Monday, 7 November 2016

7-NOV-2016 (READING ORD32 -YC-C2)

Mon the 7th: Titus 1:1-9; Ps 24:1-6; Phil 2:15, 16; Luke 17:1-6

တိတုသြဝါဒစာ အခန်းကြီး ၁( Titus 1:1-9);

၁-၃ မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသောတရားဟောခြင်း အခွင့် အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလို ငှါ၎င်း၊ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့၏ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်း ဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
၎ ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကို ကြားလိုက်ပါ၏။ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
၅ ငါသည် သင့်ကိုမှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကိုငါထားခဲ့သတည်း။
၆ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်း ရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌လွန်ကျူးသည်ဟု အပြစ်တင် ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။
၇ အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊
၈ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကိုချုပ်တည်း သောသူဖြစ်ရမည်။
၉ စင်ကြယ်သောသြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင် မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်း သောသူဖြစ်ရမည်။

ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);

၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။        
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌  အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။



ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:15 -16);

၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇(Luke 17:1-6);

၁ တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော် လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
၂ ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည် ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။
၃ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တ ရလျှင် သူ၏အပြစ်ကိုလွှတ်လော့။
၎ တနေ့ခြင်းတွင် ခုနစ်ကြိမ် မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကိုလွှတ်လော့ဟု မိန့်တော်မူ၏။
၅ တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန် ကြလျှင်၊
၆ ဘုရားသခင်က၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွ နှုတ်၍ ပင်လယ်၌စိုက်လျက် နေလော့ ဟုဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။