Tuesday, 1 March 2016

1-MAR-2016 (READING LENT3-YC-C2)

Tue the 1st: Dan 3:25-43; Ps 25:4-9; Matt 18:21-35

ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၃) (ီDan 3:25-43)း

၂၅။အဇာရိယသည် မီးတောက်များ အလယ်တွင်ရပ်နေ လျက်  ကျယ်လောင်စွာ ဆုတောင်းသည်ကား အို
သခင် တပည့်တော်တို့ ဘိုးဘေးများ၏ ဘုရား ကိုယ်တော်အား ကောင်းချီးမင်္ဂလာနှင့် ချီးမွမ်းထော ပနာရှိပါစေသော်။
၂၆။ကိုယ်တော်၏နာမတော်အား ကာ လအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။
၂၇။ အကြောင်းမူကားကိုယ်တော်သည်တရားမျှတတော်မူ၏။ကိုယ်တော်လုပ်ဆောင်သမျှတို့သည်မှန်ကန်ကြ၍၊ ကိုယ်တော်၏လမ်းများသည်လည်းဖြောင့်မှန်ကြပါ၏
၂၈။တပည့်တော်တို့အပေါ်၌လည်းကောင်း၊တပည့်တော်တို့ ဘိုးဘေးများ၏ သန့်ရှင်းသော ဉမိ့တော်ဖြစ်သော ဂျေရုဆလင်ဉမိ့အပေါ်၌လည်းကောင်း ကိုယ်တော် ကျ ရောက်စေသော ဘေးဒဏ်တို့၌ ကိုယ်တော်သည်သင့် လျော်သောတရား စီရင်ချက်ကို ဉပတော်မူခဲ့ပြီ။ တပည့်တော်တို့၏အပြစ်များကြောင့် ထိုက်တန်သောစီ ရင်ချက်တို့ဖြင့် ကိုယ်တော်သည် ဤအရာများကိုဉပခဲ့ ခြင်း ဖြစ်ပါ၏။
၂၉။ကိုယ်တော်ထံပါးမှစွန့်ခွါခြင်းဖြင့်တပည့်တော်တို့သည်အပြစ်ဉပမိကြ၍ဖောက်ပြန်ခဲ့ကြပါ၏။တပည့်တော်တို့သည်အမျိုးမျိုးသောအပြစ်များ ကိုကျူးလွန်ခဲ့ကြပါ၏။
၃၀။ကိုယ်တော်၏ ပညတ်ဥပဒေ ကို တပည့်တော်တို့ နားထောင်လိုက်နာခြင်းမရှိခဲ့ကြ သည့် အပြင်တပည့်တော်တို့၏ ကောင်းကျိုးအတွက်  ကိုယ်တော် သွန်သင်မိန့်မှာ သမျှကိုလည်း တပည့်
၃၁။တော်တို့ မဉပလုပ်ခဲ့ကြပါ။ ထို့ကြောင့် တပည့်တော် တို့အပေါ်မှာ ကိုယ်တော် ဆောင်ကြဉ်းတော်မူခဲ့သမျှ နှင့် တပည့်တော်တို့ကို ကိုယ်တော် ဉပတော်မူသမျှ တို့သည်  ထိုက်သင့်သော စီရင်ချက်အတိုင်းဉပလုပ်
၃၂။ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ၏။ ကိုယ်တော်သည်တပည့် တော်တို့အား ဥပဒေမဲ့၍ဆိုးညစ်ယုတ်မာသောသူများ၊ မတရားမညှာတာသော ဘုရင်နှင့် ကမ္ဘာတစ်ခွင်လုံး တွင်အဆိုးဆုံးဖြစ်သောရန်သူများလက်သို့အပ်နှံတော်
၃၃။မူခဲ့ပြီ။ယခုမူကား တပည့်တော်တို့သည် မိမိတို့နှုတ်ကို ပင်မဖွင့်နိုင်တော့ပါ။ ကိုယ်တော်ကို ရိုသေရှိခိုးသော တပည့်တော်တို့သည် ရှက်ကြောက်ခြင်းနှင့် ပြစ်တင်
၃၄။ရှုတ်ချခြင်းကိုခံနေရပါ၏။ကိုယ်တော်၏နာမတော်ကို ထောက်ထား သောအားဖြင့် တပည့်တော်တို့ကို အစဉ် ထာဝရ စွန့်ပစ်ထားတော်မမူပါနှင့်။ ကိုယ်တော် ၏ပဋိညာဉ်တော်ကိုလည်း ပျက်ပြယ်မသွားပါစေနှင့်။
၃၅။ကိုယ်တော်ချစ်သောအာဘရာဟမ်ကိုယ်တော်၏အစေခံအီဇတ်၊ ကိုယ်တော်၏ သန့်ရှင်းသောအစ္စရေးလ်တို့ ၏မျက်နှာကိုထောက်၍ကိုယ်တော်၏သနားကရုဏာ တော်ကိုတပည့်တော်တို့မှ ရုတ်သိမ်းတော်မမူပါနှင့်။
၃၆။ကိုယ်တော်သည်သူတို့၏သားစဉ်မြေးဆက်ကိုကောင်းကင်ရှိကြယ်များကဲ့သို့လည်းကောင်း၊ပင်လယ်ကမ်းခြေရှိသဲများကဲ့သို့လည်းကောင်းတိုးပွားစေမည်ဟုသူတို့ကိုကတိထားတော်မူခဲ့ပါသည်။
၃၇။အို သခင်ဘုရား၊တပည့်တော်တို့၏အပြစ်များကြောင့် တပည့်တော်တို့သည် အရေအတွက် လျော့နည်းခဲ့၍  ယနေ့ ကမ္ဘာပေါ်ရှိ  နိုင်ငံရှိသမျှတို့တွင် အနိမ့်ဆုံးသို့
၃၈။ ရောက်ခဲ့ရပါသည်။တပည့်တော်တို့သည်ယခုအချိန်၌ ဘုရင်မဲ့၊ ပရောဖက်မဲ့၊ ခေါင်းဆောင်မဲ့ဖြစ်ကြရပြီး၊ ကိုယ်တော်၏ရှေ့မှာမျက်နှာရ စေခြင်းငှါ မီးရှို့ယဇ် ပူဇော်ခြင်း၊ ပူဇော်သက္ကာနှင့် အလှူဆက်ကပ်ခြင်း၊ လော်ဗန်နံ့သာပူဇော်ခြင်းတို့နှင့်သီးဦးသီးဖျားများကို
၃၉။ လှူဒါန်းရန် နေရာပင်မရှိဘဲဖြစ်နေရပါ၏။သို့သော် တပည့်တော်တို့၏နောင်တရသောနှလုံးသားနှင့်နှိမ့်ချသော စိတ်သည်ကိုယ်တော် လက်ခံဖွယ်ရာဖြစ်စေပါ။
၄၀။ သိုးထီးများနှင့် နွားများကို မီးရှို့ပူဇော်သောယဇ်နှင့် ထောင်ပေါင်းများစွာသော ၀ဉဖိးသည့် သိုးများကဲ့သို့ တပည့်တော်တို့သည်ကိုယ်တော်၏ နောက်သို့စိတ်ပါ ကိုယ်ရောက်လိုက်သည်အခါ၊ ကိုယ်တော်ရှင်၏ရှေ့ မှောက်တော်တွင် ယနေ့တပည့်တော်တို့ဆက်ကပ်ကြ သော ပူဇော်သက္ကာ ဖြစ်စေပါ။ အကြောင်းမူကား ကိုယ်တော်၌ယုံကြည်ကိုးစားသောသူသည်အရှက်တ
၄၁။ ကွဲမဖြစ်ရသောကြောင့်တည်း။ယခုလည်းတပည့်တော်တို့သည် ကိုယ်တော်၏ နောက်သို့စိတ်နှလုံးအပြည့် အ၀ဖြင့်လိုက်ကြ၍၊ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြ လျက်ကိုယ်တော်ထံသို့ဆုပန်တောင်းလျှောက်ကြပါ
၄၂။ သည်။ တပည့်တော်တို့ကို အရှက်တကွဲမဖြစ်စေပါ
၄၃။ နှင့်။ ကိုယ်တော်၏ သနားကြင်နာခြင်းနှင့်ကရုဏာ တော်အားဖြင့် ဉပတော်မူပါ။ ကိုယ်တော်၏ အံ့ဖွယ် တန်ခိုးတို့ဖြင့် တပည့်တော်တို့ကို ကယ်တင်တော်မူ၍ ကိုယ်တော်၏ နာမတော်ကို ဘုန်းဂုဏ်တော်တိုးပွား စေတော်မူပါ အို သခင်ဘုရား။


ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-9);

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:21-35)

၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။
၂၂ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။
၂၃ ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှါ အလိုရှိသောမင်းကြီးတဦး နှင့်တူ၏။
၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တသိန်းကြွေးတင်သော သူတယောက်ကိုရှေ့တော်သို့ ဆောင်ခဲ့ကြ၏။
၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။
၂၆ ထိုကျွန်သည် ညွတ်ပြပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည် ဟု လျှောက်လျှင်၊
၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
၂၈ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။
၂၉ ထိုကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကိုမဆပ်မှီတိုင်အောင်သူ့ကိုထောင်ထဲမှာ လှောင်ထား၏။
၃၁ အခြားသော ကျွန်ချင်း တို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
၃၂ ထိုအခါသခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင် သမျှသော ကြွေးကိုငါ ရှင်းလင်း စေ၏။
၃၃ ငါသည်သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ် သလောဟုဆိုလျက်၊
၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီ တိုင်အောင်အာဏာသားတို့လက်ကို အပ်လေ၏။
၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတံ့ဟုမိန့်တော်မူ၏။