(Optional memorial of Jane Frances de Chantal, religious.)
Sir 48:1-11; Ps 80:1-19; Matt 17:9-13
ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၄၈) (ှSir 48:1-11)း
၁။ ထိုအချိန်၌ ပရောဖက် ဧလိယသည် မီးတောက်မီးလျှံ သဖွယ် ပေါ်ထွန်းလာခဲ့၏။ သူ၏ စကားများသည် တောက်လောင်နေသော မီးဒုတ်ကဲ့သို့ ဖြစ်ကြ၏။
၂။ ဧလိယသည် သူတို့အပေါ်မှာငတ်မွတ်ခေါင်းပါးခြင်း ကပ်ဆိုက်ရောက် စေတော်မူပြီး သူ၏ စိတ်အားထက် သန်မှုကြောင့် သူတို့၏ အရေအတွက်ကို လျော့နည်း
၃။ စေခဲ့၏။ သခင်ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် သူသည် ကောင်းကင် တံခါးများကိုပိတ်လျက်မိုးမရွာ စေသကဲ့သို့ကောင်းကင်မှလည်းသုံးကြိမ်တိုင်တိုင် မီး
၎။ ကို ခေါ်ချခဲ့၏။ အိုဧလိယ၊သင်၏အံ့သြဖွယ်ကောင်း သော လုပ်ရပ်များ၌သင်သည် ဘုန်းတန်ခိုးကြီးမားလှ
၅။ ပေ၏။ သင့်ကိုယှဉ်၍မည်သူသည်<ကားဝါနိုင်ခွင့်ရှိသ နည်း။သင်သည်အမြင့်ဆုံးသောအရှင်သခင်၏နှုတ်ကပတ်တော်အားဖြင့်သင်သည်သေဆုံးပြီးသေမင်းနိုင်ငံ သို့ရောက်နေသောသူတစ်ယောက်ကို အသက်ပြန်ရှင်
၆။ စေခဲ့၏။ သင်သည် ဘုရင်များကို ပျက်စီးခြင်းသို့ ရောက်စေခဲ့ပြီး ထင်ပေါ် ကျော်ကြားသော သူတို့ကို
၇။ အိပ်ယာထက်တွင် သေကြေပျက်စီးစေ၏။ သင်သည် ဆီနိုင် တောင်ပေါ်တွင် ကြိမ်းမောင်းပြစ်တင်သံကို လည်းကောင်း၊ဟောရက်တောင်ပေါ်တွင်လက်စားချေ တော်မူမည့် စီရင်ချက်ကိုလည်းကောင်း ကြားခဲ့၏။
၈။ သင်သည် လူတို့အပေါ် ထိုက်သင့်သော အပြစ်ဒဏ် ရစေမည့် ဘုရင်များကို ဘိသိက်ပေး၍ သင့်ကိုဆက် ခံရန်ပရောဖက်များကို ဆီသွန်းလောင်းပေးခဲ့၏။
၉။ သင်သည် မီးတောက် မီးလျှံများ လည်ပတ်နေသော လေပွေကြီးထဲမှ၏ မြင်းရထားဖြင့် အထက်သို့ ပင့်
၁၀။ ဆောင်ခြင်း ခံခဲ့ရ၏။ ကျမ်းစာတွင်ရေးထားလျက်ရှိ သည့်အတိုင်း ဘုရားသခင်၏အမျက်တော်ကိုအချိန်မီ ငြိမ်းအေးစေရန်လည်းကောင်း၊ ဖခင်၏ နှလုံးသားကို သားဆီသို့ လှည့်လည်စေရန်လည်းကောင်း၊ယာကုပ် အမျိုးကိုပြန်လည်စုစည်းပေးရန်လည်းကောင်းသင့်ကို အဆင်သင့် ပြင်ဆင်ထားခဲ့၏။
၁၁။ သင့်အား တွေ့မြင့်လိုက်ရသော သူတို့နှင့် ချစ်ခြင်း၌ သေဆုံးခဲ့ကြသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူ ကား ငါတို့သည်လည်း ဧကန်မုချအသက်ရှင်ကြလိမ့် မည်။
ဆာလံကျမ်း အခန်းကြီး ၈(Ps 80:1-19);
၁ အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်ကို မြေကြီးတပြင်လုံး၌အလွန် ကြီးမြတ်တော် မူ၏၊၊ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏၊၊
၂ ကိုယ်တော်၏ ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေခြင်းငှါ၊ နို့စို့သူငယ်တို့၏ နှုတ်ထဲမှာ အစွမ်းသတ္တိကို စီရင်တော်မူ၏၊၊
၃ လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူ သောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
၎ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ၊၊
၅ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။
၆ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍
၇ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
၈ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊၊
၉ အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာဝရဘုရား ကိုယ်တော်၏ နာမသည် မြေကြီးတပြင်လုံး၌ အလွန် ကြီးမြတ်တော်မူသ နည်း၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:9-13);
၉ တော်ပေါ်မှဆင်းကြသောအခါ ယေရှုက၊လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင် သော ရူပါရုံကိုအဘယ်သူအားမျှမပြောကြနှင့်ဟုတပည့်တော်တို့ကိုပညတ်တော်မူ၏။
၁၀ ထိုအခါ တပည့်တော်တို့က၊ဧလိယသည်အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည်အဘယ်ကြောင့်ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
၁၁ ယေရှုက၊ ဧလိယသည် အရင်လာ၍အလုံးစုံတို့ကိုပြုပြင်ရသည်မှန်ပေ၏။
၁၂ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့်သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထိုနည်းတူလူသားသည်လည်းထိုလူများလက်၌ခံရမည် ဟုမိန့်တ်ာမူသော်၊
၁၃ ဗတ္တိဇံ ဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကိုတပည့်တော်တို့ သည်နားလည်ကြ၏။