Tue the 13th:Gal 5:1–6; Ps 119:41–48; Heb 4:12; Luke 11:37–41
ဂလာတိဩဝါဒစာ အခန်းကြီး ၅ (Gal 5:1-6);
၁ ထိုကြောင့်ခရစ်တော်သည်ငါတို့လွှတ်တော်မူသောလွှတ်ခြင်းအခြင့်၌ တည်နေသဖြင့်၊ ကျွန်းခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အေရဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့်အဘယ် အကျိုးကိုမျှ မရနိုင်ကြ။
၃ အေရဖျားလှီးခြင်းကိုခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကိုအကြွင်းမဲ့ ကျင့်အံ့ငှါ ကြွေးတင်သောသူဖြစ်၏။
၄ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့် ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွှေ့လျော့ကြပြီ။
၅ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟု မျှော်လင့် သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
၆ ယေရှုခရစ်ထံ၌ အေရဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:41-48);
၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်းုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်းုပ် သည် နှုတ်ကပတ် တာ္ကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိ္ပါလိမ့်မည်။
၄၃ စီရင် တော်မူချက်တို့ကို အကျွန်းုပ် မျှော်လင့်သည်ဖြစ်၍ အကျွန်းုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်။
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်။
၄၅ ပေးတော်မူသော ဩဝါဒများကို အကျွန်းုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏။
၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
၄၇ အကျွန်းုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွှေလျော်ပါမည်။
၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။
ဟေဗြဲဩဝါဒစာ အခန်းကြီး ၄ (Heb 4:12);
၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ္နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခြင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:37-41);
၃၇ ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရွဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော် ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။
၃၈ အစာကိုမစားမှီ ဆေးခြင်းကို ပြတော်မူမမူသည်ကို ထိုဖာရိရွဲ သည်မြင်လျှင် အံ့ဩလေ၏။
၃၉ သခင်ဘုရားကလည်း၊ ဖာရိရွဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ဆေး ကြောက်၏။ အတူ၌ကားလုယူခြင်း၊ ဆိုးညစ္ခြင်းနှင့် ပြည့်လျက်ရှိ၏။
၄၀ လူမိုက်တို့၊ အပြင်ကိုဖန္ဆင်း တော်မူသောသူသည် အတူကိုလည်းဖန္ဆင်းတော်မူသည် မဟုတ်ေလာ။
၄၁ သာ၍ကောင်းသော နည်းမူကား၊ တတ်နိုင်သမျှ အတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြ လော့။ သို့ပြုလျှင် ခပ်သိမ်းသောတရာတို့သည် သင်တို့အား သန့်ရှင်းကြလိမ့်မည်။