Sunday, 6 December 2015

6-DECEMBER-2015 (READING)


Sun the 6th:    Psalter II, Advent Week 2.
                        (Optional memorial of Nicholas, bishop.)
Bar 5:1-9; Ps 126:1-6; Phil 1:4-11; Luke 3:1-6



ဘာရုအနာဂတ္တိကျမ်းအခန်းကြီး () (Bar 5:1-9)

၁။အိုဂျေရုဆလင်သင်၏၀မ်းနည်းငိုေ<ကးခြင်းကာလ၏  ၀တ်ရုံကို ချွတ်ခွာလော့။ ဘုရားသခင်၏အစဉ်ထာဝရ တောက်ပသော ဘုန်းဂုဏ်တော်ကိုဝတ်ဆင်လော့။
၂။ဘုရားသခင်ထံမှ လာသော သန့်ရှင်းဖြောင့်မတ်ခြင်း ၀တ်ရုံကို လွှမ်းခြုံလော့။ ထာဝရဘုရား သခင်၏ ဘုန်းဂုဏ်တော်  သရဖူကို သင်၏ ဦးခေါင်းပေါ်တွင် ဆောင်းထားပါလော့။
၃။အကြောင်းမူကားဘုရားသခင် သည် သင်၏ဂုဏ်ကျက်သရေကိုကောင်းကင်အောက် မှာ ရှိသူတိုင်းအား ပြတော်မူလိမ့်မည်။
၎။ဘုရားသခင်သည်သင်၏အမည်ကိုဖြောင့်မတ်ခြင်း၏ ငြိမ်းချမ်းသာယာမှုနှင့် ဘုရားတရားကြည်ညိုခြင်း၏ ဂုဏ်ကျက်သရေဟု အစဉ် ခေါ်ဝေါ်သမုတ်လိမ့်မည်။
၅။အို ဂျေရုဆလင်၊ ထလော့။ တောင်ထိပ်၌ ရပ်လျက် အရှေ့သို့ လှမ်းမျှော်ကြည့်လော့။ သန့်ရှင်းသောအရှင် သခင်၏ ဗျာဒိတ်တော်အတိုင်း သင်၏ သားသမီးတို့ သည် နေထွက်ရာအရပ်နှင့်နေ၀င်ရာအရပ်အထိစုဝေး ရောက်ရှိလာကြသည်ကို ကြည့်လော့။ ဘုရားသခင် သည်သူတို့ကိုသတိရတော်မူသောကြောင့်သူတို့သည်
၆။ဝမ်းမြောက်ရွှင်လန်းလျက် ရှိကြ၏။ သူတို့ကို ရန်သူ များ ခေါ်ဆောင်စဉ်က သူတို့သည်သင့်ထံမှ ခြေလျင် ထွက်ခွာသွားခဲ့ကြရ၏။သို့သော်ဘုရားသခင်သည်သူတို့ကို ရာဇပလင်ပေါ်တွင်သယ်ဆောင်သကဲ့သို့ဘုန်း ကျက်သရေနှင့် သင့်ထံသို့ပြန်လှည့် လာလိမ့်မည့်။
၇။အကြောင်းမူကားဘုရားသခင်သည်မြင့်သောတောင်ရှိသမျှတို့နှင့် ရှုမျှော်မဆုံးနိုင်သော ကုန်းမြင့်များကိုနိမ့် စေတော်မူ၍ချိုင့်ဝှမ်းများ၊လျှိုများတို့ကိုပြည့်စေလျက် ညီညာသောမြေပြင်ဖြစ်စေရန် အမိန့်တော်ရှိ၏။ သို့မှ သာအစ္စရေးလ်လူမျိုးသည်ဘုရားသခင်၏ဘုန်းတော် ဂုဏ်တော်၌ လုံဉခံဘေးကင်းစွာ လျှောက်လှမ်းလာနိုင် လိမ့်မည်။
၈။မွှေးကြိုင်သော နံ့သာပင်တို့နှင့်တောအုပ်များပင်လျှင် ဘုရားသခင်၏ အမိန့်တော်အတိုင်း အစ္စရေးလ်ကို
၉။အရိပ်အာဝါသ ပေးကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် အစ္စရေးလ် လူမျိုးတို့အား မိမိ လူမျိုးတို့အားဝမ်းမြောက်ပျော်ရွှင်ခြင်းဖြင့်မိမိ၏ဘုန်းတော်ဂုဏ်တော်၏ အလင်းရောင်အောက်တွင် ကိုယ် တော်၏သနားကရုဏာတော်နှင့်ဖြောင့်မတ်ခြင်းတို့ခြံရံလျက် ဦးဆောင်တော်မူမည်။


ဆာလံကျမ်း အခန်းကြီး ၁၂၆(Ps 126:1-6);

၁ ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတ်ာမူသောအခါ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ်ကြ၏။
၂ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့လျှာသည် သီဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏။
၃ ထာဝရ ဘုရားသည် ငါတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်ရှိနေကြ၏။
၎ အိုထာဝ ဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေ တော်မူပါ။
၅ မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
၆ မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၁ (Phil 1:4-11);

၃-၅ ငါသည်ဆုတောင်းပဌနပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကိုအစဉ် ဆုတောင်း ပဌနာပြုလျက်၊ သင်တို့ကိုအောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍  ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆကဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော် ကိုချီးမွမ်းပါ၏။
၆ သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မှုသော သူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။
၇ ရှိသမျှသောသင်တို့၏ အမှုအရာ၌ဤသို့ငါယူအပ်၏။ အကြောင်း မူကား၊ ငါခံရသောကျေးဇူးတော်ကိုသင်တို့ အပေါင်းသည်ဆက်ဆံကြသည် ဖြစ်၍၊ ငါသည်အကျဉ်းခံရသော်၎င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကိုတည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
၈ ငါသည်သင်တို့အပေါင်းကို ယေရှုခရစ်၏မေတ္တာကရုဏာနှင့် အဘယ်မျှလောက်လွမ်းသည်ဟု ဘုရား သခင်သည် ငါ့သက်သေဖြစ်တော်မူ၏။
၉ ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည်ခြားနားသော အရာတို့ကိုပိုင်ခြားစေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊
၁၀ မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်းပဌနာပြု၏။



ရှင်လုကာခရစ်ဝင် အခန်းကြီး ၃ (Luke 3:1-6);

၁ ကဲသာဘုရင်တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီ ဖိလိပ္ပုသည်စော်ဘွားအရာ၊ အဘိလင်ပြည်၌လုသာနိသည်စော်ဘွားအရာ၊
၂ အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးသီးရှိကြ သောအခါ၊ တော၌ရှိသောဇာခရိ၏ သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကိုခံရ၏။
၃-၆ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်း ကိုပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကိုဖြိုရမည်။ ကောက်သောလမ်းများ ကိုဖြောင့်စေရမည် ကြမ်းတမ်းသောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းကို မြင်ရကြလတံ့ ဟုလာသည်နှင့်အညီ၊ ယောဟန်သည်ယော်ဒန်မြစ်နား၌ အနှံအပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ၏။