Tuesday, 13 October 2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းများ — သာမန်ကာလ (၂၈) ပတ်၊ အင်္ဂါနေ့ • ဝတ်ပြုနှစ် C • ကျမ်းစာဖတ်ရှုခြင်းနှစ် II (Y-C/C-2)

 Tue the 13th:Gal 5:1–6; Ps 119:41–48; Heb 4:12; Luke 11:37–41

ဂလာတိဩဝါဒစာ အခန်းကြီး ၅ (Gal 5:1-6);

၁ ထိုကြောင့်ခရစ်တော်သည်ငါတို့လွှတ်တော်မူသောလွှတ်ခြင်းအခြင့်၌ တည်နေသဖြင့်၊ ကျွန်းခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အေရဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့်အဘယ် အကျိုးကိုမျှ မရနိုင်ကြ။

၃ အေရဖျားလှီးခြင်းကိုခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကိုအကြွင်းမဲ့ ကျင့်အံ့ငှါ ကြွေးတင်သောသူဖြစ်၏။

၄ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့် ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွှေ့လျော့ကြပြီ။

၅ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟု မျှော်လင့် သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။

၆ ယေရှုခရစ်ထံ၌ အေရဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:41-48);

၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်းုပ်၌ ရောက်ပါစေသော၊

၄၂ ထိုသို့အကျွန်းုပ် သည် နှုတ်ကပတ် တာ္ကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိ္ပါလိမ့်မည်။

၄၃ စီရင် တော်မူချက်တို့ကို အကျွန်းုပ် မျှော်လင့်သည်ဖြစ်၍ အကျွန်းုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်။

၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်။

၄၅ ပေးတော်မူသော ဩဝါဒများကို အကျွန်းုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏။

၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

၄၇ အကျွန်းုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွှေလျော်ပါမည်။

၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။

ဟေဗြဲဩဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ္နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခြင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:37-41);

၃၇ ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရွဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော် ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။

၃၈ အစာကိုမစားမှီ ဆေးခြင်းကို ပြတော်မူမမူသည်ကို ထိုဖာရိရွဲ သည်မြင်လျှင် အံ့ဩလေ၏။

၃၉ သခင်ဘုရားကလည်း၊ ဖာရိရွဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ဆေး ကြောက်၏။ အတူ၌ကားလုယူခြင်း၊ ဆိုးညစ္ခြင်းနှင့် ပြည့်လျက်ရှိ၏။

၄၀ လူမိုက်တို့၊ အပြင်ကိုဖန္ဆင်း တော်မူသောသူသည် အတူကိုလည်းဖန္ဆင်းတော်မူသည် မဟုတ်ေလာ။

၄၁ သာ၍ကောင်းသော နည်းမူကား၊ တတ်နိုင်သမျှ အတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြ လော့။ သို့ပြုလျှင် ခပ်သိမ်းသောတရာတို့သည် သင်တို့အား သန့်ရှင်းကြလိမ့်မည်။

Monday, 12 October 2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းများ — သာမန်ကာလ (၂၈) ပတ်၊ တနင်္လာနေ့ • ဝတ်ပြုနှစ် C • ကျမ်းစာဖတ်ရှုခြင်းနှစ် II (Y-C/C-2)

 Mon the 12th: Gal 4:22–5:1; Ps 113:1–7; Ps 95:8; Luke 11:29–32

ဂလာတိဩဝါဒစာ အခန်းကြီး ၄ (Gal 4:22-5:1);

၂၂ ပညတ်ကျမ်းစာ၌လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတစ်ယောက်ကား၊ ကျွန်မ၏သားဖြစ်၏ တစ်ယောက်ကား ကျွန်းမမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။

၂၃ ကျွန်းမ၏သားသည် ဇာတိပကတိ အားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်းမမဟုတ်သော မိန်းမ၏သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။

၂၄ ထိုအကြောင်း အရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရ အမည်ရှိသော မိန်းမတည်းဟူသောပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်းများကို ဘွားတတ်သောတရားဖြစ်၏။

၂၅ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏၊ မိမိသားများနှင့် တကြကျွန်းခံရ၏။

၂၆ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်းမမဟုတ်သောမိန်းမဖြစ်သတည်း။

၂၇ ကျမ်းစာလာသည်ကား၊ သားမဘွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ် လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင် ပြီဟုလာသတည်း။

၂၈ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာတ်ကဲ့သို့ ဂတိတော်နှင့် စပ်ဆိုင်သောသားဖြစ်ကြ၏။

၂၉ ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှဉ်းဆဲကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။

၃၀ သို့သော်လည်း အဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်းမနှင့် သူ၏သားကိုနှင်ထုတ်လော့။ ကျွန်းမ၏ သားသည်ကျွန်းမမဟုတ် သသောမိန်းမ၏ သားနှင့် အတူ အမွေမခံရဟုလာသတည်း။

၃၁ ယခုတွင် ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်းမ၏သားမဟုတ်၊ ကျွန်းမမဟုတ်သောမိန်းမ၏ သားဖြစ်ကြ၏။

၁ ထိုကြောင့်ခရစ်တော်သည်ငါတို့လွှတ်တော်မူသောလွှတ်ခြင်းအခြင့်၌ တည်နေသဖြင့်၊ ကျွန်းခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

ဆာလံကျမ်း အခန်းကြီး ၁၁၃ (Ps 113:1-7);

၁ ထာဝရဘုရား၏ ကျွန်းတော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမြှမ်းကြလော့၊ ချီးမြှမ်းကြလော့။

၂ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။

၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမြှမ်းဖွယ်ဖြစ်၏။

၄ ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏။

၅ ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း

၆ ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း။

၇ ဆင်းရဲသော သူကို မြေမှုန့် ထဲက ကြွလျက် ငတ်မွတ်သော သူကို နောက်ခြေးပုံထဲက မြှောက်လျက်

၈ မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏။

၉ မြုံသော မိန်းမသည် အိမ်၌နေ၍ ဝမ်းမြောက်သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေတော်မူ၏။ ဟာလေလုယ။

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:29-32);

၂၉ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ္သော အမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပေယာဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ် လက္ခဏာကိုမျှ မှျသူတို့အား မပြရာ။

၃၀ ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်ဤ လူမျိုးအားဖြစ်လိမ့်မည်။

၃၁ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသော မိဖုရားသည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန် ထက်သာ၍ ကြီးမြတ်သောသူရှိ၏။

၃၂ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုး တဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။

Sunday, 11 October 2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းများ သာမန်ကာလ (၂၈) ပတ်၊ တနင်္ဂနွေနေ့ • ဝတ်ပြုနှစ် A • ကျမ်းစာဖတ်ရှုခြင်းနှစ် II (Y-A/C-2)

 Sun the 11th: Psalter IV, Ordinary Time Week 28.

Isa 25:6-10; Ps 23:1-6; Phil 4:12-20; Eph 1:17-18; Matt 22:1-14

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၅ (Isa 25:6-10);

၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော် မူလိမ့်မည်။

၇ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသောတင်တိမ်းကိုင်း ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်။

၈ သေခြင်းကိုလည်း နစ်မြွန်းဆုံးရှုံးစေတော်မူ လိမ့်မည်။ အရှင်ထာဝရဘုရား သည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ ရဲခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ၏။

၉ ထိုကာလ၌ကြည်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သည့် ထာဝရဘုရားတည်း။ ကယ်တင်ခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်။

၁၀ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ခြေး ရွှံ့ပြွက်၌နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။

၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။

၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။

၄ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက် သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ. အကြောင်းမူကား ကိုယ်တော်သည် အကျွန်းနှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွုန်ုပ်ကို ချမ်းသာစေပါ၏။

၅ အကျွုန်ုပ်၏ ရန္တုတို့ရှေ့မှာ အကျွုန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏။ အကျွုန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွုန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိ ပါ၏။

၆ အကယ်စင်စစ် အကျွုန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ဖိလိပ္ပိဩဝါဒစာ အခန်းကြီး ၄ (Phil 4:12-20);

၁၂ ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မြတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့ငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။

၁၃ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။

၁၄ သို့ သော်လည်း ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာပြုကြပြီ။

၁၅ အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူ ခြင်း၊ အလှူခံခြင်းအမှု၌ သင်တို့မှတပါး အဘယ်အသင်း တော်မျှ ငါနှင့်မဆက်ဆံကြ။

၁၆ သက်သာလောနိတ်မြို့၌ ငါရှိစဉ်တရား၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။

၁၇ ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသော အကျိုးကို ရှာ၏။

၁၈ ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရား သခင်နှစ်သက် အားရေတော်မူသော ယဇ်တည်းဟူသော သင်တို့ပေးလိုက် သောအရာတို့ကို ဧပေဖာဒိတ္လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။

၁၉ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည္အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။

၂၀ ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ဧဖက်ဩဝါဒစာ အခန်းကြီး ၁ (Eph 1:17-18);

၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဉာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။

၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:1-14);

၁ တဖန်ယေရှုသည် ဥပမာကိုဆောင်၍ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊

၂ ကောင်းကင် နိုင်ငံတော် သည် မိမိသားအဘို့ထိမ္မြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏။

၃ ထိုမင်းကြီးသည်ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါလုလင်တို့ကိုစေလွှတ်သောအခါ ထိုသူတို့သည်မလာဘဲ နေကြ၏။

၄ တဖန်အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရ စ္ဆာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဘိတ်ပြီးသော သူတို့အားပြောကြဟုမှာလိုက်ပြန်၏။

၅ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည်ကုန်သွယ်ရာသို့သွားကြ၏။

၆ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ညှင်းဆဲခြင်း၊ အေသသတ်ခြင်းကိုပြုကြ၏။

၇ ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။

၈ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သောသူတို့ သည္မထိုက်မတန်သောကြောင့်၊

၉ လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟုမိန့်တော်မူ သည့်အတိုင်း၊

၁၀ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ ပွဲတော်၌အပြည့်ရှိလေ၏။

၁၁ မင်းကြီးသည် ပွဲ၌လျောင်းသော သူတို့ကိုကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ္သောသူတစ်ယောက်ကို မြင်လျှင်၊

၁၂ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်း ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။

၁၃ ထိုအခါမင်းကြီးသည် အခြံအရံတို့အားထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲ သို့ယူသွားချလိုက်ကြဟု အမိန့်တော်မူ၏။

၁၄ ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူ၏။

Saturday, 10 October 2026

October 10, 2026 Daily Readings Y-A/C-2 ORD-W27

Sat the 11th: Gal 3:22-29; Ps 105:1-7; Luke 11:27-28

ဂလာတိသြဝါဒစာ အခန်းကြီး ၃ (Gal 3:22-29);

၂၂ ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ္ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဂတိတော်ကိုရမည္ အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြတ်၌ချုပ်ထား၏။ ၂၃ ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါ ငါတို့သည် နောက်၌ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထား လျက်ရှိကြ၏။ ၂၄ ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ္တော်ထံသို့ ငါတို့တို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ ၂၅ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။ ၂၆ အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ္ကို ယုံကြည်သဖြင့် ဘုရားသခင့် သားဖြစ်ကြ၏။ ၂၇ ခရစ္တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ္တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။ ၂၈ ယေရှုခရစ္၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွမ်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ၂၉ ခရစ္တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-7);

၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ ၃ သန့်ရှင်းသော နာမတော်၌ ဝါကြားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။ ၄ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။ ၅ စီရင်တော်မူသော အံ့သြဖွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်များနှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊ အောက်မေ့ကြလော့။ ၆ ထာဝရဘုရား၏ ကျွံအာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊ ၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:27-28);

၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊ ၂၈ ကိုယ်တော်က၊ ဘုရားသခင့် နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။

Friday, 9 October 2026

October 9, 2026 Daily Readings Y-A/C-2 ORD-W27

 Fri the 9th: Gal 3:7-14; Ps 111:1-6; John 12:31-32; Luke 11:15-26

ဂလာတိသြဝါဒစာ အခန်းကြီး ၃ ( Gal 3:7-14);

၇ ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏ သားဖြစ်သည်ဟု အမှန်သိမှတ်ကြ လော့။ ၈ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည် ဟု ကျမ်းစာသည် မျှော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကိုခံကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်၏။ ၉ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သူတို့သည် ယုံကြည် သောအာဗြဟံနှင့် အတူ ကောင်းကြီးမင်္ဂလာကို ခံကြ၏။ ၁၀ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှ တို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ်တိကျမ်းစာ၌ပါသမျှသော စကားတို့ကိုအမြဲမကျင့်သော သူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။ ၁၁ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်။ ၁၂ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သော သူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။ ၁၃ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသော သူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရတ်တော်သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်း ကိုခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။ ၁၄ အကြောင်းမူကား၊ အာဗြဟံ ခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရတ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော် နှင့် ယှဉ်သော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံကြမည္အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-6);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။ ၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ ၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ ၄ အံ့ဘွယ္သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သေဘာ၊ သနားစုံမက်တတ်သောသေဘာနှင့် ပြည့်စုံတော်မူ၏။ ၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ ၆ အမှုတော်တို့၌ ရှိသော တန္ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမြေကို ပေးတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:31-32);

၃၁ ယခုတွင်ဤ လောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်း ကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:15-26);

၁၅ အချို့တို့က၊ ဤသူသည်နတ်ဆိုးမင်း ဗေလဇဗုလကိုအမှီ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၁၆ အချို့တို့သည်လည်း စုံစမ်းငှောင့်ရက်ခြင်းငှါ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၇ ထိုသူတို့၏ စိတ်ကိုသိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင်ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။ ၁၈ ငါသည် ဗေလဇဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။ ၁၉ ငါသည် ဗေလဇဗုလကို အမှီပြု၍နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမီွပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြလိမ့်မည်။ ၂၀ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ္သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လပေပြီ။ ၂၁ သူရဲသည် လက်နက်စုံနှင့်မိမိအိမ်ဦး၌ စောင့်နေစဉ် အခါသူ၏ ဥစ္စာသည် လုံခြုံစွာရှိ၏။ ၂၂ သူ့ထကျတတ်စွမ်းနိုင်သောသူသည် လာ၍ သူ႔ကိုအောင်ပြီးမှ၊ သူကိုးစားသောလက်နက် စုံကိုသိမ်းယူ၍ ဥစ္စာပရိက္ခာများကိုခွဲဝေလိမ့်မည်။ ၂၃ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်း သေသူသည် ကွဲဖြန့်သောသူဖြစ်၏။ ၂၄ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည္ထွက်ခဲ့သောနေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊ ၂၅ ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊ ၂၆ မိမိထက်သာ၍ ညစ်ညူးသာနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟုမိန့်တော်မူ၏။

Thursday, 8 October 2026

October 8, 2026 Daily Readings Y-A/C-2 ORD-W27

 Gal 3:1-5; Luke 1:69-75; Acts 16:14; Luke 11:5-13

ဂလာတိသြဝါဒစာ အခန်းကြီး ၃( Gal 3:1-5);

၁ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အေသခံတော်မူသော ယေရှုခရစ္တော်ကိုသင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကိုနားမထောင်စေခြင်းငှါ သင်တို့အားအဘယ်သူပြုစားသနည်း။ ၂ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကိုခံကြသလော။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်း အားဖြင့် ခံကြသလော ဟူသောအရရာတခုကိုသာသင်တို့၌ငါသိလို၏။ ၃ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။ ၄ ဤမျှလောက်သောဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီးသသက်ဖြစ်ရမည်လော။ ၅ ထိုမှတပါး ဝိညာဉ်တော်ကို သင်တို့အားပေး၍၊ သင်တို့၌ တန်ခိုးများကိုပြသောသူသည် ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်း တရားကိုနာခြင်း အားဖြင့်ပြသလော။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:69-75);

၆၈-၇၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်း သော မိမိသန့်ရှင်းသော ပေရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ္ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန္သူဘေး နှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ္ကို ရဲရင့်စွာ ပြုရသောအခွင့်ကို ပပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်းဂတိတော်တည်းဟူသော သန့်ရှင်းသော ပဋိိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန္သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။

တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);

၁၄ ထိုအခါ နီမောင်းသောအထည္အလိပ်ကို ရောင်းသော သွာတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:5-13);

၅ တဖန်မိန့်တော်မူ သည်ကား၊ သင်တို့တွင်တစုံ တယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင်၊ အဆွေ၊ ၆ အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာ မရှိသောကြောင့်မုန့်သုံးလုံးချေးငှါဟု ဆိုသော်၊ ၇ အိမ်ရှင်ကလည်း၊ ငါ့ကိုမငှောင့်ရက်နှင့်။ တံခါးပိတ် လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင် ဟု အိမ်ထဲကပြန် ပြောသည် အရာမှာ၊ ၈ ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲတောင်း၍ နေသောကြောင့်ထ၍လိုချင်သမျှကို ပေးလိမ့်မည်။ ၉ တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည္။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ ၁၀ တောင်းသောသူ မည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်းတံခါးကိုဖွင့်၏။ ၁၁ သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင်ငါးအစား၌ မြွေကိုပေးမည်လော။ ၁၂ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။ ၁၃ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်း သောအရာ ကို ပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။