Sunday, 6 November 2016

6-NOV-2016 (READING ORD32 -YC-C2)

Sun the 6th: Psalter IV, Ordinary Time Week 32.
2 Macc 7:1-14; Ps 17:1-15; 2 Thess 2:16-3:5; Rev 1:5-6; Luke 20:27-38

မက္ကဘေဦးသမိုင်း (ဒုတိယစောင်) အခန်းကြီး (၇) ( ၂ ခြေခ ၇ါ်၁-၁၄)း

၁။ ညီအစ်ကိုခုနစ်ဦးတို့သည် မိမိတို့၏ မိခင်နှင့်အတူ ဖမ်းဆီးခြင်းခံရ၍ ပညတ်ဥပဒေတော်နှင့် မကိုက်ညီ သော ဝက်သားကိုစားရန် ဘုရင်က အတင်းအဓမ္မ တိုက်တွန်းလျက်ကြာပွတ်များ၊ ကြိုးများနှင့် ရိုက်နှက်
၂။ နှိပ်စက်စေ၏။ သူတို့တွင် တစ်ယောက်က အားလုံး ကိုယ်စားပြောဆိုသည်ကား သင်တို့သည် ငါတို့ထံမှ မည်သည့် အရာကို မေးမြန်း လိုကြသနည်း။ အကြောင်းမူကား ငါတို့သည် ဘိုးဘေးတို့၏ ဥပဒေ များကို ချိုးဖောက်သည်ထက် အသေခံကြရန် အဆင်သင့်ရှိကြ၏ဟုဆိုလေ၏။
၃။  ဘုရင်သည် အလွန်ဒေါသ ထွက်၍  ဒယ်အိုးကြီးများ  နှင့် ရေနွေးအိုးကြီးများကို မီးပေါ်တွင် အပူပေးရနအမိန့်ပေးလေ၏။
၎။ သူတို့သည် အမိန့်အတိုင်းချက်ချင်ြးုပလုပ်ကြ၏။ညီအစ်ကိုတို့ထဲမှကိုယ်စားစကားပြောသူ၏လျှာကိုဖြတ်၍သူ၏အရေခွံကို ဦးခေါင်းမှစတင်ဆုတ်ခွာပြီး၊သူ၏လက်များခြေ များဖြတ်တောက်နေသည်ကိုသူ့မိခင်နှင့်ညီအစ်ကိုများကိုကြည့်နေစေရန်ဘုရင်ကအမိန့်ပေးလေ၏။
၅။ ထိုသူသည် ဖြတ်တောက်ထားသည့် ဒဏ်ရာများနှင့် မလှုပ်မယှက်နိုင်သော အခြေအနေသို့ ရောက်သော အခါ ဘုရင်သည် သူ့ကိုမီးဖိုသို့ ယူဆောင်လာပြီး၊ အရှင်လတ်လတ်ဒယ်အိုးတွင်ကြော်ရန်အမိန့်ပေး၏။ဒယ်အိုးမှအခိုးအငွေ့တို့သည်နေရာအနှံ့ပျံ့နေခိုက် ညီ အစ်ကိုများနှင့် သူတို့၏မိခင်သည်ဂုဏ်သိက္ခာရှိစွာအ သေခံကြရန်တစ်ဦးကိုတစ်ဦးအချင်းချင်းအားပေးနှစ်သိမ့်ကြလျက်ပြောဆိုကြသည်မှာ။
၆။ ဘုရားသခင်သည် ငါတို့အပေါ်မှာကြည့်ရှုလျက်ရှိတော်မူသည်။အမှန်စင်စစ် ငါတို့အပေါ်မှာ သနားကရုဏာသက်တော်မူ၏။ မိုးဇက်သည်ဘုရားသခင်ကိုဆန့်ကျင်သူများအားပြစ်တင်ရှုတ်ချသီဆိုသည့် သီချင်းတွင်ရှင်းလင်းစွာသက် သေခံသည်မှာ ကိုယ်တော်သည် မိမိအစေခံတို့အပေါ် မှာ သနားကြင်နာတော်မူ၏ဟု ဆို၏။
၇။  ဤနည်းဖြင့် ပထမအစ်ကိုသည်သေဆုံးသွားသောအခါသူတို့သည်ဒုတိယတစ်ဦးကို ရက်စက်စွာ ညှင်းပန်းနှိပ်စက်ရန် ခေါ်ဆောင် သွားကြ၏။ သူတို့သည် သူ၏ဦးခေါင်း အရေခွံကို ဆံပင်များနှင့်အတူတကွဆွဲဆုတ်ကြလျက် သူ့ကို မေးမြန်းကြသည်မှာ သင်၏ ခန္ဓာကိုယ်ကို အရိုးတစ်ချောင်းစီဖြစ်အောင် အနာခံမည်ထက် ဝက် သားကိုစားမည်လော့ဟုဆိုကြ၏။
၈။ သူကလည်းငါလုံးဝ စားမည်မဟုတ်ဟု သူ့ဘိုးဘေးများ၏ ဘာသာစကား ဖြင့် ပြန်ဖြေလေ၏။ ထို့ကြောင့် သူသည်လည်းသူ၏ အစ်ကိုကဲ့သို့ရက်စက်စွာညှင်းဆဲခြင်းကိုခံရလေ၏။
၉။ သူသည်အသက်မထွက်မြီွေကးကြော်သည်ကား ကျိန် ဆိုခြင်းခံရသော အသင်လူသတ်သမားတို့၊ သင်တို့ သည် ငါတို့ကို ဤဘဝမှ မောင်းထုတ်နိုင်ကြ၏။ သို့သော် စကြဝဠာကို အုပ်စိုးတော်မူသောဘုရင်သည် ငါတို့ကိုထာဝရအသက်၌ပြန်လည်ထမြောက်စေလိမ့်မည်။ အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏ ဥပဒေများအတွက် အသေခံကြသောကြောင့် ဖြစ်၏။
၁၀။ ထို့နောက်မှ တတိယသားသည်လည်း သူတို့နှိပ်စက် ညှဉ်းပန်းခြင်း၏ သားကောင်ဖြစ်ရရှာ၏။ သူတို့ စေ ခိုင်းကြသည့်အတိုင်း သူသည်လျှာကိုထုတ်၍ မိမိ၏ လျှာကို ရဲဝံ့စွာ ဆန့်တန်းပေးလေ၏။
၁၁။  ထို့နောက် ဂုဏ်ယူ အားရဖွယ် စကားကိုဆိုသည်ကား ငါသည် ဤကိုယ်အင်္ဂါများကိုကောင်းကင်မှရ၏။ ကိုယ်တော် ၏ဥပဒေများအတွက် ယင်းတို့ကို ငါစွန့်လွတ်မည်။ သို့သော် ゞင်းတို့ကို ကိုယ်တော်ထံမှ ပြန်လည်ရရှိရန် ငါ မျှော်လင့်သည်ဟု ဆိုလေ၏။
၁၂။ ထိုအခါ ဘုရင်နှင့် သူ့အနီးမှာရှိသော သူတို့သည် ဤလူငယ်၏ သတ္တိ ကြောင့် အလွန်အံ့အားသင့်ကြ၏။ အကြောင်းမူကား သူသည် နာကျင်ခြင်းဝေဒနာကိုမည်သို့မျှမမှုသကဲ့သို့ ဖြစ်၏။
၁၃။ ထိုသူသေဆုံးသောအခါ သူတို့သည် စတုတ္ထ သားကိုလည်းဤနည်းတူရက်စက်စွာနှိပ်စက်ညှင်းဆဲ ကြ၏။
၁၄။ သူသည်လည်း သေလုဆဲဆဲတွင် ဤသို့ ဆို၏။ ငါတို့သည် ဘုရားသခင်ပေးသော ရှင်ပြန်ထမြောက် ခြင်းကို ခံစားရမည်ဟု မျှော်လင့်ထားသောကြောင့် လူတို့လက်တွင် အသေခံရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် သင်တို့အတွက်မူကား ထာဝရအသက်သို့ ရှင်ပြန်ထမြောက်ခြင်း ရှိလိမ့်မည်မဟုတ်ဟု ပြောလေ၏။

ဆာလံကျမ်း အခန်းကြီး ၁၇(Ps 17:1-15);

၈-၉ အကျွန်ုပ်ကို ည‡င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊
၁ အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊
၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊
၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊
၎ လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊
၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
၇ ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊
၁၀ သူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊
၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊
၁၂ ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊
၁၃ အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊
၁၄ အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:16-3:5);

၁၆ ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်း အကြောင်းကိုင်း၊ ကျေးဇူးတော်အားဖြင့် ကောင်း သောမြော်လင့်ခြင်းအကြောင်းကိုင်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊
၁၇ သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှု အမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။
၁ ကြွင်သေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊
၂ အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သောသူတို့လက်မှ ငါတို့ကို ကယ်လွှတ်တော်မူမည်အကြောင်း၊ ငါတို့အဘို့ ဆုတောင်း ကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။
၃ သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ သင်တို့ကို မြဲမြံစေ၍၊ မကောင်း သောအမူအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
၎ ငါတို့ပညတ် သည်အတိုင်း သင်တို့သည် ယခု ကျင့်ကြ၏၊ နောက်၌လည်း ကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကိုအမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။
၅ ဘုရားသခင်ကို ချစ်စေခြင်းငှါ၎င်း၊ ခရစ်တော်၏နည်းတူ သည်းခံစေခြင်းငှါ၎င်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော် မူပါစေသော။

ဗျာဒိတ်ကျမ်း အခန်းကြီး ၁ (Rev 1:5-6);

၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။ အာမင်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၀ (Luke 20:27-38);

 ၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊
၂၈ အရှင်ဘုရား၊ မယားရှိသာသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
၂၉ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန် လေ၏။
၃၁ ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကိုမကျန်ရစ်စေဘဲသေကြ၏။
၃၂ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။
၃၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက် တို့သည် ထိုမိန်းမနှင့်စုံဘက်ကြပြီဟု လျှောက်ကြ၏။
၃၄ ယေရှုကလည်း၊ ယခုဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။
၃၅ နောင်ဘဝကို၎င်း၊ သေခြင်းမှထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရသောသူတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။
၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏ သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။
၃၇ ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ခေါ်ဝေါ် သောအခါ သေလွန် သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲပြီ။
၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။