Wed the 23rd: (Optional memorial of Turibius de Mongrovejo, bishop.)
Isa 50:4-9; Ps 69:8-34; Matt 26:14-25
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၅၀ (Isa 50:4-9);
၎ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဘက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားကို သွား ၍ ရှာကြလိမ့်မည်။
၅ ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကိုရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယဖွဲ့ကြလိမ့်မည်။
၆ ငါ၏ လူတို့သည် ပျောက်သောသိုးများဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။
၇ သူတို့ကို တွေ့ကြုံရသမျှသော သူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က သူတို့သည် တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ငါတို့ သည် ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။
၈ ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။
၉ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင် ခဲ့မည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်၊၊ သူတို့ပစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
ဆာလံကျမ်း အခန်းကြီး ၆၈ (Ps 69:8-34);
၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာ တော်ကြောင့်၊ သိနာတောင်သည်လည်းတုန်လှုပ်၏။
၉ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကိုများစွာ ရွာစေ၍ ပင်ပန်းသော အမွေတော်လူတို့ကိုထောက်မတော်မူ၏၊၊
၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရပါ၏။ အိုဘုရား သခင် ဆင်းရဲသောသူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
၁၁ ဘုရားရှင်အမိန့်တော်ရှိ၍ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသောသူတို့သည် အတိုင်းမသိများကြ၏။
၁၂ စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သောမိန်းမတို့သည် လက်ရဥစ္စာကိုဝေမျှကြ၏။
၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်ငွေနှင့်မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း နီသောရွှေနှင့်မွမ်းမံသောအမွေးကဲ့သို့၎င်း ဖြစ်လိမ့်မည်။
၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည် ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသော အရပ်သည်ဇာလ မုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ဖြစ်လေ၏။
၁၅ ဘုရားသခင်၏တောင်တည်း ဟူသောဗာရှန်တောင် မြင့်သောထိပ်များနှင့် ပြည့်စုံသောဗာရှန် တောင်တို့
၁၆ သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ဘုရားသခင်ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
၁၇ ဘုရားသခင်၏ ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
၁၈ ကိုယ်တော်သည် မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့် များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူ မည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန်သောလူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ၊၊
၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေ သတည်း၊ ငါတို့ကို သူတပါးညှင်းဆဲသောအခါ ဘုရားသခင် ကယ်တင်တော်မူ၏၊၊
၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏၊၊ ဘုရားအရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏၊၊
၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း အပြစ်ပြုမြဲပြုသောသူတို့၏ ဦးသျှောင်ကို၎င်း၊ ဧကန်အမှန် နှိပ်စက်တော်မူမည်။
၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်၊၊ နက်နဲသောပင်လယ် ထဲက ငါဆောင်ခဲ့ဦးမည်၊၊
၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍ သင်၏ ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မှု၏၊၊
၂၄ အိုဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ၊၊
၂၅ ရှေ့၌ကား သီချင်းဆိုသောသူ နောက်၌ကား စောင်းအမျိုးမျိုးကိုတီးသော သူ၊ အလယ် ၌ကား ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏၊၊
၂၆ ဣသရေလ အမျိုးသားတို့ ပရိသတ် အစည်းအဝေးတို့၌ ထာဝရအရှင်ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့၊၊
၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍ မိမိအလုံးအရင်းနှင့် တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏၊၊
၂၈ အိုဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ၊၊ အိုဘုရားသခင် အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ၊၊
၂၉ ယေရုရှလင်မြို့၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင် တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော၊၊
၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥသဘ အစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း၊ ဆုံးမတော်မူသဖြင့် အသီးအသီး တို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မူကို နှစ်သက်သောလူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါ စေသော၊ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင် အမြန်ဆန့်ရပါစေသော၊၊
၃၂ မြေကြီးနိုင်ငံတို့ ဘုရားသခင်ရှေ့တော် ၌ သီချင်းဆိုကြလော့၊၊
၃၃ အစအဦး၌ အထက်ကောင်းကင် ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အသံတော်ကို လွှတ်တော်မူ၍ အားကြီးသောအသံဖြစ်၏၊
၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊ ဣသရေ လအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက် တန်ခိုးတော်လည်း မိုဃ်းတိမ် တို့တွင် ထင်ရှားလျက် ရှိသတည်း၊၊
၃၅ အိုဘုရား သခင် ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏၊၊ ဣသရေလအမျိုး၏ ဘုရားသ ခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို ပေးတော်မူသော ဘုရားပေတည်း၊ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ သတည်း၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၆ (Matt 26:14-25)
၁၄ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီး တို့ထံသို့ သွား၍၊
၁၅ အကျွန်ုပ်သည် ယေရှုကိုကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက် သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။
၁၆ ထိုအခါမှစ၍ ကိုယ်တော်ကို အပ်ခြင်းငှါအဆင်သင့် သောအချိန်ကာလကိုရှာကြံလျက်နေ၏။
၁၇ အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကိုစား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟုမေးလျှောက် ကြသော်၊
၁၈ ကိုယ်တော်က၊ မြို့တွင်ဤမည်သောသူ၏ အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား ငါ့အချိန်နီးပြီး၊ သင့်အိမ်၌ ငါ့တပည့် တို့နှင့်တကွ ပသခါပွဲကိုငါခံမည်ဟု ထိုသူကိုပြောကြလော့ဟုမိန့်တော်မူ၏။
၁၉ တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကိုပြင်ဆင်ကြ၏။
၂၀ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌လျောင်းတော်မူ၏။
၂၁ စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင်တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူ လျှင်၊
၂၂ တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီး မေးလျှောက်ကြ၏။
၂၃ ကိုယ်တော်ကလည်း ငါနှင့်အတူပုကန်တွင်လက်နှိုက်သော သူသည်ငါ့ကိုအပ်နှံလိမ့်မည်။
၂၄ ကျမ်းစာလာသည် အတိုင်းလူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည်အမင်္ဂလာရှိ၏။ ထိုသူသည်ဘွားမြင် ခြင်းကိုမခံရလျှင်အနေသာ၍ ကောင်းသည် ဟု မိန့်တော်မူ၏။
၂၅ ကိုယ်တော်ကိုအပ်နှံမည့်သူယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည်အတိုင်း မှန်သည်ဟုပြန်ပြောတော်မူ၏။