Saturday, 5 December 2015

5-DECEMBER-2015 (READING)

Sat the 5th:    Isa 30:19-26; Ps 147:1-6; Matt 9:35-10:1-8

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၀ (Isa 30:19-26);

၁၉ ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည်အစဉ် ငိုကြွေးရမည် မဟုတ်၊၊ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်၊၊
၂၀ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်၊၊ ထာဝရဘုရားသည် သင့်အား  ဒုက္ခမုန့်ကို ကျွေး၍ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍မနေ ရကြ၊၊ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်၊၊
၂၁ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊
၂၂ ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသောရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟုဆိုရလိမ့်မည်၊၊
၂၃ သင်သည်လယ်၌ ကြဲသော မျိုးစေ့တို့ မိုဃ်းကိုရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်၊၊ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်၊၊
၂၄ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍ ကောင်းမွန်စွာရောနှောသော စပါးကို သာမြေ၌လုပ်သော နွားနှင့်မြည်းတို့သည်လည်း စားရကြလိမ့်မည်၊၊
၂၅ များစွာသော လူတို့ကို သတ်၍ ရဲတိုက်တို့သည် ပြိုလဲသောအခါ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့်ချောင်းများကြလိမ့် မည်၊၊
၂၆ ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူ့တို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူ သောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက်ခုနစ်ဆလင်းလိမ့် မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:1-6);

၁ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့၊၊ ငါတို့၏ ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျှောက်ပတ်သည်ဖြစ်၍ ထောမနာ သီချင်းဆိုကြလော့၊၊
၂ ထာဝရဘုရား သည် ယေရုရှလင်မြို့ကို တည်ဆောက်၍ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသာတို့ကို စုဝေးစေတော်မူ၏၊၊
၃ စိတ်ကြေမွသောသူတို့ ကို နှစ်သိမ့်စေမူ၍ သူတို့၏ အနာကို ကုတော်မူ၏၊
၎ ကြယ်များကို ရေတွက်၍ အသီးအသီးတို့ကို သမုတ်တော် မူ၏၊၊
၅ ငါတို့၏ ဘုရားရှင်သည် ကြီးမြတ်တော်မူ၏၊၊ တန်ခိုးတော်လည်းကြီး၏၊၊  ဥာဏ်တော်သည် အနန္တဖြစ်၏၊၊ 
၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍ မတရားသော သူတို့ကိုကား မြေပေါ်မှာ လှဲတော်မူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Matt 9:35-10:1-8);

၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
၃၆ အကြောင်းမူကား၊ ထိုသူတို့သည်ပင်ပန်းသည် ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။
၃၇ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သော သူတို့သည် နည်းကြ၏။ ၃၈ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
၁ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာ၎င်း အခွင့်ပေးတော်မူ၏။
၂ တစ်ကျိတ်နှစ်ပါးသောတပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊
၃ ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ့ညီ ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊
၎ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။
၅ ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါး အမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိ မြို့ရွာထဲသို့ မဝင်ကြနှင့်။
၆ ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အရင်သွားကြလော့။
၇ သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။
၈ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသော သူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲပေးကမ်း ကြလော့။