Sunday, 1 September 2019

01-SEP-2019 (READING -ORD22 -YC-C1)

Sun the 1st: Psalter II, Ordinary Time Week 22.
Sir 3:17-29; Ps 68:4-11; Heb 12:18-24; Matt 11:29; Luke 14:1-14

ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (3:17-29)း

၁၇။ ငါ့သား သင်၏ အြုပအမူတို့ကို နှိမ့်ချစွာြုပမူဆောင် ရွက်လော့၊ ပေးကမ်းစွန့်ကြဲသော အလှူရှင်ထက်ပို၍
၁၈။ သင့်ကို ချစ်မြတ်နိုးကြလိမ့်မည်။ သင်သည်ပို၍ ကြီး မြတ်လေ ပို၍နှိမ့်ချရန်လိုအပ်လေဖြစ်သည်။သို့မှသာ  ဘုရားသခင်၏ရှေ့မှာသင်သည်မျက်နှာရလိမ့်မည်။
၁၉။ လူများစွာတို့သည် မြင့်မြတ်၍ ဘုန်းတန်ခိုးဩဇာကြီး
မြတ်ကြပါသော်လည်း ဘုရားသခင်သည် နှိမ့်ချသော
သူများအားဖြင့်သာကိုယ်တော်၏လျှို့ဝှက်ချက်များကို
၂၀။ ထုတ်ဖော်ပြတော်မူ၏။ အကြောင်းမူကားကိုယ်တော် ၏ဘုန်းတန်ခိုးတော်သည်အလွန်ကြီးမား၍နှိမ့်ချသော
၂၁။ သူများသည်သာ ကိုယ်တော်ကိုဂုဏ်ြုပကြ၏။ သင့်အ တွက် ခက်ခဲ မြင့်မားလွန်းသော အရာကို ရှာဖွေရန် မကြိုးစားနှင့်။ သင့်စွမ်းအားနှင့် မမှီနိုင်သောအရာကို
၂၂။ လည်း မရှာလေနှင့်။ သင့်အား ပေးထားသောသခင် ဘုရား၏ ပညတ်များကို ဆင်ခြင်သုံးသပ်လော့။လျှို့ ဝှက်ထားသောအရာများကိုစူးစမ်းရန်မလိုချေ။
၂၃။ သင်နှင့် မသက်ဆိုင်သည့် မြောက်မြားစွာသောအရာ များကို မသိရှိလိုနှင့် သင့်အား သွန်သင်ပြထားသော အသိÓဏ်သည် သာမန်လူစွမ်းရည်ဖြင့်နားလည်နိုင်
၂၄။ သည်ထက်ကျော်လွန်နေလေပြီ။လူများစွာတို့သည်မိမိတို့ ကိုယ်ပိုင် အတွေးအခေါ်အားဖြင့်လမ်းလွဲလမ်းမှား သို့ ရောက်ခဲ့ကြပြီ။ မှားယွင်းသောတွေးခေါ်တွက်ဆ ချက်များသည်သူတို့၏ဆုံးဖြတ်ချက်ကိုတဖက်စောင်း
၂၅။ နင်းဖြစ်စေ၏။သင်၌မျက်စိမရှိပါကသင်သည်အလင်းကိုမတွေ့ရ။သင်၌သိနားလည်ခြင်းမရှိပါကသင်သည်  Óဏ်ပညာကိုပိုင်ဆိုင်ပြီဟုမဆိုလေနှင့်။
၂၆။ ခေါင်းမာသောသူသည်နောက်ဆုံးတွင်မကောင်းသောနိဂုံးသို့ရောက်လိမ့်မည် အန္တရာယ်ကို နှစ်သက်သော  သူသည်လည်း ယင်း၌ပျက်စီး ဆုံးရှုံးလိမ့်မည်။
၂၇။ ခေါင်းမာသော သူသည် ဝမ်းနည်းပူဆွေးခြင်းကို ဝန် ထုပ် သဖွယ် ထမ်းထားရလိမ့်မည်။ အပြစ်ရှိသူသည်
၂၈။ အပြစ်တစ်ခုပေါ်တစ်ခုထပ်၍ဆင့်လိမ့်မည်။မောက်မာ ထောင်လွှားသောသူ၌ စွဲကပ်သော ရောဂါဝေဒနာကို ကုသရန်ဆေးမရှိပေ၊သူ၌မကောင်းမှုသည်အမြစ်တွယ်
၂၉။ လျက်ရှိသောကြောင့်ဖြစ်၏။ ပညာရှိသူသည်စကားပုံ တို့ကို ဆင်ခြင်သုံးသပ်၍ ဂရုတစိုက်နားထောင်ခြင်း သည် ပညာရှိ၏ လိုအင်ဆန္ဒပင် ဖြစ်၏။



ဆာလံကျမ်း အခန်းကြီး ၆၈ (Ps 68:4-11);

၎ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့လမ်း ကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား ထာဝရဘုရားတည်း။ ရှေ့တော်၌ရွှင်လန်းကြလော့။
၅ ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိ သောသူတို့၏ အဘဖြစ်၍ မုတ်ဆိုးမ တို့ဘက်မှာ တရားစီရင်တော်မူ၏။
၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍ ချုပ်ထားသောသူ တို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား သွေ့ခြောက်သော အရပ်၌ နေရကြ၏။
၇ အိုဘုရားသခင် ကိုယ်တော်၏လူစုရှေ့မှာကြွ၍ တော၌ချီတော်မူသောအခါ၊
၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊  မြေကြီးလှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏  ဘုရားသခင်မျက်နှာ တော်ကြောင့်၊ သိနာတောင်သည်လည်းတုန်လှုပ်၏။
၉ အိုဘုရားသခင်၊ ကိုယ်တော်သည်  မိုဃ်းကိုများစွာ ရွာစေ၍ ပင်ပန်းသော အမွေတော်လူတို့ကိုထောက်မတော်မူ၏၊၊
၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရပါ၏။ အိုဘုရား သခင် ဆင်းရဲသောသူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
၁၁ ဘုရားရှင်အမိန့်တော်ရှိ၍ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသောသူတို့သည် အတိုင်းမသိများကြ၏။

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂ (Heb 12:18-24);

၁၈ ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မဲသောတိမ် တိုက်၊ မှောင်မိုက်၊ မိုဃ်းသက်မုန်တိုင်းသို့၎င်း၊
၁၉ တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော်အသံ သို့၎င်း၊ ရောက်ကြ သည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။
၂၀ အဘယ် ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကိုထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ်တော် မူသံကို လူတို့သည် နားမခံနိုင်ကြ။
၂၁ ထိုသို့ထင်ရှားသောအရာသည် အလွန်ကြောက်မက်ဘွယ် ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟု ဆို၏။
၂၂ သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရှုရှလင်မြို့ သို့၎င်း၊ အတိုင်းမသိများစွာသော ကောင်းကင် တမန်တို့၏စည်းဝေးခြင်းသို့၎င်း၊
၂၃ ကောင်းကင်စာရင်း၌ ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူသော ဘုရားသခင်အထံတော် သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်း တို့၏ စိတ်ဝိညာဉ်တို့ထံသို့၎င်း၊
၂၄ ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗြေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သော အရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:29);

၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:1-14);

၁ တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
၂ ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။
၃ ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊
၎ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊
၅ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊
၆ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။
၇ ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာ ထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊
၈ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကို ခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်၊ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည် ရှိသော်၊
၉ သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟု လာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။
၁၀ သူတပါးတို့သည် သင့်ကိုခေါ်ဘိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။
၁၁ ကိုယ်ကိုကိုယ်ချီး မြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည် သည်ကား မြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။
၁၂ ကိုယ်တော်ကိုပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ်ကျွေး သောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ်နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
၁၃ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဘိတ်လော့။
၁၄ ထိုသို့ ခေါ်ဘိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ဟု မိန့်တော်မူ၏။