Wednesday, 9 March 2016

9-MAR-2016 (READING LENT4-YC-C2)

Wed the 9th: (Optional memorial of Frances of Rome, religious.)
Isa 49:8-15; Ps 145:8-18; John 5:17-30

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၉ (Isa 49:8-15);

၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သော အချိန်၌ သင်၏စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကိုမစပြီ။ သင့်ကိုလည်း ငါစောင့်ရှောက်၍။ သင်သည်ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသောအမွေခံရာ အရပ်တို့ကို အမွေပေးမည် အကြောင်း၊
၉ ထွက်ကြလော့ဟု ချုပ်ထားသောသူတို့အားင်း၊ ပေါ်လာကြလော့ဟု မှောင်မိုက် ထဲမှာနေသော သူတို့အားင်း ပြောစေမည်အကြောင်း၊ လူမျိုးအားပဋိညာဉ်တရားကို ပြုစုရာဘို့ သင့်ကိုခန့်ထားမည်။ သို့ဖြစ်၍၊ လမ်းခရီးတို့အနားမှာ စားရ၍ မြင့်သောအရပ်ရပ်တို့၌ ကျက်စားရာကို တွေကြရလိမ့်မည်။
၁၀ သူတို့သည် အစာရေစာ ကိုမငတ်မွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည် မထိရ။ အကြောင်မူကား၊ သူတို့ကိုသနားသော သူသည် သူတို့ကိုပို့ဆောင်၍ စမ်းရေတွင်း အနားသို့ လမ်းပြလိမ့်မည်။
၁၁ ငါ၏ တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေမည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့ရမည်။
၁၂ ကြည့်ရှု့လော့။ ဤသူတို့သည် မြောက်မျက်နှာနှင့် အနောက်မျက်နှာမှင်း၊ ထိုသူတို့သည်လည်း သိနိမ်ပြည်မှင်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၃ အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်တော်မူ၏။ ဆင်းရဲခံရ သော မိမိလူတို့ကို ကယ်မသနားတော်မူ၏၊၊
၁၄ ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီဟု ဆိုလေသော်။
၁၅ မိန်းမသည်မိမိဘွားသော သားကိုမသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင် သလော။ အကယ်၍မေ့လျော့သော်လည်း၊ သင့်ကိုငါမမေ့လျော့။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:8-18);

 ၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို  ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေး တော်မူ၏၊၊
၁၆ လက်တော်ကို ဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်း သောအမှုတော် တို့သည် သန့်ရှင်းကြပါ၏။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာ ပြုသောသူအပေါင်း၊ တို့၏အနီး အပါး၌ ရှိတော်မူ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၅ (John 5:17-30)

၁၇ ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏ဟု ပြန်ပြော တော်မူ၏။
၁၈ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရား သခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူ တို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။
၁၉ ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသော အမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူ သမျှအတိုင်း သားတော်လည်းပြု၏။
၂၀ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏။ သင်တို့သည် အံ့ဘွယ်ရှိစေခြင်းငှါ ဤမျှမကသာ၍ကြီးစွာသော အမှုအရာ တို့ကို သားတော်အား ပြတော်မူလိမ့်မည်။
၂၁ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေ တော်မူ သကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။
၂၂ လူအပေါင်း တို့သည် ခမည်းတော်ကို ရိုသေသည် နည်းတူ၊
၂၃ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရား စီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။
၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကား သံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက်လျက်ရှိ၏။
၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
၂၇ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။
၂၈ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊
၂၉ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
၃၀ ငါသည် ကို်ယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ် တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။