Sat the 3rd: The Most Holy Name of Jesus.
1 John 2:29-3:6; Ps 98:1-6; John 1:29-34
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:29-3:6);
၂၉ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကိုသိရကြ၏။
၁ ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင် ကို မသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။
၂ ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။
၃ ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ် ကိုကိုယ်သန့်ရှင်းစေတတ်၏။
၎ ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။
၅ ကိုယ်တော်သည် ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌လည်းအပြစ်မရှိ။
၆ ကိုယ်တော်၌ တည်နေသော သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ ဒုစရိုက်ကိုပြုတတ်သော သူမည်သည်ကား၊ ကိုယ်တော်ကို မသိမမြင်ရသေး။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-6);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:29-34);
၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
၃၀ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
၃၁ အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေးလျက်လာ၏။
၃၂ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။
၃၃ အစကထိုသူကိုငါမသိ။ ရေ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုပေးသောသူပေတည်း ဟု မိန့်တော်မူသည်နှင့်အညီ၊
၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။