Sunday, 11 January 2015

11-JANUARY-2015-(READING)


Sun the 11th:    Psalter Varies, End of Christmas Season.
Feast of The Baptism of the Lord.
Isa 55:1-11; Isa 12:1-6; 1 John 5:1-9; Mark 1:7-11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၅(Isa 55:1-11);

၁ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ၊၊ ဝယ်၍စားသောက် ကြလော့၊၊ ငွေမပါဘဲ အဘိုးကိုမပေးဘဲလာ၍ စပျစ်ရေနှင့်နို့ကိုဝယ်ကြလော့။
၂ အစာမဟုတ်သောအရာဘို့ သင်တို့ငွေရင်းကိုင်း၊ အမွတ်မပြေနိုင်သော အရာအဘို့ သင်တို့ ဥစ္စာကိုင်း အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကိုစေ့စေ့ နားထောင့်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကို မိမိမွေ့လျော်စေလိမ့်မည်။
၃ နူးညွတ်သော နားနှင့်ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။
၎ ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈယ်ဆရာဖြစ်စေခြင်းငှါင်း၊ စီရင်အုပ်စိုးသော    အရှင်ဖြစ်စေခြင်းငှါင်း၊ လူမျိုးတို့အားပေးပြီ။
၅ ကြည့်ရှုလော့။ သင်သည်မသိဘူးသော လူမျိုးကိုခေါ်လိမ့်မည်။ သင့်ကိုမသိဘူးသော လူမျိုးတို့သည်လည်း သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်၊ သင့်ထံသို့ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ ဘုန်းကိုပွင့်စေတော်မူ၏။
၆ တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ နီးတော်မူသည် ကာလတွင်ဆုတောင်းပဌနာ ပြုကြလော့။
၇ ဆိုးသောသူသည် မိမိလမ်းကိုင်း၊ မတရားသောသူသည် မိမိအကြံကိုင်း စွန့်ပစ်၍၊ ထာဝရဘုရားထံသို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်ထံတော်သို့ ပြောင်းလဲပါစေ၊၊ သို့ပြုလျှင်  အထူးသဖြင့် အပြစ်ကို လွှတ်တော် မူလိမ့်မည်၊၊
၈ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့် သည်လည်း သင်တို့၏အကျင့်နှင့်မတူ။
၉ မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် လည်း သင်တို့၏အကျင့်ထက်င်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်င်း၊ သာ၍မြင့်၏။
၁၀ မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲ သော သူအားမျိုးစေ့ကိုင်း၊ အစာစားသောသူအား အစာကိုင်း၊ ပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကိုသီးစေသကဲ့သို့၊
၁၁ ထို့အတူငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။





ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၂ (Isa 12:1-6);

၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်၊အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏၊၊
၂ ဘုရား သခင်သည် ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်၊၊ ထာဝရဘုရား သည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏၊၊
၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ကယ်တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်၊၊
၎ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်း ကြလော့၊၊ နာမတော်ကိုပဌနာပြုကြလော့၊၊ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြကြလော့၊၊ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့၊၊
၅ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ ထူးဆန်းသောအမှုကို ပြုတော်မူပြီ၊၊ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ၊၊ အိုဇိအုန်သတို့သမီး၊ ကြွေးကြော်လော့၊၊ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့၊၊ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော် မူ၏ဟုမြွက်ဆိုရလိမ့်မည်၊၊

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 John 5:1-9);

၁ ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည်သားကိုလည်း ချစ်တတ်သည် နှင့်အညီ၊
၂ ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။
၃ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။
၎ ဘုရားသခင်၏ သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ 
၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှ တပါး၊ အဘယ်သူသည်လောကကို အောင်နိုင်သနည်း။
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့် သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
၇ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသောဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
၈ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါရှိ၍ ထိုသုံးပါးတို့ သည် တညီတညွတ်တည်းဖြစ်၏။
၉ လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော် မူချက်ဖြစ်သတည်း။


ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:7-11);

၇ ဟောချက် စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှါ ငါမထိုက်။
၈ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံ ကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်၌ သင်တို့ကို ဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
၉ ထိုအခါ ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကို ခံတော်မူ၏။
၁၀ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊
၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။