Wednesday, 4 September 2019

04-SEP-2019 (READING -ORD22 -YC-C1)

Wed the 4th: Col 1:1-8; Ps 52:10-11; Luke 4:18; Luke 4:38-44

ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:1-8);

၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊
၂ ကောလောသဲမြို့၌ နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တ်ာကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက် ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
၃-၅ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
၆ ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်းဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရား သခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသော နေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
၈ သင်တို့၌ရှိသော ဝိညာဉ်ပကတိ မေတ္တာကို ဧပဖြသည် ငါတို့အား ပြခဲ့ပြီ။

ဆာလံကျမ်း အခန်းကြီး ၅၂ (Ps 52:10-11);

၉ ကိုယ်တော်စီရင်တော်မူသောကြောင့် အကျွန်ုပ် သည် ကိုယ်တော်ကိုကာလ အစဉ်အမြဲ ချီးမွမ်းပါမည်၊၊ ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏ သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:18);

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ 

ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:38-44);

၃၈ တရားစရပ်မှထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသောဖျားနာ စွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
၃၉ ကိုယ်တော်သည် ထိုမိန်းမ၏အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည်အဖျားပျောက်သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
၄၀ နေဝင်သောအခါ အမျိုးမျိုးသောအနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာ တို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်တော်ကိုတင်သဖြင့် အနာရောဂါကိုငြိမ်းစေတော်မူ၏။
၄၁ နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှထွက်သွား ကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့်၊ စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။
၄၂ မိုဃ်းလင်းသောအခါ တောအရပ်သို့ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏။ အထံတော်သို့ရောက်လျှင် မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။
၄၃ ကိုယ်တော် ကလည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟော ပြောရမည်။
၄၄ ထိုသို့ အလိုငှါ ငါ့ကိုစေလွှတ်လျက်ရှိသည်ဟု မိန့်တော်မူ၍ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။