Friday, 4 December 2015

4-DECEMBER-2015 (READING)

Fri the 4th:    (Memorial of John Damascene, priest and doctor.)
Isa 29:17-24; Ps 27:1-14; Matt 9:27-31

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၉ (Isa 29:17-24);

၁၇ လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့သို့င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့င်း ဖြစ်ရသောအချိန်နီးပြီ မဟုတ်လား။
၁၈ ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစကားကိုကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့်ကင်းလွတ်၍ မြင်ရကြလိမ့်မည်။
၁၉ စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကိုအမှီပြု၍၊ ဝမ်းမြောက်ခြင်းတိုးပွားကြလိမ့်မည်၊၊ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို အမှီပြု၍ရွှင်လန်းကြလိမ့်မည်။
၂၀ အကြောင်းမူကား၊ ကြောက်မက် ဘွယ်သော သူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကိုချောင်းမြောင်းသောသူ၊
၂၁ တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးမှာ အမှုသည်ကိုကျော့မိစေခြင်းငှာပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
၂၂ သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူသော ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်းမရှိရ၊၊
၂၃ ထိုအမျိုးသားတို့သည် ငါစီရင်သော အမှုကိုကိုမြင်လျှင် ငါ့နာမကိုမိမိတို့တွင် ရိုသေကြလိမ့်မည်၊၊ ယာကုပ်အမျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလ အမျိုး၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
၂၄ စိတ်သဘော ဖောက်ပြန်သောသူတို့သည် ပညာသတိကိုရကြ၍၊ ဆန့်ကျင်ဘက် ပြုသောသူတို့သည်လည်း၊ ဆုံးမသြဝါ စကားကို နာယူကြလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:1-14);

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Matt 9:27-31);

၂၇ ထိုအရပ်မှယေရှုသည် ကြွတော်မူစဉ်၊  မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကိုသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
၂၈ အိမ်သို့ဝင်တော်မူလျှင်၊ မျက်စိ ကန်းသောသူတို့သည် အထံတော်သို့ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကိုငါ တတ်နိုင်သည်ကိုယုံ သလောဟုမေးတော်မူလျှင်၊ ယုံပါ၏သခင်ဟုလျှောက်ကြ၏။
၂၉ ထိုအခါ သူတို့၏မျက်စိကို တို့တော်မူ၍၊ သင်တို့ယုံ ကြည်ခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟုမိန့်တော်မူလျှင်၊
၃၀ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှမသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။
၃၁ သို့သော်လည်း ထိုသူတို့သည်သွား၍ သိတင်းတော်ကို တပြည်လုံး၌နှံ့ပြားကျော်စောစေ၏။