Sat the 2nd: Sir 17:1-15; Ps 103:13-18; Matt 11:25; Mark 10:13-16
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (Sir 17:1-15)း
၁။ ဘုရားသခင်သည် လူကိုမြေကြီးမှ ဖန်ဆင်းတော်မူ၍ မိမိရွှေပုံသဏ္ဍာန်တော်အတိုင်းသူ့ကြိုပလုပ်တော်မူ၏။
၂။ ကိုယ်တော်သည်လူ၏အသက်တာကိုအချိန်အတိုင်းအတာ သတ်မှတ်တော်မူ၍ သူ့ကိုမြေကြီးဆီသို့ တစ်ဖန်
၃။ ပြန်စေတော်မူ၏။ကိုယ်တော်သည်လူ၏အပေါ်မှာမိမိ ၏အား တန်ခိုးတော်သွန်းလောင်းတော်မူပြီးကမ္ဘာမြေ ပေါ်မှာရှိသော အရာအားလုံးကို အုပ်ချုပ်စီမံရန်အခွင့် အာဏာကိုပေးတော်မူ၏။
၎။ ကိုယ်တော်သည်သတ္တဝါအားလုံးထဲသို့သူ့ကိုကြောက် ရွံ့သည့်စိတ် ထည့်သွင်းတော်မူ၍သားရဲတိရစ္ဆာန်များ
နှင့်ကျေးငှက်သတ္တဝါအားလုံးတို့ကိုအုပ်စိုးရန်သူ့အား
၅။ ပေးအပ်တော်မူ၏။ ကိုယ်တော်သည်လူတို့အားအာရုံ ငါးပါးကို ပေးတော်မူသည့်အပြင် ဆဋ္ဌမ ဆုလာဘ် အဖြစ်သိမြင်နားလည်ခြင်းစွမ်းရည်ကိုလည်းကောင်း၊သတ္တမ ဆုလာဘ်အဖြစ် ကိုယ်တော်၏။တန်ခိုးတော် များကိုအနက်အဓိပ္ပာယ်ဖွင့်ဆိုသောဆင်ခြင်တုံတရားကို လည်းကောင်း ပေးတော်မူ၏။
၆။ ကိုယ်တော်သည်လူ၌လျှာ၊မျက်စိနှင့်နားများကိုပုံသွင်း
ဖန်ဆင်းပေးထား၍ဆင်ခြင်တွေးခေါ်တတ်သောနှလုံး
၇။ သားကိုလည်း ပေးတော်မူ၏။ Óဏ်ပညာနှင့် သိမြင် နားလည်တတ်ခြင်းတို့ဖြင့်လည်းသူ့ကိုအားဖြည့်တင်း ပေးတော်မူ၏။အကောင်းနှင့်အဆိုးတို့ကိုခွဲခြားနိုင်ရန်
၈။ သင်ပြတော်မူ၏။ ကိုယ်တော်သည်မိမြိုပတော်မူသော အံ့ဩဖွယ်ရာများ၏ ခန့်ညားထည်ဝါမှုကိုပြသရန်လူ တို့၏နှလုံးသားများ၌မိမိကိုကြောက်ရွံ့ခြင်းစိတ်ထည့်
၉။ သွင်းပေးတော်မူ၏။ သူတို့သည်သန့် ရှင်းသော နာမ
၁၀။ တော်ကို ချီးမွမ်းလျက် ဖန်ဆင်းခြင်း၏ ခမ်းနားကြီး
၁၁။ ကျယ်ခြင်းကို ထုတ်ဖော်ပြောဆိုကြ၏။ ကိုယ်တော် သည် သူတို့အား အသိÓဏ်ကိုပေးတော်မူ၍အသက် ပေးသောဥပဒေကိုသူတို့၏အမွေအနှစ်အဖြစ်ပေးထား
၁၂။ တော်မူ၏။ ကိုယ်တော်သည်အစဉ်တည်မည့်ပဋိညာဉ် တော်ကို သူတို့နှင့် ဖွဲ့ဆိုတော်မူ၍မိမိ၏ပညတ်တော် များကိုသူတို့အားထုတ်ဖော်ပြတော်မူ၏။
၁၃။ သူတို့၏ မျက်စိများသည် ကိုယ်တော်၏ ဘုန်းဂုဏ် တော် ကြီးကျယ်ခန့်ညားမှုကိုတွေ့မြင်ကြရ၍သူတို့၏ နားများသည်လည်း ဗျာဒိတ်တော်အသံကို ကြားကြရ
၁၄။ ၏။အပြစ်မကောင်းမှု့ကိုရှောင်ကြဉ်ကြလော့ဟုသူတို့အား ကိုယ်တော်မိန့်တော်မူ ၏။ သူတို့တစ်ဦးစီသည် မိမိနှင့် နီးစပ်သူအပေါ် ထားရှိရမည့် ဝတ္တရားများကို လည်း သွန်သင်ပေးတော်မူ၏။
၁၅။ သူတို့၏ လုပ်ဆောင်ချက်များသည် သခင်ဘုရား၏ ရှေ့မျက်မှောက်တွင်အစဉ်အမြဲရှိတော်မူ၍သူတို့သည် ကိုယ်တော်၏မျက်မှောက်တော်မှပုန်းကွယ်၍မရတော့ချေ။
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:13-18);
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော် မူ၏။
၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓြွာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်း ကို အောက်မေ့တော်မူ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။လူသည် လယ်ပြင် ၌ရှိသောပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။
၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။
၁၈ သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:13-16);
၁၃ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
၁၄ ယေရှုသည် မြင်တော်မူလျှင်အမျက်တော်ထွက်၍၊ ထိုသူငယ် တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော် သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
၁၆ သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းကြီးပေးတော် မူ၏။