Sat the 11th: Gal 3:22-29; Ps 105:1-7; Luke 11:27-28
ဂလာတိသြဝါဒစာ အခန်းကြီး ၃ (Gal 3:22-29);
၂၂ ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ္ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဂတိတော်ကိုရမည္ အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြတ်၌ချုပ်ထား၏။ ၂၃ ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါ ငါတို့သည် နောက်၌ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထား လျက်ရှိကြ၏။ ၂၄ ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ္တော်ထံသို့ ငါတို့တို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ ၂၅ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။ ၂၆ အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ္ကို ယုံကြည်သဖြင့် ဘုရားသခင့် သားဖြစ်ကြ၏။ ၂၇ ခရစ္တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ္တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။ ၂၈ ယေရှုခရစ္၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွမ်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ၂၉ ခရစ္တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-7);
၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။ ၄ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။ ၅ စီရင်တော်မူသော အံ့သြဖွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်များနှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊ အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွံအာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:27-28);
၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊