Tuesday, 27 August 2024

Daily Reading for Monday August 26, 2024 Reading 1, Second Thessalonians 1:1-5, 11-12 Responsorial Psalm, Psalms 96:1-2, 2-3, 4-5 Gospel, Matthew 23:13-22

Memorial of Monica.

2 Thess 1:1-12; Ps 96:1-5; John 10:27; Matt 23:13-22

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Thess 1:1-12);


၁ ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ 

၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်း ဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ 

၃ ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍၊ လူတိုင်း အသီးအသီးတို့သည် အချင်းချင် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍၊ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူး တော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

၄ သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။ 

၅ သင်တို့သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။ 

၆-၈ အဘယ် သို့နည်း ဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်း တော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဘူးသောသူတို့၌ ဆင်းရဲခြင်းကိုင်း၊ ဆင်းရဲခံဘူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုင်း၊ ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။ 

၉-၁၀ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့သြချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူ သောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့။ 

၁၁-၁၂ ထိုကြောင့်၊ ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ သည် ခေါ်တော်မူခြင်းကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်း နှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့်ပြည့်စုံစေတော်မူမည်အကြောင်း၊ ငါတို့သည် သင်တို့အဘို့ အစဉ် ဆုတောင်းပဋ္ဌနာပြုကြ၏။ 


ဆာလံကျမ်း အခန်းကြီး ၉၆ (Ps 96:1-5);


၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။ 

၂ ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော။့ ကယ်တင်တော်မူခြင်း တရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။ 

၃ ဘုန်းတော်ကို တပါးအမျိုးသား တို့၌၎င်း၊ အံ့ဘွယ်သော အမှု တော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်းဖော်ပြကြလော့။ 

၄ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်းချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ 

၅ တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ 


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27); 


၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃  (Matt 23:13-22); 


၁၃ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်  နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။

၁၄ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသောပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ ကြီးစွာသောဒဏ်ကိုခံရကြလတံ့။ 

၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏၊ အကြောင်းမူကား လူတယောက် ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်း ပတ်ပတ်လည်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

၁၆ လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် မတည်။ ဗိမာန်တော်၏ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ 

၁၇ လူမိုက် လူကန်းတို့၊ အဘယ်အရာသည် သာ၍မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကိုသန့်ရှင်းစေသော ဗိမာန် တော်ကားမြတ်သလော။ 

၁၈ တနည်းကား၊ ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ 

၁၉ လူမိုက်လူကန်းတို့ အဘယ်အရာသည်သာ၍မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထိုပူဇော်သက္ကာ ကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ 

၂၀ ထိုကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာရှိသမျှကို တိုင်တည်၍ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူကို တိုင်တည်၍ကျိန်ဆိုသတည်း။ 

၂၁ ဗိမာန်တော် ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ကျိန်းဝပ်တော်မူသောသူကို တိုင်တည်၍ကျိန်ဆိုသတည်း။ 

၂၂ ကောင်းကင် ဘုံကိုတိုင်တည်၍ကျိန်ဆိုလျှင်၊ ဘုရားသခင်၏ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာထိုင်တော်မူ သောသူကို၎င်း၊ တိုင်တည်၍ကျိန်ဆိုသတည်း။