Sun the 23rd: Psalter II, Octave of Easter.
Feast of Divine Mercy.
Last Day of Octave.
(Optional memorial of George, martyr.)
(Optional memorial of Adalbert, bishop and martyr.)
Acts 2:42-47; Ps 118:1-24; 1 Pet 1:3-9; John 20:19-31
တမန်တော်ဝတ္ထု အခန်းကြီး ၂ (Acts 2:42-47);
၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊
၄၃ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။
၄၄ ယုံကြည်သောသူအပေါင်းတို့သည် တစုတဝေးတည်းနေသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။
၄၅ မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှခြင်းကိုပြုကြ၏။
၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီအညွတ်တည်းနေ၍၊ ကိုယ်အိမ်၌မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။
၄၇ ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-24);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:3-9);
၃ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ၄-၅ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူ သော သင်တို့အဘို့ ကောင်းကင်ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။
၆-၇ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်း သောအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့် ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။
၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:19-31);
၁၉ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။
၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
၂၁ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိလေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သည်နည်းတူ၊ သင်တို့ကိုငါစေလွှတ် သည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည်အပြစ် လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည်အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။
၂၄ ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။
၂၅ ထိုသူတို့ ကလည်း၊ အကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာ ချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ ဟုဆို၏။
၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်း ပါ၏။ တံခါးများကိုပိတ်ထားစဉ်အခါ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။
၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။
၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍လျှောက် ကြ၏။
၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
၃၀ ဤကျမ်းစာ၌ရေး၍ မထားသောအခြားနိမိတ်လက္ခဏာများတို့ကိုလည်း ယေရှုသည် တပည့်တော် တို့ မျက်မှောက်၌ပြတော်မူ၏။
၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။