Sun the 3rd: Psalter IV, Ordinary Time Week 8.
Sir 27:5-8; Ps 92:1-16; 1 Cor 15:54-58; Phil 2:15-16; Luke 6:39-45
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၂၇) (ှငမ ၂၇ါ်၅-၈)း
၅။ အိုးထိန်းသည် ပုံသွင်းလိုက်သော အရာကို မီးဖိုထဲတွင်စမ်းသပ်ရသည့်နည်းတူလူတစ်ယောက်ကို သူနှင့်စကားပြောခြင်းအားဖြင့်စမ်းသပ်စစ်ဆေးရ၏။
၆။ အပင်တစ်ပင်၏ အသီးသည် ထိုအပင်အားြုပစုပျိုး ထောင်ပုံကို ဖော်ပြသကဲ့သို့ လူတစ်ယောက်ပြောဆို သောစကားသည်သူ၏စိတ်ထဲမှာရှိသော ခံယူချက်ကို ပေါ်လွင်စေ၏။
၇။ လူတစ်ယောက်စကား မပြောမီသူ့ကို မချီးမွမ်းပါနှင့်။ အကြောင်းမူကား ဤသည်မှာသူ့ကိုစမ်းသပ်စစ်ဆေး ခြင်းဖြစ်၏။
၈။ အကယ်၍ သင်သည်ဖြောင့်မတ်ခြင်းကိုရှာဖွေပါလျှင် ယင်းကို ပိုင်ဆိုင်ရလိမ့်မည်။ ထို့နောက် ゞင်းအားခန့် ညား တောက်ပြောင်သောဝတ်ရုံကဲ့သို့ဝတ်ဆင်လော့။
ဆာလံကျမ်း အခန်းကြီး ၉၂(Ps 92:1-16);
၁ ဥပုသ်နေ့အဘို့ဆာလံသီချင်း။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊
၂ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုခြင်း ငှာ၎င်း၊
၃ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တုရိယာ၊ တယော၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်း ပြခြင်းငှာ၎င်း လျောက်ပတ်ပေ၏။
၎ အိုထာဝရ ဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော် မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။
၅ အိုထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။
၆ တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူနားမလည်သော အမူအရာဟူမူကား၊
၇ မတရား သောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်း ကြသောအခါ၊ ထာဝရပျက်စီးခြင်း သို့ရောက်ရသော အကြောင်းပေတည်း။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:54-58);
၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။
၅၇ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
၅၈ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏အမှုတော် ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့မလျော့ မတိမ်းယိမ်း ဘဲလျက် ဘုရားသခင်၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:15-16);
၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:39-45);
၃၉ ဥပမာကား၊ လူကန်းသည် လူကန်းအားလမ်းကိုပြနိုင်သလော။ လူနှစ်ဦးတို့သည်တွင်းထဲသို့ ကျလိမ့် မည်မဟုတ်လော။
၄၀ တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း၊ မိမိဆရာကဲ့ သို့ဖြစ်လိမ့်မည်။
၄၁ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။
၄၂ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအား ဆိုရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုရှေ့ဦးစွာထုတ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ခြင်းငှါ ရှင်းလင်းစွာမြင် လိမ့်မည်။
၄၃ မကောင်းသောအသီးကိုသီးသောအပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသောအပင်ကား၊ မကောင်းသောအပင်မဟုတ်။
၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။
၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။