Sunday, 30 November 2014

30-NOVEMBER-2014-(READING)

Sun the 30th:    Psalter I, Advent Week 1.
Isa 63:16-19, 64:1-7; Ps 80:1-19; 1 Cor 1:3-9; Mark 13:33-37

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၃ (Isa 63:16-19, 64:1-7);

၁၆ အာဗြဟံသည် အကျွန်ုပ်တို့ကို မသိ၊ ဣသရေလသည် လက်မခံသော် လည်း၊ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏၊၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကိုရွေးနှုတ် သော ဘုရားဖြစ်တော်မူ၏၊၊
၁၇ အိုထာဝရ ဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း၊၊ ကိုယ်တော်ကို မကြောက်ရွံ့ မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း၊၊ ကိုယ်တော်၏ ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွှယ်တို့အတွက် ပြန်လာတော်မူပါ၊၊
၁၈ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာန တော်ကို ကျော်နင်းကြသည်ဖြစ်၍၊
၁၉ အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဘူးသော သူကဲ့သို့င်းဖြစ်ကြပါ၏၊၊
၁ ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော၊၊ ရှေ့တော်၌တောင်တို့သည် လှုပ်ကြပါစေသော၊၊
၂ မီးသည် အမှိုက်ကို လောင်သကဲ့သို့င်း၊ ရေကိုဆူစေသကဲ့သို့င်း ဖြစ်ပါစေသော၊၊ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်၊၊
၃ အကျွန်ုပ် တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည်  ရှေ့တော်၌ လှုပ်ကြပါ၏၊၊
၎ ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့ အလို့ငှါ ကျေးဇူးပြုတော်မူသော ဘုရား၊ ကိုယ်တော်မှတပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှမကြားမသိပါ၊၊ နားဖြင့်မကြား မျက်စိဖြင့် မမြင်စဖူးပါ၊၊
၅ မ်းမြောက်သော စိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သော သူ့တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿယရဖွဲ့တော်မူ၏၊၊ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏၊၊ ကယ်တင်ခြင်းသို့ ရောက်ကြပါမည်လော့၊၊ 
၆ အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ် ခြင်းမရှိပါ၊၊ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏၊၊ အကျွန်ုပ်ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညိ‡ုးနွမ်လျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
၇ နာမတော်ကို ပဌနာ ပြုသောသူ။ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ် နှိုးဆော်သောသူတစ်ယောက်မျှ မရှိပါ၊၊ အကြောင်းမူကား၊ မျက်နှာတော်ကို လွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ၊၊

ဆာလံကျမ်း အခန်းကြီး ၈၀ (Ps 80:1-19);

ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
၂ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ၊
၃ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
၎ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ ပြုသော ပဌာနစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
၅ သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာတိုက်တော်မူ၏။
၆ အနီးအပါး၌နေသော သူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
၈ ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။
၉ သူ၏နေရာကို ပြုပြင်တော်မူသဖြင့်၊ သူသည်အမြစ်ကျ၍ တပြည်လုံးကိုနှံ့ပြားပါ၏။
၁၀ သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။
၁၁ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎င်း ပြန့်ပွားစေပါ၏။
၁၂ ယခုမူကား၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့်ချိုးဖျက် တော်မူသနည်း။
၁၃ တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍ တောသားရဲသည်လည်းစားပါ၏။
၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ တဖန်ကြွလာတော်မူမည် အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှု့တော်မူပါ။ ထိုစပျစ် နွယ်ပင်ကို အကြည့်အရှု့ကြွလာ တော်မူပါ။
၁၅ လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော့်အဘို့ ခိုင်မာစေ တော်မူသော ပျိုးပင်ကိုကွယ်ကာတော်မူပါ။
၁၆ မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။
၁၇ လက်ျာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာ ပြု ကြပါမည်။
၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Cor 1:3-9);

၃ ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်းဖြစ်တော် မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ရှိပါစေသော။
၎ အထက်က ခရစ်တော်၏သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊
၅ သင်တို့သည် ထိုခရစ်တော် အားဖြင့်၊
၆ အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့ အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူးတော် ကိုအစဉ်မပြတ် ချီးမွမ်း၏။
၇ ထိုကြောင့် သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်း ကို မြော်လင့်၍ နေစဉ်၊ ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏။
၈ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ နေ့ရက်၌ အပြစ် တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူ လိမ့်မည်။
၉ ငါတို့ သခင်တည်းဟူသော သားတော်မြတ်သခင်ယေရှုနှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၃ (Mark 13:33-37);

၃၃ ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။
၃၄ ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့ သွားမည် အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှသွားသည်ဖြစ်၍၊
၃၅ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦး တွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။
၃၆ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်။
၃၇ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသော သူတို့အား ငါဆိုသည်ဟုမိန့်တော်မူ၏။