Optional memorial of Rose of Lima, virgin.
Ezek 36:23-28; Ps 51:12-19; Ps 95:8; Matt 22:1-14
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၆ (Ezek 36:23-28);
၂၃ တပါးအမျိုးသားတို့အလယ်၌ သင်တို့ရှုတ်ချသော ငါ၏ မဟာနာမတော်ကို ငါမြှောက်မည်။ သူတို့မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် မြှောက်ရာသို့ ရောက်သောအခါ၊ ငါသည် ထာရဘုရားဖြစ်ကြောင်း ကို သူတို့ သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၄ အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်းအပြည် ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးခဲ့ပြီးလျှင်၊ သင်တို့နေရင်းပြည်သို့ ငါပို့ဆောင်မည်။
၂၅ သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်းသဖြင့် သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓြွာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။
၂၇ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့လိုက်၍၊ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
၂၈ ဘိုးဘေးတို့အား ငါပေးသော ပြည်၌ သင်တို့သည် နေရ
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:12-19);
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွနု်ပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွနု်ပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွနု်ပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွနု်ပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွနု်ပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွနု်ပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊
၁၈ စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။
၁၉ ထိုအခါ တရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်၊၊
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:1-14);
၁ တဖန်ယေရှုသည် ဥပမာကိုဆောင်၍ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
၂ ကောင်းကင် နိုင်ငံတော် သည် မိမိသားအဘို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏။
၃ ထိုမင်းကြီးသည်ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါလုလင်တို့ကိုစေလွှတ်သောအခါ ထိုသူတို့သည်မလာဘဲ နေကြ၏။
၄ တဖန်အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရ စ္ဆာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဘိတ်ပြီးသော သူတို့အားပြောကြဟုမှာလိုက်ပြန်၏။
၅ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည်ကုန်သွယ်ရာသို့သွားကြ၏။
၆ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုပြုကြ၏။
၇ ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
၈ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သောသူတို့ သည်မထိုက်မတန်သောကြောင့်၊
၉ လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟုမိန့်တော်ရှိ သည်အတိုင်း၊
၁၀ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
၁၁ မင်းကြီးသည် ပွဲ၌လျောင်းသော သူတို့ကိုကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကို မြင်လျှင်၊
၁၂ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်း ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။
၁၃ ထိုအခါမင်းကြီးသည် အခြံအရံတို့အားထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲ သို့ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏၊
၁၄ ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူ၏။