Friday, 9 October 2026

October 9, 2026 Daily Readings Y-A/C-2 ORD-W27

 Fri the 9th: Gal 3:7-14; Ps 111:1-6; John 12:31-32; Luke 11:15-26

ဂလာတိသြဝါဒစာ အခန်းကြီး ၃ ( Gal 3:7-14);

၇ ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏ သားဖြစ်သည်ဟု အမှန်သိမှတ်ကြ လော့။ ၈ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည် ဟု ကျမ်းစာသည် မျှော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကိုခံကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်၏။ ၉ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သူတို့သည် ယုံကြည် သောအာဗြဟံနှင့် အတူ ကောင်းကြီးမင်္ဂလာကို ခံကြ၏။ ၁၀ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှ တို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ်တိကျမ်းစာ၌ပါသမျှသော စကားတို့ကိုအမြဲမကျင့်သော သူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။ ၁၁ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်။ ၁၂ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သော သူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။ ၁၃ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသော သူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရတ်တော်သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်း ကိုခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။ ၁၄ အကြောင်းမူကား၊ အာဗြဟံ ခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရတ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော် နှင့် ယှဉ်သော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံကြမည္အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-6);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။ ၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ ၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ ၄ အံ့ဘွယ္သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သေဘာ၊ သနားစုံမက်တတ်သောသေဘာနှင့် ပြည့်စုံတော်မူ၏။ ၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ ၆ အမှုတော်တို့၌ ရှိသော တန္ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမြေကို ပေးတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:31-32);

၃၁ ယခုတွင်ဤ လောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်း ကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:15-26);

၁၅ အချို့တို့က၊ ဤသူသည်နတ်ဆိုးမင်း ဗေလဇဗုလကိုအမှီ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၁၆ အချို့တို့သည်လည်း စုံစမ်းငှောင့်ရက်ခြင်းငှါ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၇ ထိုသူတို့၏ စိတ်ကိုသိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင်ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။ ၁၈ ငါသည် ဗေလဇဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။ ၁၉ ငါသည် ဗေလဇဗုလကို အမှီပြု၍နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမီွပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြလိမ့်မည်။ ၂၀ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ္သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လပေပြီ။ ၂၁ သူရဲသည် လက်နက်စုံနှင့်မိမိအိမ်ဦး၌ စောင့်နေစဉ် အခါသူ၏ ဥစ္စာသည် လုံခြုံစွာရှိ၏။ ၂၂ သူ့ထကျတတ်စွမ်းနိုင်သောသူသည် လာ၍ သူ႔ကိုအောင်ပြီးမှ၊ သူကိုးစားသောလက်နက် စုံကိုသိမ်းယူ၍ ဥစ္စာပရိက္ခာများကိုခွဲဝေလိမ့်မည်။ ၂၃ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်း သေသူသည် ကွဲဖြန့်သောသူဖြစ်၏။ ၂၄ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည္ထွက်ခဲ့သောနေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊ ၂၅ ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊ ၂၆ မိမိထက်သာ၍ ညစ်ညူးသာနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟုမိန့်တော်မူ၏။

Thursday, 8 October 2026

October 8, 2026 Daily Readings Y-A/C-2 ORD-W27

 Gal 3:1-5; Luke 1:69-75; Acts 16:14; Luke 11:5-13

ဂလာတိသြဝါဒစာ အခန်းကြီး ၃( Gal 3:1-5);

၁ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အေသခံတော်မူသော ယေရှုခရစ္တော်ကိုသင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကိုနားမထောင်စေခြင်းငှါ သင်တို့အားအဘယ်သူပြုစားသနည်း။ ၂ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကိုခံကြသလော။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်း အားဖြင့် ခံကြသလော ဟူသောအရရာတခုကိုသာသင်တို့၌ငါသိလို၏။ ၃ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။ ၄ ဤမျှလောက်သောဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီးသသက်ဖြစ်ရမည်လော။ ၅ ထိုမှတပါး ဝိညာဉ်တော်ကို သင်တို့အားပေး၍၊ သင်တို့၌ တန်ခိုးများကိုပြသောသူသည် ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်း တရားကိုနာခြင်း အားဖြင့်ပြသလော။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:69-75);

၆၈-၇၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်း သော မိမိသန့်ရှင်းသော ပေရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ္ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန္သူဘေး နှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ္ကို ရဲရင့်စွာ ပြုရသောအခွင့်ကို ပပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်းဂတိတော်တည်းဟူသော သန့်ရှင်းသော ပဋိိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန္သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။

တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);

၁၄ ထိုအခါ နီမောင်းသောအထည္အလိပ်ကို ရောင်းသော သွာတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:5-13);

၅ တဖန်မိန့်တော်မူ သည်ကား၊ သင်တို့တွင်တစုံ တယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင်၊ အဆွေ၊ ၆ အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာ မရှိသောကြောင့်မုန့်သုံးလုံးချေးငှါဟု ဆိုသော်၊ ၇ အိမ်ရှင်ကလည်း၊ ငါ့ကိုမငှောင့်ရက်နှင့်။ တံခါးပိတ် လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင် ဟု အိမ်ထဲကပြန် ပြောသည် အရာမှာ၊ ၈ ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲတောင်း၍ နေသောကြောင့်ထ၍လိုချင်သမျှကို ပေးလိမ့်မည်။ ၉ တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည္။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ ၁၀ တောင်းသောသူ မည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်းတံခါးကိုဖွင့်၏။ ၁၁ သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင်ငါးအစား၌ မြွေကိုပေးမည်လော။ ၁၂ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။ ၁၃ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်း သောအရာ ကို ပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။