Mon the 3rd: Dan 13:1-62; Ps 23:1-6; John 8:1-11
ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၁၃) (ီညေ ၁၃ါ်၁-၆၂)း
ဒါနီအဲလ်အနာဂါတ္တိကျမ်းတွင်ထည့်သွင်းသော အဖြစ်အပျက်သုံးခု ဆူဇန္နား၏အကြောင်း
၁။ ဘာဘီလွန်ပြည်၌ ဂျော်ကင်းအမည်ရှိသော သူတစ်
၂။ ယောက် နေထိုင်ခဲ့၏။ သူသည် ဟီလ်ကိယ၏သမီး ဖြစ်သော ဆူဇားနာဟုခေါ်သော လှပချောမောသည့် မိန်းကလေး တစ်ယောက်ကို ထိမ်းမြှားလက်ထပ်ခဲ့
၃။ ၏။ သူမ၏မိဘများသည် ဖြောင့်မတ်သော သူများ ဖြစ်၍မိုးဇက်၏ ပညတ်တရားတော်အတိုင်း သူမကို
၎။ ဆုံးမ သွန်သင်ခဲ့ကြ၏။ ဂျော်ကင်းသည် ချမ်းသာြွကယ်ဝသော သူတစ်ယောက်ဖြစ်ပြီး၊ သူ၌မိမိအိမ်နှင့် ကပ်လျက်ခြံဥယျာဉ်တစ်ခုရှိလေ၏။
၅။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများထက် ပို၍လေးစား ရိုသေခံရသောကြောင့် ဖြစ်၏။ အသက်ကြီးသူနှစ်ဦး သည် လူတို့ထဲမှ ရွေးချယ်ခံရ၍ထိုနှစ်တွင်တရားသူ ကြီးအဖြစ် ထမ်းဆောင် နေကြ၏။
၆။ ထိုကဲ့သို့သော သူများအတွက် သခင်ဘုရား မိန့်တော်မူသည်မှာ မကောင်းဒုစရိုက်သည်ဘာဘီလွန်ပြည်သို့လူအများကိုအုပ်ချုပ်ရသောတရားသူကြီးအဖြစ်ဆောင်ရွက်ရသည့် သက်ကြီးဝါကြီးတို့မှလာသည်ဟုဆိုသတည်း။
၇။ လူအပေါင်းတို့သည် ဤသူနှစ်ဦးထံသို့ သူတို့၏အမှု ကိစ္စများကို ယူဆောင်လာလေ့ရှိကြ၏။ သူတို့နှစ်ဦး သည်လည်း ဂျော်ကင်း၏အိမ်သို့မကြာခဏလာလေ့ရှိ
၈။ ကြ၏။နေ့လည်မွန်းတည့်ချိန်၌လူများပြန်သွားသောအခါ ဆူဇားနာသည် မိမိခင်ပွန်း၏ခြံဥယျာဉ်အတွင်း
၉။ ၌ လမ်းလျှောက်လေ့ရှိ၏။ ထိုသက်ကြီးဝါကြီး နှစ် ယောက်တို့သည် သူမ နေ့စဉ်လမ်းလျှောက်ထွက်လာ ခြင်းကို မြင်တွေ့ကြသောအခါသူမကိုလိုချင်တပ်မက်
၁၀။ သောစိတ်များစတင်ပေါ်ပေါက်လာကြ၏။သူတို့သည် စဉ်းစားဆင်ခြင်တုံတရားကို ဖယ်ရှားပြီး၊သူတို့မျက်စိ များကို ကောင်းကင်သို့မော်ကြည့်ရန်လည်းမကြိုးစား ကြတော့ဘဲ တရားမျှတစွာ စီရင်ခြင်းများကိုလည်း
၁၁။ မေ့လျောနေကြ၏။ သူတို့နှစ်ဦးစလုံးသည် ဆူဇားနာ အား စွဲလန်းတပ်မက်နေကြသော်လည်းတစ်ယောက် ကိုတစ်ယောက် မိမိ ရမ္မက်ကို ဖွင့်မပြောကြသေးချေ။
၁၂။ အကြောင်းမူကား သူတို့သည် သူမကိုရယူပိုင်ဆိုင်လို သော တဏှာရာဂစိတ်ကို ဖွင့်ပြောရန်ရှက်နေကြ၏။
၁၃။ မည်သို့ပင် ဖြစ်စေ တစ်နေ့ထက်တစ်နေ့သူတို့သည်
၁၄။ သူမကို နေ့စဉ်မြင်နိုင်ရန် ကြိုးစားကြ၏။ တစ်နေ့၌ သူတို့အချင်းချင်း ပြောဆိုကြသည်မှာနေ့လည်စာစား ချိန်ကျရောက်ပြီဖြစ်၍ ငါတို့သည်အိမ်သို့ပြန်ကြစို့ဟု
၁၅။ ဆိုကြ၍ပြန်သွားကြ၏။ သို့သော် နှစ်ယောက်စလုံး သည် ပြန်လာကြသဖြင့် သူတို့ချင်းတွေ့ဆုံကြသော အခါ တစ်ယောက်နှင့်တစ်ယောက် အကျိုးအကြောင်း မေးမြန်းကြလေ၏။ ထိုအခါ သူတို့သည် မိမိတို့၏ တဏှာရမ္မက်ကို အသီးသီး ဝန်ခံကြလျက် သူမကို တစ်ယောက်တည်း တွေ့နိုင်မည့်အချိန်ကို ရှာကြံရန်
၁၆။ သဘောတူညီကြလေ၏။တစ်နေ့၌သူတို့သည်အခွင့်အခါကောင်းကို စောင့်မျှော်နေစဉ် သူမသည် ထုံးစံ အတိုင်း အစေခံမိန်းမနှစ်ဦးဥယျာဉ်ထဲသို့ဝင်လာလေ
၁၇။ ၏။ ရာသီဥတုပူပြင်းလှသောကြောင့်သူမသည်ရေချိုး ရန်ဆုံးဖြတ်လေ၏။ ထိုနေရာတွင်ပုန်းအောင်းနေရာမှ သူမကိုချောင်းမြောင်းကြည့်ရှုနေကြသောအသက်ကြီး
၁၈။ သူနှစ်ဦးမှအပမည်သူမျှမရှိချေ။သူမကအစေခံမိန်းမတို့အား ]ဆီအနည်းငယ်နှင့် နံ့သာအမွှေးအကြိုင် ငါထံသို့ယူလာကြ၍ငါရေချိုးနေခိုက်ဥယျာဉ်တံခါးကို
၁၉။ ပိတ်ထားကြလော့}ဟု အမိန့်ပေးလေ၏။ သူတို့သည် လည်း သူမအမိန့်ပေးသည့်အတိုင်းြုပကြ၍ ဥယျာဉ် တံခါးကိုပိတ်ကြပြီးမှ ဘေးတံခါးပေါက်မှ ထွက်သွား ကြပြီး သူမမှာကြားသည့် အရာများကို သွားရောက် ယူဆောင်ကြ၏။ သူတို့သည် ဥယျာဉ်အတွင်း၌ အသက်ကြီးသူ နှစ်ယောက် ပုန်းအောင်းနေသည်ကို
၂၀။ လုံးဝမသိကြချေ။ အစေခံမိန်းမများ ထွက်သွားလျှင် သွားချင်း အသက်ကြီး သူနှစ်ယောက်သည် ထ၍
၂၁။ သူမထံသို့ အလျင်အမြန် သွားကြပြီးမှ။ သူမအား ပြောကြသည်မှာ ]]ကြည့်လော့၊ ဥယျာဉ်တံခါးများ သည် ပိတ်ထားလျက်ရှိ၏။ မည်သူမျှ ငါတို့ကို မမြင်နိုင်သည်ဖြစ်၍ ငါတို့၏ဆန္ဒကို လိုက်လျောပြီး
၂၂။ ငါတို့နှင့် လဲလျောင်းပါလော့ဟု ဆိုကြ၏။ အကယ် ၍ သင်သည်ငါတို့ကိုငြင်းဆန်ပါကသင်သည်အစေခံ မိန်းမများကို ပြန်လွှတ်၍ လူငယ်တစ်ဦးနှင့်အတူနေ ကြောင်းကို ငါတို့ သက်သေထွက်ဆိုကြမည်ဟူ၍
၂၃။ လည်း ခြိမ်းခြောက်ကြ၏။ ဆူဇားနာသည်လည်း သက်ပြင်းချလျက်ငါသည်ထောင်ချောက်တွင်မိလျက် ရှိနေလေပြီ။ငါအလျှော့ပေးလိုက်လျှင်ငါသေရပေလိမ့်
၂၄။ မည်။ ငါငြင်းဆန်ပါက ငါသည်သင်တို့လက်မှလွတ် နိုင်မည် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်ရှေ့မှာ အပြစ်ထဲသို့ရောက်ရ သည်ထက်ငါသည် အပြစ်ကင်းမဲ့ စွာသင်တို့၏ဩဇာအာဏာအတွင်းသက်ဆင်းရသည်
၂၅။ ကငါ့အတွက်ပို၍ကောင်းပေသည်ဟုဆို၏။ထို့နောက်
၂၆။ ဆူဇားနာသည်အစွမ်းကုန်အော်ဟစ်လေ၏။ သူတို့ ထဲမှတစ်ယောက်သည် ပြေးသွား၍ ဥယျာဉ်တံခါး များကိုဖွင့်လေ၏။
၂၇။ အိမ်ထဲမှာရှိသော လူများသည် ဥယျာဉ်အတွင်းမှ အော်ဟစ်သံများကို ကြားလျှင် ဘေးတံခါးများမှပြေး ဝင်လာကြ၍ သူမ၌ မည်သို့ဖြစ်သည်ကို လာကြည့် သူသည်လည်း သူတို့အလယ်မှာရပ်လျက်ဆက်လက် ပြောဆိုသည်မှာအစ္စရေးလ်အမျိုးသမီးတစ်ယောက်ကိုအသေအချာ စစ်ဆေးကြားနာခြင်းလည်းမရှိ၊ထင်ရှား သောအထောက်အထားလည်းမပါဘဲသေဒဏ်စီရင်ကြသော သင်တို့သည်ဤမျှလောက် ရူးမိုက်ကြသလော၊
၂၈။ အို အစ္စရေးလ်အမျိုးသားတို့ တရားစီရင်သောနေရာ သို့ပြန်သွားကြလော့။ အကြောင်းမူကား ဤသူတို့ သည် သူမအားဆန့်ကျင်၍ မမှန်သောသက်သေ ထွက်ဆိုခြင်းဖြစ်သည်ဟု ဆိုလေ၏။
၂၉။ ထိုအခါ လူအားလုံးတို့သည် အလျင်အမြန်ပြန်လာ ကြ၏။ သက်ကြီးဝါကြီးရှိသမျှတို့ကလည်း ဒါနီ အဲလ်အားပြောကြသည်မှာ ငါတို့နှင့်အတူလာထိုင် ပါလော အကြောင်းမူကား ဘုရားသခင်သည်သက် ကြီးဝါကြီးတို့တွင်ရှိသော ကျေးဇူးတော်ကိုသင့်အား
၃၀။ ပေးသနား တော်မူပြီဟု ဆိုကြ၏။ သို့သော်သူက ပြန်ပြောသည်မှာ ]]ဤသူနှစ်ယောက်တို့ကို ဝေးကွာ သောနေရာမှာ ခွဲ၍ထားကြလော၊ ငါသည် သူတို့ကို
၃၁။ မေးမြန်းလိုပါသည်ဟု ဆို၏။ ထိုသူနှစ်ယောက်ကို ခွဲထားပြီးသောအခါ သူတို့နှစ်ယောက်အနက်မှ တစ် ယောက်ကိုခေါ်၍ပြောသည်ကား]]သင်သည်မကောင်း မှု၌အသက်ကြီးရင့်လာခဲ့ပြီး၊ ယခင်က သင်ြုပခဲ့သော မကောင်းဒုစရိုက်များသည် ယခုသိသာ ထင်ရှားလာ
၃၂။ ကြပြီ။ သင်တို့သည် အပြစ်မဲ့သူတို့နှင့် ဖြောင့်မတ် သောသူတို့ကို သေဒဏ် မစီရင်အပ်ဟု သခင်ဘုရား မိန့်တော်မူသော်လည်း မတရားသဖြင့်စီရင်ခြင်း၊ အ ပြစ်မဲ့သူအား သေဒဏ်စီရင်ခြင်း နှင့် အပြစ်ရှိသူအား
၃၃။ လွှတ်ပေးခြင်းတို့ကို သင်ြုပခဲ့ကြ၏။ ယခုလည်း သင်သည် အမှန်စင်စစ် အပြစ်ကျူးလွန်ခြင်း၏ သက်သေဖြစ်လျှင် သူတို့သည် မည်သည့် သစ်ပင် အောက်တွင် လဲလျောင်းခဲ့ကြသည်ကို ငါ့အားပြော
၃၄။ ကြားလော့}}ဟုမေးလျှင်။ ထိုသူက ]]သစ်စေးပင် အောက်မှာ}}ဟုပြန်ပြောလေ၏။ဒါနီအဲလ်ကလည်း သင်၏လိမ်ညာခြင်းသည် သင်၏ဦးခေါင်းကို ပြတ် စေတော့မည်။
၃၅။ အကြောင်းမူကား ဘုရားသခင်၏ တမန်တော်သည် ကိုယ်တော်ထံတော်မှ သင့်အတွက် စီရင်ချက်ကို လက်ခံရရှိ၍ သင့်အား နှစ်ပိုင်းပိုင်း
၃၆။ လိမ့်မည်ဟု ပြန်ပြောလေ၏။ ထိုသူကို အခြားနေရာ တွင်ခွဲထားစေ၍ ကျန်တစ်ယောက်ကို ခေါ်လာစေ ရန် အမိန့်ပေးသည့်အတိုင်း သူ့ထံသို့ ခေါ်လာကြ ၏။
၃၇။ ဒါနီအဲလ်သည်လည်း သူ့အား ဆိုသည်မှာ ]]ကာနန်ပြည်မှ ပေါက်ဖွား၍ ဂျုဒနှင့် မသက်ဆိုင် သောသူ၊ အလှအပသည် သင့်ကို သွေးဆောင်၍ တဏှာရာဂသည် သင်၏ အသိစိတ်ကို ပျက်စီးစေ
၃၈။ ပြီ။ ဤသို့ဖြင့် သင်တို့သည်အစ္စရေးလ်၏ သမီးပျို များနှင့်ြုပမူခဲ့ကြပြီ။ သူတို့သည် ကြောက်ရွံ့သော ကြောင့် သင်တို့ကို လက်လျှော့ခဲ့ကြ၏။
၃၉။ သို့သော် ဂျုဒ၏သမီးပျိုတစ်ဦးသည်သင်တို့၏ မကောင်းမှုကို
၄၀။ သည်းခံမည့်သူမဟုတ်။
၄၁။ သူတို့သည် မည်သည့် သစ်ပင် အောက်တွင် ထိုအမှုကို ကျူးလွန်ခဲ့ကြ ကြောင်းကို ငါ့အားယခုပြောလော့}} ဟုမေးလျှင် ထိုသူက ]]ဝက်သစ်ချပင်အောက်မှာ}}ဟု ဖြေကြားလေ ၏။
၄၂။ ဒါနီအဲလ်ကလည်း သင်၏မုသားပြော ခြင်းသည် သင်၏ဦးခေါင်းကိုဆုံးရှုံးစေတော့မည်၊အကြောင်းမူကား ဘုရားသခင်၏တမန်တော်သည် ဓားနှင့်စောင့်နေလျက် သင့်ကိုနှစ်ပိုင်းပိုင်းသဖြင့် သင်တို့နှစ်ဦး စလုံးကို အဆုံးသတ်စေ လိမ့်မည်ဟု ပြောလေ၏။
၄၃။ လူအစုအဝေးကြီး တစ်ခုလုံးသည် ကျယ်လောင်စွာ အော်ဟစ်လျက် မိမိ၌ မျှော်လင့်အားထားသူကိုကယ် တင်တော်မူသောဘုရားသခင်အားကောင်းချီးပေးကြ
၄၄။ ကုန်၏။သူတို့သည်ထ၍ အသက်ကြီး သူနှစ်ယောက် ဘက်သို့လှည့်ပြီး၊အပြစ်တင်ရှုတ်ချကြ၏။
၄၅။ အကြောင်းမူ ကား သူတို့ကိုယ်တိုင်နှုတ်မှ ထွက်သောစကားများ ဖြင့်ဒါနီအဲလ်သည် သူတို့၏မုသား ထွက်ဆိုချက်ကို ဝန်ခံဖော်ထုတ်စေခဲ့သောကြောင့်ဖြစ်၏။
၄၆။ မိုးဇက်၏ ပညတ်ဥပဒေအရသူတို့သည်မိမိနှင့်နီးစပ်သူအပေါ်မှာ တရားစီရင်လိုသောအပြစ်ဒဏ်စီရင်ချက်နှင့်သူတို့ကို
၄၇။ စီရင်ရမည်ဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုသူနှစ် ယောက်ကို သေဒဏ်ကျခံစေကြခြင်းဖြင့် အပြစ်ကင်း မဲ့သော သူတစ်ဦးသည်အသက်ချမ်းသာရာရလေ၏။
၄၈။ ဟီလ်ကိယနှင့် သူ၏ဇနီးသည်လည်း မိမိတို့သမီး အတွက် ဘုရားသခင်ကို ချီးမွမ်းထောပနာြုပကြ၍ သူမ၏ခင်ပွန်းဂျော်ကင်းနှင့်သူမ၏ဆွေမျိုးအားလုံးတို့သည်လည်း ထိုနည်းတြူုပကြ၏။ အဘယ်ကြောင့်ဆို သော်သူမ၌မည်သည့်ရှက်ဖွယ်သောအရာမှမတွေ့ရဘဲ
၄၉။ အပြစ်ကင်းမဲ့သောကြောင့် ဖြစ်၏။
၅၀။ ထိုနေ့ရက်မှစ၍ ဒံယေလသည်လူတို့၏လေးစားမှုကို ခံရလေ၏။
ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);
၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:1-11);
၁ ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော်မူ၏။
၂ နံနက်စောစော ဗိမာန်တော်သို့ တဖန်ကြွ တော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမသြဝါဒပေးစဉ်တွင်၊
၃ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍အလယ်၌ထားပြီးမှ၊
၎ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
၅ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။
၆ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။
၇ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ် ကင်းသော သူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊
၈ တဖန် အောက်သို့ငုံ့၍ မြေ၌ရေးသားတော် မူပြန်၏။