Saturday, 7 September 2019

07-SEP-2019 (READING -ORD22 -YC-C1)

Sat the 7th: Col 1:21-23; Ps 54:3-8; John 14:6; Luke 6:1-5

ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:21-23);

၂၁ အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓွာတော်၌  အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။
၂၂-၂၃ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၅၄ (Ps 54:3-7);

၃ အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ၊၊ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏၊၊ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ၊၊
၎ ကြည့်ရှုလော့၊၊ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏၊၊ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင့် ထာဝရ ဘုရား ရှိတော်မူ၏၊၊
၅ ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်၊၊ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ၊၊
၆ အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရ ဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊
၇ အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခ ထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);

၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:1-5);

၁ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက် စားကြ၏။
၂ ဖာရိရှဲအချို့တို့က ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည်အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊
၃ ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော် တို့နှင့်တကွ မွတ်သိပ်သောအခါ၊
၎ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရော ဟိတ်တို့မှတပါး အဘယ်သူမျှမစား အပ်သော ရှေ့တော်မုန့်ကိုယူစား၍၊ မိမိအဘော်တို့အား ပေးသည် အကြောင်းကိုမျှ သင်တို့သည် မဘတ်ဘူးသလော။
၅ ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။