Wed the 14th: Heb 2:14-18; Ps 105:1-9; John 10:27; Mark 1:29-39
ဟေဗြဲသြဝါဒစာ အခန်းကြီး ၂(Heb 2:14-18);
၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။
၁၆ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကိုမစတော်မူ၏။
၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရား သခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့် ၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။
၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-9);
၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၈-၁၀ ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:29-39):
၂၉ တရားစရပ်မှထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ၏။
၃၀ ရှိမုန်၏ ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျှင်အမြန်လျှောက်ကြ၏။
၃၁ ကိုယ်တော် သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည်ခဏချင်းတွင် သူသည်အဖျား ပျောက်၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
၃၂ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော် သို့ဆောင်ခဲ့၍၊
၃၃ တမြို့လုံးသည် တံခါးနားမှာစုဝေးလျက်ရှိကြ၏။
၃၄ အထူးထူးအပြားပြားသော အနာစွဲသော သူများ တို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မမူ။
၃၅ နံနက်အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်း တော်မူ၏။
၃၆ ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊
၃၇ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကိုရှာကြပါသည်ဟု လျှောက်ဆို၏။
၃၈ ကိုယ်တော်ကလည်း ငါသည် နီးစပ်သော မြို့ရွာတို့၌ တရား ဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့အလိုငှါ ငါကြွလာပြီဟု မိန့်တော်မူ၏။
၃၉ ဂါလိလဲပြည် အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။