Friday, 9 October 2026

October 9, 2026 Daily Readings Y-A/C-2 ORD-W27

 Fri the 9th: Gal 3:7-14; Ps 111:1-6; John 12:31-32; Luke 11:15-26

ဂလာတိသြဝါဒစာ အခန်းကြီး ၃ ( Gal 3:7-14);

၇ ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏ သားဖြစ်သည်ဟု အမှန်သိမှတ်ကြ လော့။ ၈ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည် ဟု ကျမ်းစာသည် မျှော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကိုခံကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်၏။ ၉ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သူတို့သည် ယုံကြည် သောအာဗြဟံနှင့် အတူ ကောင်းကြီးမင်္ဂလာကို ခံကြ၏။ ၁၀ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှ တို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ်တိကျမ်းစာ၌ပါသမျှသော စကားတို့ကိုအမြဲမကျင့်သော သူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။ ၁၁ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်။ ၁၂ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သော သူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။ ၁၃ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသော သူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရတ်တော်သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်း ကိုခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။ ၁၄ အကြောင်းမူကား၊ အာဗြဟံ ခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရတ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော် နှင့် ယှဉ်သော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံကြမည္အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-6);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။ ၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ ၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ ၄ အံ့ဘွယ္သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သေဘာ၊ သနားစုံမက်တတ်သောသေဘာနှင့် ပြည့်စုံတော်မူ၏။ ၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ ၆ အမှုတော်တို့၌ ရှိသော တန္ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမြေကို ပေးတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:31-32);

၃၁ ယခုတွင်ဤ လောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်း ကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:15-26);

၁၅ အချို့တို့က၊ ဤသူသည်နတ်ဆိုးမင်း ဗေလဇဗုလကိုအမှီ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၁၆ အချို့တို့သည်လည်း စုံစမ်းငှောင့်ရက်ခြင်းငှါ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၇ ထိုသူတို့၏ စိတ်ကိုသိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင်ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။ ၁၈ ငါသည် ဗေလဇဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။ ၁၉ ငါသည် ဗေလဇဗုလကို အမှီပြု၍နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမီွပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြလိမ့်မည်။ ၂၀ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ္သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လပေပြီ။ ၂၁ သူရဲသည် လက်နက်စုံနှင့်မိမိအိမ်ဦး၌ စောင့်နေစဉ် အခါသူ၏ ဥစ္စာသည် လုံခြုံစွာရှိ၏။ ၂၂ သူ့ထကျတတ်စွမ်းနိုင်သောသူသည် လာ၍ သူ႔ကိုအောင်ပြီးမှ၊ သူကိုးစားသောလက်နက် စုံကိုသိမ်းယူ၍ ဥစ္စာပရိက္ခာများကိုခွဲဝေလိမ့်မည်။ ၂၃ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်း သေသူသည် ကွဲဖြန့်သောသူဖြစ်၏။ ၂၄ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည္ထွက်ခဲ့သောနေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊ ၂၅ ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊ ၂၆ မိမိထက်သာ၍ ညစ်ညူးသာနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟုမိန့်တော်မူ၏။