Sun the 9th: Psalter II, Holy Week (Lent).
Palm Sunday.
Matt 21:1-11; Isa 50:4-7; Ps 22:8-24; Phil 2:6-11; Phil 2:8-9; Matt 26:14-27:66
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁(Matt 21:1-11);
၁ ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊
၂ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသော မြည်းမနှင့်မြည်းကလေးကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။
၃ သူတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
၎ ထိုအကြောင်းအရာမူကား၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊
၅ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ ဟူသောပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းဖြစ်သတည်း။
၆ တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊
၇ မြည်းမနှင့်မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။
၈ အတိုင်းမသိ များစွာသော လူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။
၉ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝက်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း ဟု ကြွေးကြော်ကြ၏။
၁၀ ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံး အုပ်အုပ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်းဟု မေးမြန်းကြလျှင်၊
၁၁ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၀ (Isa 50:4-7);
၎ ငါသည် ပင်ပန်းသော သူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူပြီ။ စာသင်သောသူကဲ့သို့ နားထောင်စေမည့်အကြောင်း ငါ့နားကို နှိုးဆော်တော်မူပြီ။
၅ အရှင်ထာဝရ ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
၆ ရိုက်သောသူတို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှုတ်သော သူတို့အား ငါ့ပါးကိုင်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။
၇ အရှင်ထာဝရဘုရား သည် ငါ့ကို စောင့်မတော်မူလိမ့်မည်၊၊ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏၊၊
ဆာလံကျမ်း အခန်းကြီး ၂၂ (Ps 22:8-24);
၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ သူ့ကို နှုတ်တော်မူပါလေစေ၊၊ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏၊၊
၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊
၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊
၁၁ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊
၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ်ကို ဝိုင်း၍ အားကြီးသော ဗာရှန် ဥသဘတို့သည် ဝန်းရံလျက်နေကြပါ၏၊၊
၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏၊
၁၄ အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊
၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊
၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊ ၁၇ ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊ ၁၈ အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊ ၁၉ အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊ ၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွှတ်တော်မူပါ၊၊ ၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ၊၊ ၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြား ပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ ၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ချီးမွမ်းခြင်းကို ပြုကြလော့၊၊ ယာကုပ်အမျိုး အပေါင်းတို့ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြလော့၊၊ ဣသရေလ အမျိုးအပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့၊၊
၂၄ အကြောင်းမူကား နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်၊၊ မျက်နှာတော်ကို မလွှဲ အော်ဟစ်သောအခါ နားထောင်တော်မူပြီ၊၊
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:6-11);
၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊
၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:8-9);
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၆ (Matt 26:14-27:66);
၁၄ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီး တို့ထံသို့ သွား၍၊
၁၅ အကျွန်ုပ်သည် ယေရှုကိုကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက် သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။
၁၆ ထိုအခါမှစ၍ ကိုယ်တော်ကို အပ်ခြင်းငှါအဆင်သင့် သောအချိန်ကာလကိုရှာကြံလျက်နေ၏။
၁၇ အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကိုစား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟုမေးလျှောက် ကြသော်၊
၁၈ ကိုယ်တော်က၊ မြို့တွင်ဤမည်သောသူ၏ အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား ငါ့အချိန်နီးပြီး၊ သင့်အိမ်၌ ငါ့တပည့် တို့နှင့်တကွ ပသခါပွဲကိုငါခံမည်ဟု ထိုသူကိုပြောကြလော့ဟုမိန့်တော်မူ၏။
၁၉ တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကိုပြင်ဆင်ကြ၏။
၂၀ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌လျောင်းတော်မူ၏။
၂၁ စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင်တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူ လျှင်၊ ၂၂ တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီး မေးလျှောက်ကြ၏။ ၂၃ ကိုယ်တော်ကလည်း ငါနှင့်အတူပုကန်တွင်လက်နှိုက်သော သူသည်ငါ့ကိုအပ်နှံလိမ့်မည်။ ၂၄ ကျမ်းစာလာသည် အတိုင်းလူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည်အမင်္ဂလာရှိ၏။ ထိုသူသည်ဘွားမြင် ခြင်းကိုမခံရလျှင်အနေသာ၍ ကောင်းသည် ဟု မိန့်တော်မူ၏။ ၂၅ ကိုယ်တော်ကိုအပ်နှံမည့်သူယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည်အတိုင်း မှန်သည်ဟုပြန်ပြောတော်မူ၏။
၂၆ ထိုအခါစားလျက်နေကြစဉ်တွင်၊ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အားပေးတော်မူ၏။
၂၇ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ သင်တို့ရှိသမျှသည် သောက်ကြလော့။၆၆ အဘယ်သို့ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့ကဤသူသည် အသေခံထိုက်ပေ၏ ဟုပြန်၍စီရင်ကြ၏။