဘုရားသခင် ထာဝရဘုရား၌အိမ်တော်ကို ထောက်၍၊ သင်၏အကျိုး ကိုရှာပါမည်။






ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈(Matt 8:5-11)


၅  ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
၆ သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
၇ ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
၈ တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
၉ ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူး လျှောက်လေ၏။
၁၀ ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။
၁၁ ငါဆိုပြန်သည် ကား၊လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့နှင့်တကွလျောင်းရကြလတံ့၊



Sunday, 27 November 2016

27-NOV-2016 (READING ADV1 -YA-C1)

Sun the 27th: Psalter I, Advent Week 1.
Isa 2:1-5; Ps 122:1-9; Rom 13:11-14; Matt 24:37-44

Isa 2:1-5; Ps 122:1-9; Rom 13:11-14; Matt 24:37-44

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂  (Isa 2:1-5)

၁ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟုမူကား။
၂ နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်၊၊
၃ များပြားသော သူတို့ကလည်း၊ လာကြလော့၊၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည် ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်၊၊ တရားတော်သည် ဇိအုန်တောင်မှင်း၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ယေရုရှလင်မြို့မှင်း ပေါ်ထွက်လိမ့်မည်၊၊
၎ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြား သော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါင်း ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန်မသင်ရ ကြ၊၊
၅ အိုယာကုပ်အမျိုးသားတို့၊ လာကြလော့၊၊ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့၊၊


ဆာလံကျမ်း အခန်းကြီး ၁၂၂ (Ps 122:1-9)

၁ ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
၂ အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
၃ ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
၎ အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
၅ ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။
၆ ယေရုရှလင်မြို့ ငြိမ်ဝပ်မည့် အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
၇ သင်၏ မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမ္မာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
၈ သင်၌ငြိမ်ဝပ်ခြင်း ရှိပါစေသောဟု ငါသည် ညီအစ်ကို အတွက်၊ အဆွေခင်ပွန်း တို့အတွက် ပြောဆိုပါမည်။
၉ ငါတို့ဘုရားသခင် ထာဝရဘုရား၌အိမ်တော်ကို ထောက်၍၊ သင်၏အကျိုး ကိုရှာပါမည်။





ရောမသြဝါဒစာ အခန်းကြီး ၁၃ (Rom 13:11-14)

၁၁ ထိုမှတပါး၊ ငါတို့ကိုကယ်တင်သော ကျေးဇူးတော်သည် ငါတို့ယုံကြည်သော နေ့ရက်၌နီးသည် ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊
၁၂ ညဥ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော် ရာမှနိုးရသော အချိန်ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။
၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသောမေထံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အ ချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။
၁၄ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်းအလို့ငှါ မကြံစည်ကြနှင့်။


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:37-44)

၃၇ လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။
၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင်လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက် လျက်နေ၍၊
၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်း သည်တိုင်အောင်သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။
၄၀ ထိုအခါလယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကားနေရစ်ရလတံ့။
၄၁ ကြိတ်ဆုံကြိတ် သော သူနှစ်ယောက်တို့တွင်တယောက်ကို သိမ်းယူ၍ တယောက်မူကားနေရစ်ရလတံ့။
၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၃ သူခိုးလာမည် အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။











Saturday, 26 November 2016

26-NOV-2016 (READING ORD34 -YC-C2)

Sat the 26th: Rev 22:1-7; Ps 95:1-7; Luke 21:34-36

ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ (Rev 22:1-7);

၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။
၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။  မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။
၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။
၎ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။
၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။
၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။
၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:1-7);

၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို  ကျူးဧကြကုန်အံ့။
၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။
၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:34-36);

 ၃၄ လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။
၃၅ ထိုနေ့ရက် သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မ်ည်။
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။


Friday, 25 November 2016

25-NOV-2016 (READING ORD34 -YC-C2)

Fri the 25th: Rev 20:1-21:2; Ps 84:3-8; Luke 21:28; Luke 21:29-33

ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀( Rev 20:1-21:2);

၁ တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကိုငါမြင်၏။
၂ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။
၃ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံး သောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန်ခဏလွှတ်ရဦးမည်။
၎ ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြ၏။
၅ ကြွင်းသောလူသေတို့သည် ထိုအနှစ် တထောင်မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမထမြောက်ခြင်းဖြစ်သတည်း။
၆ ပဌမထမြောက် ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍၊ အနှစ်တထောင် ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
၇ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊
၈ အရေအတွက် အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုး တို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။
၉ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သောမြို့ တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။
၁၀ သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။
၁၁ တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။
၁၂ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။
၁၃ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။
၁၄ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။
၁၅ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။
၁ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။
၂ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။


ဆာလံကျမ်း အခန်းကြီး ၈၄ (Ps 84:3-8);

၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
၎ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
၅ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
၆ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
၇ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:29-33);

 ၂၉ တဖန် ထပ်၍ မိန့်တော်မူသောဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။
၃၀ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။
၃၁ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကို မြင်ရလျှင်၊ သခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။
၃၂ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
၃၃ ကောင်းကင်နှင့်မြေကြီး မတည်သော်
၃၄ လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။


Thursday, 24 November 2016

24-NOV-2016 (READING ORD34 -YC-C2)

Thu the 24th:    Optional memorial of Andrew Dung-Lac, priest and martyr, and companions, martyrs.
Rev 18:1-23, 19:1-9; Ps 100:1-5; Luke 21:20-28

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၈( Rev 18:1-23, 19:1-9);

၁ ထိုနောက်မှ ကောင်းကင်တမန်တပါးသည် ကြီးစွာသောတန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်ကဆင်း သက် သည်ကိုငါမြင်၏။ သူ၏ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။
၂ သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍။ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသောဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး ၍စက်ဆုပ်ဘွယ်သော ငှက်မျိုး၏မှီခိုရာဖြစ်လေပြီ။
၃ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည် တို့သည် သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ် ကြပြီဟုပြောဆို၏။
၎ အခြားသောကောင်း ကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။
၅ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။
၆ သူသည်အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင် ကြလော့။ သူလောင်းသောဖလား၌ သူ့အဘို့နှစ်ဆတိုး၍ လောင်းကြလော့။
၇ သူသည် ကိုယ်ကိုချီးမြောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်းကို ဖြစ်စေကြ လော့။ ငါကား မိဘုရားဖြစ်၏။ မုတ်ဆိုးမမဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။
၈ ထိုကြောင့်၊  သူခံရေသော သေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တနေ့ချင်းတွင် တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားဗလကြီးတော်မူ၏။
၉ မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်းလောင် ရာမီးခိုးကို မြင်သောအခါ၊
၁၀ သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း။ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။
၁၁ လောကီကုန်သည် တို့သည် ထိုအတူငိုကြွေး၍ စိတ်မသာညည်းတွား ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ကုန်သွယ် ဥစ္စာတည်းဟူသော၊
၁၂ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသောသစ်ကောင်း တန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူတံဆာ၊
၁၃ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ။
၁၄ သင်သည် အလွန်တပ်မက်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သောအရာ ရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန်မတွေ့ရ။
၁၅ သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရ တတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကိုကြောက်၍ အဝေးကရပ်လျက်၊
၁၆ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကိုဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ် တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊
၁၇ ဤမျှလောက်ကြီးစွာသောစည်းစိမ်သည် တနာရီခြင်းတွင် ပျက်ဆီးပါပြီတကား ဟုငိုကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသောသင်္ဘောသူကြီး၊ အရပ်ရပ်သို့လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည်ရှိသမျှတို့သည် အဝေးက ရပ်၍၊
၁၈ သူကျွမ်းလောင်ရာ မီးခိုးကိုမြင်လျှင် ထိုမြို့နှင့် အဘယ်မြို့တူသနည်း ဟူ၍၎င်း၊
၁၉ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသောသင်္ဘောကို ပိုင်သောသူအပေါင်း တို့အား ထိုစည်းစိမ်ကိုပေး၍ ငွေရတတ်စေသောမြို့ကြီး၊ တနာရီခြင်းတွင် ပျက်ဆီးပါပြီတကားဟူ၍၎င်း အော်ဟစ်လျက် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်။
၂၀ ကောင်းကင်မှစ၍ သန့်ရှင်းသူ တမန်တော်ပရောဖက်တို့၊ သူ့ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ဘက်၌ နေ၍၊ သူ့ကိုတရားစီရင်တော်မူပြီဟု ပြောဆိုသည်ကိုငါကြား၏။
၂၁ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တဖန်မပေါ်မရှိရ။
၂၂ စောင်းသမား၊ အငြိမ့်သမား၊ ပလွေသမား၊ တံပိုးသမားများတီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန်မပေါ်မရှိရ၊ ကြိတ်ဆုံသံ လည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။
၂၃ ဆီမီးအလင်း လည်း သင့်အထဲ၌ နောက်တဖန်မထွန်းမလင်းရ။ မင်္ဂလာ ဆောင်သတို့သား သတို့သမီးအသံကိုလည်း သင့်အထဲ၌ နောက်တဖန်မကြားရ။ အကြောင်းမူကား၊ လောကီ မှူးမတ်တို့သည် သင်၏ကုန်သည်ဖြစ်ကြပြီ၊ လူအမျိုးမျိုးတို့သည် သင်၏ပြုစားခြင်းပရိယာယ်အားဖြင့် လှည့်ဖြား ခြင်းကို ခံရကြပြီဟု ကောင်းကင်တမန်ပြောဆို၏။
၁ ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသောသူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။
၂ စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကိုပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင် တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏အသွေးကို သူ၏လက်ဖြင့်သွန်း သောအပြစ်နှင့် အလျောက်ဒဏ်ပေးတော် မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။
၃ တဖန်တုံ၊ ဟာလေလုယ ဟူ၍၎င်း၊ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။
၎ အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တာဝါလေးပါးတို့သည် ပြပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကိုကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
၅ ပလ္လင်တော်ပေါ်က ထွက်သော အသံကား၊ ဘုရားသခင်၏ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောင်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။
၆ တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရား သခင်သည် စိုးစံတော်မူ၏။
၇ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေးသောသူအများ တို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။
၈ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။
၉ ကောင်းကန်တမန်ကလည်း၊ သိုးသငယ်၏မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်ထွက်စင်စစ်ဖြစ်၏ ဟူ၍င်း ငါ့အားပြောဆို၏။

ဆာလံကျမ်း အခန်းကြီး ၁၀၀ (Ps 100:1-5);

၁ မြေကြီးသားအပေါင်းတို့၊  ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။
၎ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။  ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:20-28);

 ၂၀ ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။
၂၁ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။
၂၂ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။
၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့် မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒလူမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။
၂၄ သူတို့သည် ထားဘေးဖြင့်ပျက်ဆီးခြင်း သို့ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင် ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။
၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊
၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။



Wednesday, 23 November 2016

23-NOV-2016 (READING ORD34 -YC-C2)

Wed the 23rd:    Optional memorial of Clement I, pope and martyr.
Optional memorial of Columban, abbot.
Rev 15:1-4; Ps 98:1-9; Rev 2:10; Luke 21:12-19

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၅( Rev 15:1-4);

၁ တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင် တမန်ခုနစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
၂ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကိုသီ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၎ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။

ဆာလံကျမ်း အခန်းကြီး ၉၈(Ps 98:1-9);

၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာ သည်အသံဗလံကို ပြုစေ၊၊ လောကဓါတ်နှင့် လောကသားတို့သည် ထိုနည်းတူ
၈ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ၊၊
၉ အကြောင်းမူကား မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။  လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကိုဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ခြင်းဆုံး ဖြတ်တော်မူလတံ့၊၊

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ (Rev 2:10);

၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:12-19);

၁၂ ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှင်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့် မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။
၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသော အခွင့်ရှိကြလိမ့်မည်။
၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွကမဆင်ခြင်ခြင်းငှါ သတိထားကြလော့။
၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။
၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။
၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။
၁၈ သို့သော် လည်း သင်တို့ဆံခြည်တပင်မျှ မပျက်ဆီးရ။
၁၉ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်း သို့ရောက် ကြလော့။



Tuesday, 22 November 2016

22-NOV-2016 (READING ORD34 -YC-C2)

Tue the 22nd:    Memorial of Cecilia, virgin and martyr.
Rev 14:14-19; Ps 96:10-13; Rev 2:10; Luke 21:5-11

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ (Rev 14:14-19);

၁၄ တဖန် ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့်တူသော သူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဉ်ကိုကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။
၁၅ ကောင်းကင် တမန် တပါးသည် ဗိမာန်တော်ထဲကထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိပ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။
၁၆ မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။
၁၇ ကောင်းကင် တမန်တပါးသည် ကောင်ကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်းထက်သောတံစဉ်ပါ၏။
၁၈ မီးကို အစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သောတံစဉ်ပါသောသူကို ကြီးစွာသောကြွေး ကြော်ခြင်းနှင့် ခေါ်လျက် သင်၏ထက်သာ တံစဉ်ကို လွှတ်၍ မြေကြီး၏စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။
၁၉ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏။

ဆာလံကျမ်း အခန်းကြီး ၉၆ (Ps 96:10-13);

၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။
၁၁ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။
၁၂ လယ်ပြင်နှင့် လယ်ပြင်၌ရှိ သမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီဆိုကြလိမ့်မည်။
၁၃ အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ် တော်မူလတံ့။

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ (Rev 2:10);

၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:5-11);

၅ လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊
၆ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၇ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလ လည်းရောက်လာပြီဟု ဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။




Monday, 21 November 2016

21-NOV-2016 (READING ORD34 -YC-C2)

Mon the 21st:    Memorial of Presentation of Mary.
Rev 14:1-5; Ps 24:1-6; Matt 24:42-44; Luke 21:1-4

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ (Rev 14:1-5);

၁ ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်း တော်၏ နာမကို နဖူး၌အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။
၂ သမုဒ္ဒရာရေသံ၊ ကြီးစွာသောမိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်ကအသံကို ငါကြား၏။ ထိုသို့ငါကြားသော အသံသည် စောင်းသမား များစောင်းတီးသော အသံကဲ့သို့ဖြစ်၏။
၃ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သောသီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်း လေးထောင်မှတပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။
၎ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူဖြစ်ကြ၏။ သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနှုတ်၍ ဘုရားသခင် နှင့် သိုးသငယ်အဘို့ အဦးသီးသောအသီးဖြစ်ကြ၏။
၅ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။

ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);

၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။        
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌  အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:42-44);

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၃ သူခိုးလာမည် အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:1-4);

၁ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကိုမြင်တော်မူ၏။
၂ ဆင်းရဲသောမုဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါး နှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊
၃ ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြား သူအပေါင်းတို့ထက်သာ၍ သွင်းချပြီ။
၎ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော် စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်း ရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။



Sunday, 20 November 2016

20-NOV-2016 (READING ORD34 -YC-C2)

Sun the 20th: Psalter II, Ordinary Time Week 34.
 Solemnity of Christ the King.
2 Sam 5:1-3; Ps 122:1-5; Col 1:12-20; Mark 11:9-10; Luke 23:35-43

ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၅( 2 Sam 5:1-3);

၁ ထိုအခါ ဣသရေလအမျိုးအနွှယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော် တို့သည်ကိုယ်သော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
၂ အထက်ကရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကိုဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
၃ ထိုသို့ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ မြှောက်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၂ (Ps 122:1-5);

၁ ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
၂ အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
၃ ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
၎ အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
၅ ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။

ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:12-20);

၁၂ အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည် အကြောင်း ကျေးဇူးပြုတော်မူ၏။
၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။
၁၉ အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
၂၀ လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ (Mark 11:9-10);

၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
၁၀ ထာဝရ ဘုရား၏ အခွင့်နှင့်ယခု တည်လုသော ငါတို့အဘ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၃ (Luke 23:35-43);

 ၃၅ လူများတို့သည်လည်းကြည့်ရှု လျက်ရပ်နေကြ၏။ ထိုသူတို့နှင့် အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတပါးတို့ကိုကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသောဘုရားသခင် ရွေးချယ်တော်မူသောသူ မှန်လျှင်ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။
၃၆ စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကိုကပ်ပေးလျက်၊
၃၇ သင်သည် ယုဒရှင်ဘုရင် မှန်လျှင်ကိုယ်ကို ကယ်တင်လော့ ဟူ၍ ပြက်ယယ်ပြုလျှက်ဆိုကြ၏။
၃၈ ခေါင်းတော်ပေါ်မှာ တပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ခေါင်းတော်ပေါ်မှာ တပ်သတည်း။
၃၉ ဆွဲထားသောလူဆိုးနှစ်ယောက်တွင်တယောက်က၊ သင်သည်ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။
၄၀ တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည်ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင်ဘုရားသခင်ကို မကြောက်သလော။
၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရ သည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကားအဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။
၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။



Saturday, 19 November 2016

19-NOV-2016 (READING ORD33 -YC-C2)

Sat the 19th: Vigil of Solemnity of Christ the King.
Rev 11:4-12; Ps 144:1-10; 2 Tim 1:10; Luke 20:27-40

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၁ (Rev 11:4-12);

၎ ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးဖြစ်သတည်း။
၅ တစုံတယောက်သောသူသည် သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို၏ခံတွင်းထဲက မီးထွက်၍ ရန်သူတို့ကိုမျိုတတ်၏။ တစုံတယောက်သောသူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့အသေသတ်ခြင်းကို ခံရမည်။
၆ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာ စေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေရသောအခွင့်၊ မိမိတို့ အလိုရှိ သမျှသောအခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသောအခွင့်ကို ရကြ၏။
၇ သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲကတက်သော သားရဲသည် သူတို့ကိုစစ် တိုက်၍ အောင်လိမ့်မည်။  အသက်ကိုသတ်ပြီးမှ၊
၈ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံ တော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။
၉ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ကိုမြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။
၁၀ မြေကြီးပေါ်မှာ နေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက် ကိုတယောက် လက်ဆောင်ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာနေသော သူတို့ကို ပြင်းစွာနှောက်ရှက်ညှဉ်းဆဲကြသည်ဟု ငါ့အားပြောဆိုလေ၏။
၁၁ ထိုနောက် သုံးရက် ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော်က  အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည်  အလွန်ကြောက်ရွံကြ၏။
၁၂ ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့တက်၍ ရန်သူ တို့သည် မြင်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၄ (Ps 144:1-10);

၁ ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိစေတော်မူစေသတည်း၊၊ ငါ့လက်သည် စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏၊၊
၂ ငါ့ကိုသနားသောသူ ငါ့၏မြို့ရိုး ငါ့၏ရဲတိုက် ငါ့ကိုကယ်လွှတ်သောသခင် ငါ့၏အကွယ်အကာဖြစ်တော်မူ၏၊၊ ထိုဘုရားသခင်ကို ငါကိုးစား၏၊၊ ငါ၏လူမျိုး ကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏၊၊
၃ အိုထာဝရဘုရား၊ လူသည်အဘယ်သို့သောသူ ဖြစ်၍ ကိုယ်တော်သည်မှတ်တော် မူရသနည်း၊၊ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်မှတ်တော်မူရသနည်း၊၊
၎ လူသည်အငွေ့နှင့် တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊
၅ အိုထာဝရဘုရား ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ၊၊ တောင်တို့ကို တို့တော်မူပါ၊၊ သူတို့သည်မီးခိုး ထွက်ကြပါ လိမ့်မည်။
၆ လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကို ပစ်သဖြင့်ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ၍ နှိမ်စက်တော်မူပါ။
၇ အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနှုတ်တော်မူပါ၊၊ တခဲနက်သော ရေထဲက၎င်း၊ တကျွန်းတနိုင်ငံ သား တို့၏လက်ထဲက၎င်း ဆယ်ယူကယ်တင်တော်မူပါ၊၊
၈ သူတို့၏ နှုတ်သည် မုသားစကားကိုပြောတတ်၏၊၊ သူတို့၏ လက်ျာလက်သည်လည်း လှည့်စားတတ်သောလက်ဖြစ်၏၊၊
၉ အိုဘုရားသခင်ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာ သီချင်းဆိုပါမည်၊၊
၁၀ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏၊၊ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏၊၊

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);

၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၀ (Luke 20:27-40);

၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊
၂၈ အရှင်ဘုရား၊ မယားရှိသာသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
၂၉ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန် လေ၏။
၃၁ ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကိုမကျန်ရစ်စေဘဲသေကြ၏။
၃၂ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။
၃၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက် တို့သည် ထိုမိန်းမနှင့်စုံဘက်ကြပြီဟု လျှောက်ကြ၏။
၃၄ ယေရှုကလည်း၊ ယခုဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။
၃၅ နောင်ဘဝကို၎င်း၊ သေခြင်းမှထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရသောသူတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။
၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏ သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။
၃၇ ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ခေါ်ဝေါ် သောအခါ သေလွန် သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲပြီ။
၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။
၃၉ ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။
၄၀ နောက်တဖန် အလျင်းမမေးမလျှောက်ဝံ့ကြ။




Friday, 18 November 2016

18-NOV-2016 (READING ORD33 -YC-C2)

Fri the 18th:    Optional memorial of The Dedication of the Churches of Peter and Paul, apostles.
Rev 10:8-11; Ps 119:14-131; John 10:27; Luke 19:45-48

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀ ( Rev 10:8-11);

၈ ငါကြားရသောကောင်းကင်အသံသည် တဖန်ငါ့အားပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသောစာစောင်ငယ်ကို သွား၍ယူလော့ဟု ဆိုလျှင်၊
၉ ငါသည်ကောင်းကင်တမန် ထံသို့သွား၍ စာစောင်ငယ်ကိုပေးပါဟုတောင်း၏။ သူကလည်းယူ၍ စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟု ဆိုလျှင်၊ ငါသည်စာစောင်ကို ကောင်းကင်တမန်၏ လက်မှယူ၍စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။
၁၀ ကောင်းကင်တမန်ကလည်း၊ သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:14-131);

၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊
၁၅ ပေးတော်မူသော သြဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊
၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
၁၇ ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော် မူပါ၊၊
၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊
၁၉ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏၊၊ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်၊၊
၂၀ စီရင်တော်မူချက်တို့ ကို အစဉ်မပြတ် တောင့်တသော အားဖြင့် အကျွန်ုပ်၏ စိတ်နှလုံး ကြေကွဲလျက် ရှိပါ၏၊၊
၂၁ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍ အကျိန်ခံရသော သူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏၊၊
၂၂ အကျွန်ုပ်သည်သက်သေ ခံတော်မူချက် တို့ကို စောင့်ပါသည်ဖြစ်၍ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ၊၊
၂၃ မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။
၂၄ သက်သေခံတော် မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏၊၊
၂၅ အကျွန်ုပ်အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ၊၊
၂၆ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကို ဘော်ပြ၍ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
၂၇ ပေးတော်မူသော သြဝါဒလမ်းကို အကျွန်ုပ်နားလည် စေတော်မူပါ၊၊ သို့ပြုလျှင်  အံ့ဘွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်၊၊
၂၈ အကျွန်ုပ်ဝမ်းနည်းခြင်း အားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊
၃၀ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊
၃၁ သက်သေခံတော် မူချက်တို့၌ မှီဝဲပါပြီ၊၊ အို ထာဝရဘုရား အရှက်ကွဲစေတော်မမူပါနှင့်၊၊
၃၂ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော် မူသည်ဖြစ်၍ ပညတ်တော်လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇ အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်ုပ် သည် နှုတ်ကပတ် တ်ာကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိပါလိမ်မည်၊၊
၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်၊၊
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်၊၊
၄၅ ပေးတော်မူသော သြဝါဒများကို အကျွန်ုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏၊၊
၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၄၇ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်၊၊
၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။
၄၉ အကျွန်ုပ် မြော်လင့်စရာအကြောင်း ကိုယ်တော်၏ ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ၊၊
၅၀ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲကို ခံရစဉ်တွင် ထိုနှုတ်ကပတ် တော်သည် အကျွန်ုပ်သက်သာစရာအကြောင်းဖြစ်ပါ၏၊၊
၅၁ မာနကြီးသော သူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော် လည်း ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ်မရှောင်ပါ၊၊
၅၂ အိုထာဝရဘုရား ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏၊၊
၅၃ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့် အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏၊၊
၅၄ အကျွန်ုပ်ဧည့်သည်နေရာအိမ်တွင် အထုံးအဖွဲ့တော် တို့သည် အကျွန်ုပ်သီချင်းဆိုရာ အကြောင်းဖြစ်၏၊၊
၅၅ အိုထာဝရဘုရား ညဥ့်အချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကို စောင့်ပါ၏၊၊
၅၆ ပေးတော်မူသော သြဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
၅၇ အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ ဖြစ်တော်မူ၏၊၊ နှုတ်ကပတ်စကားတော်တို့ ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ၊၊
၅၈ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့တောင်းပန်ပါ၏၊၊ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ၊၊
၅၉ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သော အခါ သက်သေခံတော်မူချက်တို့သို့ လှည့်၍ လိုက်ပါ၏၊၊
၆၀ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွဲ့ အလျင်အမြန်ပြု ပါ၏၊
၆၁ မတရားသောသူအစည်းအဝေးတို့သည် အကျွန်ုပ်ကို ဝိုင်းကြသော်လည်း အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ၊
၆၂ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍ ၊ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊သန်းခေါင်အချိန်၌ အကျွန်ုပ်ထတက်ပါသည်။
၆၃ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူရှိသမျှ  တို့နှင့် အကျွန်ုပ် ပေါင်းဘော်တတ်ပါ၏။
၆၄ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၅ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း  ကိုယ်တော်၏ ကျွန်၌ ကျေးဇူးပြုတော်မူ၏။
၆၆ ပညတ်တော် တို့ကို အကျွန်ုပ် ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
၆၇ အကျွန်ုပ် သည်  ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
၆၈ ကိုယ်တော်သည်  ကောင်းသောသဘော  ကျေးဇူးပြုတက်သောသဘော ရှိတော်မူ၏။အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၉ မာနကြီးသော  သူတို့သည် အကျွန်ုပ်တဘက် ၌မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။
၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့   ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
၇၁ အထုံးအ ဖွဲ့တော်တို့ကို  သွန်သင်စေခြင်းငှာ၊ အကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။
၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊အသောင်း ထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။
၇၄ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သောကြောင့်၊  ကိုယ်တော်ကို  ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါ လိမ့်မည်။
၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အကျွန်ုပ်သိပါသည်။
၇၆ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက် အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကိုချမ်းသာပေးပါ စေသောဟု ဆုတောင်းပါ၏။
၇၇ ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက် တော်မူခြင်းသည် သက်ရောက်ပါစေသော။
၇၈ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင် အောက်မေ့ပါသည်။
၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော၊၊
၈၁ အကျွန်ုပ်ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို  တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။
၈၂ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူ မည်နည်း ဟူ၍၊ အကျွန်ုပ် မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
၈၃ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။  သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက် ကာလအဘယ်မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ်ကိုညှင်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို  လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။
၈၆ အလုံးစုံးသော ပညတ်တော်တို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊မစတော်မူပါ။
၈၇ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ် ကသုတ်သင် ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ် မစွန့်ပါ။
၈၈ ဂရုဏာ တော်ရှိသည့်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက်  ဗျာဒိတ်တော်ကို စောင့်ပါမည်။
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏  ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏  ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏၊၊
၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့်  အကျွန်ုပ် သည် ဥာဏ်တိုးပွား၍ မိစ္ဆြွာလမ်းရှိသမျှ တို့ကို မုန်းပါ၏၊၊
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
၁၀၆ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု  အကျွန်ုပ်ကျိန်ဆိုသည်အတိုင်း ပြုပါမည်၊၊
၁၀၇ အိုထာဝရဘုရား အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်စေတော်မူပါ၊၊
၁၀၈ အိုထာဝရဘုရား အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော် မူချက်တို့ကိုလည်း အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏၊၊
၁၀၉ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊  သို့သော်လည်း    တရားတော်ကို မမေ့မလျော့ပါ၊၊
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့ သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊
၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ်နှလုံး ရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံယူပါ၏၊၊
၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
၁၁၃ အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကိုနှစ်သက်ပါ၏။
၁၁၄ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊  နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊
၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊
၁၁၆ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ်မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
၁၁၇ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော် မူ၏။သူတို့ပရိယာယ်သည် မုသာ ဖြစ်ပါ၏။
၁၁၉ မတရားသော မြေသားအပေါင်းတို့ကိုချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
၁၂၁ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာစီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်၊၊
၁၂၂ ကိုယ်တော်၏ ကျွန်အဖို့ငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊
၁၂၃ ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊
၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊
၁၂၅ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံ တော်မူချက် တို့ကို  နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၂၆ အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
၁၂၇ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊
၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ် လျက် မိစ္ဆြွာလမ်း ရှိသမျှ တို့ကို မုန်းပါ၏၊
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
၁၃၁ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:45-48);

၄၅ ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊
၄၆ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌လာသော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီ တကားဟု မိန့်တော်မူ၏။
၄၇ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊
၄၈ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။


Thursday, 17 November 2016

17-NOV-2016 (READING ORD33 -YC-C2)

Thu the 17th:    Memorial of Elizabeth of Hungary, religious.
Rev 5:1-10; Ps 149:1-9; Ps 95:8; Luke 19:41-44

ဗျာဒိတ်ကျမ်း အခန်းကြီး ၅( Rev 5:1-10);

၁ ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။
၂ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက်သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။
၃ ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင် ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည်များစွာ ငိုကြွေးလေ၏။
၎ ထိုအခါ အသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊
၅ တံဆိပ်ခုနှစ်ချက် တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။
၆ ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သောဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
၇ သူသည် လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
၈ ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော  မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော  ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီး ကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊
၉ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်း တို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၉ (Ps 149:1-9);


၁ ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်းကို ဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့၊၊
၂ ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသောဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ၊၊ ဇိအုန် သားတို့သည် မိမိရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ၊၊
၃ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ၊၊ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာသီချင်းဆိုကြစေ၊၊
၎ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏၊၊ စိတ်နှိမ့်ချသော သူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏၊၊
၅ သန့်ရှင်း သောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ၊၊ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ၊၊
၆ တပါး အမျိုးသားတို့တွင် တရားအတိုင်းအပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏  ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍ ၊ မူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အားပြုခြင်း ငှါ ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ၊ ထာဝရဘုရား၏ သန့်ရှင်းသောသူအပေါင်းတို့သည် ထိုသို့သော ဘုန်းနှင့်ဆိုင်ကြ၏၊၊ ဟာလေလုယ၊၊

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:41-44);

၄၁ ယေရုရှလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျှက် ငိုကြွေးတော်မူ၍၊
၄၂ အချင်းမြို့၊ သင်၏ငြိမ် သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာ တို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။
၄၃ အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ မမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
၄၄ သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလ သည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၄၅ ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊
၄၆ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌လာသော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီ တကားဟု မိန့်တော်မူ၏။


Wednesday, 16 November 2016

16-NOV-2016 (READING ORD33 -YC-C2)

Wed the 16th:    Optional memorial of Margaret of Scotland.
Optional memorial of Gertrude, virgin.
Rev 4:1-11; Ps 150:1-6; John 15:16; Luke 19:11-28

ဗျာဒိတ်ကျမ်း အခန်းကြီး ၄ (Rev 4:1-11);

၁ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြော လျက်ရှိသော တံပိုးခရာသံ ကဲ့သို့မြည်လေ၏။
၂ ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူ လည်းရှိ၏။
၃ ထိုသူ၏အဆင်း အရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊ မြကျောက်အဆင်း အရောင်နှင့်တူသော သက်တံ့ရှိ၏။
၎ ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင်နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် ထိုင်နေကြ၏။
၅ ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနှစ်ပါးတည်းဟူသော မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။
၆ ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့်တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့်တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။
၇ ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိ သော ရွှေလင်းတနှင့်တူ၏။
၈ ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ ဟု နေ့ညဥ့်မပြတ်ငြိမ်၍မနေဘဲ ပြောဆိုကြ၏။
၉ ပလ္လင်ပေါ်မှာထိုင်၍၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုကိုးကွယ်လျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာ တို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုး တော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။





ဆာလံကျမ်း အခန်းကြီး ၁၅၀ (Ps 150:1-6);

၁ သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ ဘုန်းတော်ထင်ရှားသော ကောင်းကင်မျက်နှာ ကြက်ပေါ်မှာ ချီးမွမ်းကြလော့၊၊
၂ ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ အလွန် တရာ ကြီးမြတ်တော်မူခြင်းရှိသည်အတိုင်း၊ ချီးမွမ်းကြလော့၊၊
၃ တံပိုးမှုတ်ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့၊၊ တယောနှင့်စောင်းကိုတီးလျက် ချီးမွမ်းကြလော့၊၊
၎ ပတ်သာတီးလျက်၊ ကခုန်လျက် နှင့် ချီးမွမ်းကြလော့၊၊ ကြိုးနှင့်ပြည့်စုံ သော တုရိယာကို တီးလျက် နှဲခရာကို မှုတ်လျက် ချီးမွမ်းကြလော့၊
၅ အသံကျယ်သော သံလွင်ကို တီးလျက် ချီးမွမ်း ကြလော့၊၊ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့၊၊
၆ အသက်ရှိသောသူအပေါင်း တို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ၊၊ ဟာလေလုယ၊၊ ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ် အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:16);

၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:11-28);

၁၁ ထိုအခါ ယေရှုရှလင်မြို့အနီးသို့ရောက်တော်မူ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ထပ်၍ မိန့်တော်မူသော ဥပမာကား၊
၁၂ အမတ်တယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။
၁၃ မသွားမှီ မိမိငယ်သား တကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍မလာ မှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထားလေ၏။
၁၄ ပြည်သားအချို့တို့သည် ထိုအမတ် ကိုမနာလို၍၊ ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကိုသူ့နောက်သို့ စေလွှတ်ကြ၏။
၁၅ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီးအဘယ်မျှလောက် အမြတ်ရသည်ကိုသိခြင်းငှါ၊ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
၁၆ ပထမသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊
၁၇ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။
၁၈ ဒုတိယသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသောငွေတပိဿာအားဖြင့် ငါးပိဿာ အမြတ်ရပါပြီဟု လျှောက်လျှင်၊
၁၉ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။
၂၀ အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ ထုတ်ထားသောကိုယ်တော်၏ငွေ တပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊
၂၁ ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်တတ် သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကိုကြောက်ပါသည်ဟု လျှောက်လျှင်၊
၂၂ သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏စကားကိုသာလိုက်၍ သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြင်လျက် ကိုယ်မသိုမထား သော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊
၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုး ကိုရနိုင်သည်ဟု မိန့်တော်မူ ပြီးသော်၊
၂၄ အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။
၂၅ အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ ဟုလျှောက်ကြလျှင်၊
၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
၂၇ ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသောငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
၂၈ ထိုသို့မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ခရီး သွားတော်မူ၏။



Tuesday, 15 November 2016

15-NOV-2016 (READING ORD33 -YC-C2)

Tue the 15th:    Optional memorial of Albert the Great, bishop and doctor.
Rev 3:1-22; Ps 15:1-5; 1 John 4:10; Luke 19:1-10

ဗျာဒိတ်ကျမ်း အခန်းကြီး ၃( Rev 3:1-22);

၁ သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက် ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။
၂ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍သေလုသော အရာတို့ကို ပြုစုလော့။ သင်၏ အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကိုငါတွေ့ပြီး။
၃ ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည် အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့သင်ရှိသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။
၎ သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေ သောသူနည်းနည်း ရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သော သူဖြစ်၍၊ အဖြူဝတ်လျက်ငါနှင့် အတူသွားလာကြလိမ့် မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကိုဝတ်ဆင်လိမ့်မည်။
၅ ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။
၆ိဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
၇ ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန် သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင်ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား၊
၈ သင်၏ အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အား ရှိသည်နှင့်၊ ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။
၉ ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူဖြစ်ယောင် ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကိုပြောသောသူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှါ၎င်း ငါပြုမည်။
၁၀ သင်သည်ငါ၏ သည်းခံခြင်းနှင့်စပ်ဆိုင် သော နှုတ်ကပတ် တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သောစုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။
၁၁ ငါသည်အလျင် အမြန်လာမည်။ သင်၏သရဖူကို အဘယ်သူမျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာကိုစွဲကိုင်လော့။
၁၂ အကြင်သူ သည် အောင်မြင်၏၊ ထိုသူကိုငါသည်ငါ၏ဘုရားသခင့် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင့်နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်း ဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ငါသည် အက္ခရာတင်မည်။
၁၃ ၀ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
၁၄ လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျ သတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊
၁၅ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ၏။
၁၆ ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။
၁၇ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်း စည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။
၁၈ သင်သည် ဥစ္စာရတတ် ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။
၁၉ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။
၂၀ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။
၂၁ ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။
၂၂ ၀ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၅ (Ps 15:1-5);

၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊


ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 John 4:10);

၁၀ ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉(Luke 19:1-10 );

၁ ယေရှုသည် ယေရိခေါမြို့သို့ဝင်၍ ရှောက်သွားတော်မူ၏။
၂ ထိုအခါ ဇက္ခဲ အမည်ရှိသောအခွန်ခေါင်း တယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။
၃ ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍မမြင်နိုင်။
၎ ထိုကြောင့် ကြွတော်မူမည့် လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကိုမြင်အံ့သောငှါ သဖန်းပင်တပင်ကိုတက်လေ၏။
၅ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊
၆ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိ အိမ်၌ဧည့်ခံလေ၏။
၇ ထိုအကြောင်းကို လူအပေါင်း တို့သည်မြင် လျှင်၊ ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့ပြစ်တင်ကြ၏။
၈ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏ဟု သခင်ဘုရားကိုလျှောက်ဆို၏။
၉ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။
၁၀ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။




Monday, 14 November 2016

14-NOV-2016 (READING ORD33 -YC-C2)

Mon the 14th: Rev 1:1-4, 2:1-5; Ps 1:1-6; John 8:12; Luke 18:35-43

ဗျာဒိတ်ကျမ်း အခန်းကြီး ၁ ( Rev 1:1-4, 2:1-5);

၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၂ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။
၃ ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကား ကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
၎ ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံက၎င်း၊
၁ ဧဖက်မြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ လက်ျာလက်၌ ကြယ်ခုနစ်လုံးကို ကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့် ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။
၂ သင်သည်မတရားသော သူတို့ကိုလက် မခံနိုင်ကြောင်းကို၎င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကိုစစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကို၎င်း၊
၃ ခန္တီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ ကြောင်းကို၎င်းငါသိ၏။
၎ သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။
၅ ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသောအကျင့်ကို ကျင့်လော့။ သို့မဟုတ်သင်ရှိရာ သို့ငါသည်အလျင် အမြန်လာ မည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှ ရွေ့မည်။


 ဆာလံကျမ်း အခန်းကြီး ၁(Ps 1:1-6);

၁ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊
၂ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊
၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
၎ မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊
၅ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊
၆ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈ (Luke 18:35-43);

၃၅ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။
၃၆ ထိုလူကန်းသည် လမ်း၌ လူများသွားသံကိုကြားလျှင် အဘယ်သို့ဖြစ်သနည်းဟု မေး၏။
၃၇ နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊
၃၈ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
၃၉ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌သွား သောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေ၏။
၄၀ ယေရှု သည်လည်း ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
၄၁ သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊
၄၂ ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။
၄၃ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ ဂုတ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့သြချီးမွမ်းကြ၏။



Sunday, 13 November 2016

13-NOV-2016 (READING ORD33 -YC-C2)

Sun the 13th: Psalter I, Ordinary Time Week 33.
(Memorial of Frances Xavier Cabrini, virgin (Americas).)
Mal 3:19-20; Ps 98:5-9; 2 Thess 3:7-12; Luke 21:28; Luke 21:5-19

မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၄ (Mal 4:1-2);

၁ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂ ငါ၏ နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော် မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်သကဲ့သို့ ခုန်ကြလိမ့်မည်။ ထိုသို့ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ခြေဘဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု

ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:5-9);

၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာ သည်အသံဗလံကို ပြုစေ၊၊ လောကဓါတ်နှင့် လောကသားတို့သည် ထိုနည်းတူ
၈ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ၊၊
၉ အကြောင်းမူကား မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။  လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကိုဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ခြင်းဆုံး ဖြတ်တော်မူလတံ့၊၊



သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Thess 3:7-12);

၇ အကြောင်းမူကား၊ ငါတို့ပေးသောပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာပြုကြသည်မဟုတ်။
၈ အဘယ်သူ၏အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဥ့် မပြတ်လုပ်ဆောင်ကြ၏။
၉ ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ်စေခြင်းငှါ ပြုကြ၏။
၁၀ အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူ ရှိစဉ်အခါ၊ အလုပ်မလုပ်ချင်သော သူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။
၁၁ မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူအချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။
၁၂ ထိုသို့ သောသူတို့သည် ငြိမ်ဝပ်စွာလုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ် အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်းသွေးဆောင်ကြ၏။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:5-19);

၅ လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊
၆ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၇ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလ လည်းရောက်လာပြီဟု ဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
၁၂ ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှင်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့် မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။
၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသော အခွင့်ရှိကြလိမ့်မည်။
၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွကမဆင်ခြင်ခြင်းငှါ သတိထားကြလော့။
၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။
၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။
၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။
၁၈ သို့သော် လည်း သင်တို့ဆံခြည်တပင်မျှ မပျက်ဆီးရ။
၁၉ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်း သို့ရောက် ကြလော့။




Saturday, 12 November 2016

12-NOV-2016 (READING ORD32 -YC-C2)

Sat the 12th:    Memorial of Josaphat, bishop and martyr.
3 John 5-8; Ps 112:1-6; 2 Thess 2:14; Luke 18:1-8

ရှင်ယောဟန်သြဝါဒစာတတိယစောင် အခန်းကြီး ၁ (3 John 5-8);

၅ အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီပြုတတ်၏။
၆ ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကိုအသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့် အညီပို့လိုက် ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။
၇ အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပ လူတို့တွင် အလှူမခံဘဲသွားကြ၏။ ၈ ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှါ၊ ထိုသို့သော သူတို့အား ဧည့်သည်ဝတ်ကိုပြုအပ်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-6);

၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော  သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈(Luke 18:1-8);

၁ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။
၃ ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက် အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊
၎ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သောသူဖြစ်သော်လည်း၊
၅ ဤမုတ်ဆိုးမ သည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည် ဟု စိတ်ထဲ၌အကြံရှိ၏။
၆ မတရားသော ထိုတရားသူကြီး၏အကြံကို မှတ်ကြလော့။
၇ ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။
၈ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။




Friday, 11 November 2016

11-NOV-2016 (READING ORD32 -YC-C2)

Fri the 11th:    Memorial of Martin of Tours, bishop.
2 John 4-9; Ps 119:1-18; Luke 21:28; Luke 17:26-37

ရှင်ယောဟန်သြဝါဒစာဒုတိယစောင် အခန်းကြီး ၁ ( 2 John 4-9);

၎ ငါတို့သည် ခမည်းတော်ဘုရားထံ၌ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီး အချို့တို့သည် သမ္မာတရား၌ကျင်လည်၍ နေသည်ကိုငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်းရှိ၏။
၅ ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြ ကုန်အံ့ဟု ငါတောင်းပန်ပါ၏။
၆ ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း ရှေ့ဦးစွာကပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သောသဘောရှိ၏။
၇ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုငြင်းပယ်လျက် လှည့်ဖြားသောသူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
၈ ငါတို့သည် ကိုယ်ပြုစု သောအရာမပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု၍ စောင့်ရှောက်ကြလော့။
၉ ခရစ်တော်၏ ဒေသနာ၌မတည်ဘဲ လွန်ကျူးသောသူမည် သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌တည်သောသူသည်ခမည်းတော်နှင့် သားတော်ကို သိ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:1-18);

၁ ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၂ သက်သေခံတော် မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၃ ထိုသူတို့သည် ဒုစရိုက် ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊
၎ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် သြဝါ ဒ ပေးတော်မူပြီ၊၊
၅ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့် ပါစေသော၊
၆ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊
၇ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျင့်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
၈ ကိုယ်တော်၏ အထုံးအဖွဲ့များကို  စောင့်ပါမည်၊၊  အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်၊၊
၉ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊
၁၀ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊
၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊
၁၂ အို ထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊
၁၃ စီရင် တော်မူရာ နှုတ်တော်ထွက်အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊
၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊
၁၅ ပေးတော်မူသော သြဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊
၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
၁၇ ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော် မူပါ၊၊
၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

 ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:26-37);

၂၆ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
၂၇ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်နေ့တိုင်အောင် လူများတို့သည် စားသောက် လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း ဝယ်လျက်၊  စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊
၂၉ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်း တို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
၃၀ လူသား ပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
၃၁ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိအိမ်ထဲမှာရှိသော ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
၃၂ လောတ၏မယားကို အောက်မေ့ကြလော့။
၃၃ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။
၃၄ ငါဆိုသည်ကား၊ ထိုနေ့ညဥ့်တွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
၃၅ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
၃၆ လယ်၌ရှိသောသူနှစ်ယောက် တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
၃၇ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။



Thursday, 10 November 2016

10-NOV-2016 (READING ORD32 -YC-C2)

Thu the 10th:    Memorial of Leo the Great, pope and doctor.
Phlm 7-20; Ps 146:7-10; John 15:5; Luke 17:20-25

ဖီလေမွန်( ၇-၂၀)း

၇။  ချစ်သောညီ တော် သင်၏ချစ်မေတ္တာသည် ငါ့အားကြီးမားသော ပျော်ရွှင်မှုကိုပေး၍ များစွာ အားတတ်စေ၏။ သင် သည် ဘုရားသခင်၏လူမျိုးတော်အပေါင်းတို့ စိတ် နှလုံးကို ရွှင်လန်း စေလေပြီ။
၈။ ဤအကြောင်းကြောင့် ငါသည်ခရစ်တော်၌ ညီအစ် ကိုချင်းအနေဖြင့်ြုပသင့်ြုပထိုက်သည့် အမှုအရာကိုြုပရန် အမိန့် ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော် လည်းငါသည် သင့်ကို ချစ်သောကြောင့် သင့်အား  မေတ္တာရပ်ခံပါ၏။
၉။ ခရစ်တော်ယေဇူး၏သံတမန်ဖြစ်  သူ၊ ယခုအခါ ခရစ်တော်ယေဇူးအတွက် အကျဉ်းခံ နေရသူငါပေါလုသည် သင့်အားမေတ္တာရပ်ခံပါ၏။
၁၀။ ငါအကျဉ်းခံလျက်နေရစဉ်အခါ၌ ခရစ်တော်၌ငါ၏ သားဖြစ်လာရသူအိုနက်စီမုအတွက်ငါတောင်းပန်ပါ
၁၁။ ၏။သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့သော် လည်း၊ယခုအခါသင့်အတွက်နှင့်ငါ့အတွက်ပါအသုံး ဝင်လာလေပြီ။
၁၂။  ငါသည်သူ့ကို သင့်ထံသို့ ပြန်၍ စေလွှတ်လိုက်သောအခါ ငါ၏စိတ်နှလုံးကိုလည်းအ
၁၃။ တူ လိုက်ပါစေပါပြီ။ ငါသည် သတင်းကောင်းကို ဟောပြောကြေညာခြင်းကြောင့်အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စား ငါ့ကိုကူညီရန်သူ့ကို ခေါ်ထားလိုပါသည်။
၁၄။ သို့ရာတွင်သင်၏သဘောတူညီချက်မရရှိဘဲ အဘယ်အမှုကိုမျှငါမြုပလိုပါ။ငါ့ကို ကူညီမစစေရန်သင့်အားငါအနိုင်အထက်မြုပလိုပါ။သင်၏စေတနာအလျောက်သာလျှင်မစစေလိုပါ၏။
၁၅။ အိုနက်စီမုသည်သင်နှင့်အစဉ်နေထိုင်နိုင်ရန်အတွက် သင်နှင့်ခေတ္တမျှခွဲခွါရခြင်းဖြစ်တန်ရာ၏။
၁၆။ ယခုအခါသူသည် ကျွန်မျှသာ မဟုတ်တော့ဘဲ ခရစ်တော်၌ ချစ်သောညီတော် ဖြစ်လာပေပြီ။သူသည်ငါ့အတွက် အလွန်တန်ဖိုးရှိပေသည်။သို့ရာတွင်သင့်အတွက်မှာမူ ကျွန်အဖြစ်နှင့်လည်းကောင်း၊ သခင်ဘုရား၌ ညီ တော်အနေနှင့်လည်းကောင်းများစွာ ပို၍ပင်တန်ဖိုးရှိပေမည်။
၁၇။ သို့ဖြစ်၍သင်သည်ငါ၏လုပ်ဆောင်ဘက်ဟု မှတ်ယူလျှင် ငါ့အား ကြိုဆိုလက်ခံသကဲ့သို့  သူ့
၁၈။ အား ကြိုဆို လက်ခံပါလော့။ အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာ ပြစ်မှား မိခဲ့သော်လည်း ကောင်း၊ တစ်စုံတစ်ရာပေးဆပ်စရာရှိခဲ့သော်လည်း  ကောင်း ငါ တာဝန် ယူပါမည်။
၁၉။ ငါပေါလုသည် ထိုအြွေကးကို ပေးဆပ်ပါ မည်ဟူ၍ ငါကိုယ်တိုင် လက်မှတ်ရေးထိုးပါ၏။ သင့်ကိုယ်တိုင်ပင်လျှင်သင် ၏ဘဝသစ်အတွက် ငါ့အား ပေးဆပ်စရာရှိကြောင်း ဖော်ပြရန်မလိုပါ။
၂၀။  သို့ဖြစ်၍ ငါ့ညီ၊ သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ ငါ့အားကျေးဇူြးုပပါလော့၊ ခရစ်တော်၌ညီအစ်ကိုအနေဖြင့် ငါ့အားစိတ်ရွှင်လန်းစေပါလော့။


ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:7-10);

၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:5);

၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:20-25);

၂၀ ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။
၂၁ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။
၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏ နေ့ရက်တရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့် မည်။
၂၃ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။
၂၄ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
၂၅ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုင်း ခံရမည်။