Sun the 11th: Psalter IV, Lent Week 4.
Laetare Sunday.
2 Chr 36:14-23 ; Ps 137:1-6; Eph 2:4-10; John 3:14-21
Optional readings for any daily Mass this week: Mic 7:7-9; Ps 26:1-14; John 9:1-41
ရာဇဝင်ချုပ်ဒုတိယစောင် အခန်းကြီး ၃၆ (2 Chr 36:14-23) ;
၁၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သားရှိသမျှတို့သည်၊ တပါးအမျိုးသားရွံ့ရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရားသန့်ရှင်းစေတော် မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
၁၅ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ မိမိလူမျိုးနှင့် မိမိနေတော် မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ်စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူ သော်လည်း၊
၁၆ ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍၊ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော် မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
၁၇ ခါလဒဲရှင်ဘုရင် ကိုစစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ပင်မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့ အပ်တော်မူ၏။
၁၈ ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကိုင်း၊ ဗိမာန်တော် ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှ တို့ကိုင်း၊ ဗာဗုလုန်မြို့သို့ယူသွား၏။
၁၉ ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိ သမျှတို့ကိုလည်း၊ မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
၂၀ ထားဘေးနှင့် လွတ်သောသူ တို့ကို၊ ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံမတည်မှီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော်မြေးတော် ထံ၌ ကျွန်ခံလျက်နေရကြ၏။
၂၁ ထိုသို့ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေလျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကိုစောင့်သောအခွင့်ရှိသတည်း။
ဆာလံကျမ်း အခန်းကြီး ၁၃၇ (Ps 137:1-6);
၁ ဗာဗုလုန်မြစ်တို့ အနားမှာ ငါတို့သည် ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
၂ ငါတို့ စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်းမခပင်တို့၌ ဆွဲထားကြ၏။
၃ အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်းသွားချုပ်ထားသော သူနှင့်၊ ငါတို့ကို ညှဉ်းဆဲသော သူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်း ဆိုသံကို၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါသည်တကား။
၎ တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို ဆိုရပါမည်နည်း။
၅ အိုယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါလက်ျာလက်သည် မိမိအတတ်ကို မေ့ပါစေ။
၆ သင့်ကိုငါ မအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်း အကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မ ထားလျှင်၊ ငါလျှာသည် အာခေါင်၌ ကပ်ပါစေ။
ဧဖက်သြဝါဒစာ အခန်းကြီး ၂ (Eph 2:4-10);
၎ သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
၅ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။
၆ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။
၇ အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။
၈ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။
၉ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။
၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:14-21);
၁၄ မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထား ခြင်းကို ခံရမည်။
၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။
၁၉ အပြစ်စီရင်ခြင်း ကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
၂၀ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့မချဉ်းကပ်ကြ။
၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါအလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
Optional readings for any daily Mass this week:
မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၇ (Mic 7:7-9);
၇ ငါမူကား၊ ထာဝရဘုရားကိုမြော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။
၈ အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်းမရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။
၉ ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် အမျက်တော်ကိုခံရ၏။ ငါ့အမှုကိုစစ်ကြော၍ တရားဆုံးဖြတ်တော် မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကိုအလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်းပါရမီတော်ကို ငါမြင်ရလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၂၆ (Ps 26:1-14);
၁ အိုထာဝရဘုရား အကျွန်ုပ်သည်ဖြောင့်မတ်ခြင်း လမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင် တော်မူပါ၊၊ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၂ အိုထာဝရဘုရား အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ၊၊
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏၊၊
၎ လျှပ်ပေါ်သောလူတို့နှင့် အတူ မထိုင်ပါ၊၊
၅ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ၊၊ မတရားသော သူတို့၏ စည်းဝေးခြင်းကိုမုန်းပါ၏၊၊ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ၊
၆ ကျေးဇူးတော်ကို ချီးမြ‡င့်သောအသံနှင့် မြွက်ဆို၍၊
၇ အံ့သြဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှါ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည် ထာဝရဘုရား။
၈ အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာန ကို၎င်း အကျွန်ုပ်နှစ်သက်ပါ၏၊၊
၉ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ်ကို၎င်း လူ့အသက်ကို သတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်၊၊
၁၀ သူတို့လက်သည် မကောင်းသော အကြံအစည်၌ ကျင်လည်၍ သူတို့ လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏၊၊
၁၁ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏၊၊ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မ သနားတော်မူပါ၊၊
၁၂ အကျွန်ုပ်သည် ညီညွတ်သော အရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီးပေးပါမည်၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၉ (John 9:1-41);
၁ လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။
၂ တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ် ကြောင့်ကန်းသလော။ မိဘအပြစ်ကြောင့်ကန်းသလောဟု မေးလျှောက်ကြ၏။
၃ ယေရှုကလည်း၊ ကိုယ်အပြစ် ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ထင်ရှားစေမည် အကြောင်းတည်း၊
၎ ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညဥ့်အချိန်လာသေး၏။
၅ ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏ ဟု မိန့်တော်မူပြီးလျှင်၊
၆ မြေပေါ်မှာထွေး၍ တံထွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသော သူ၏မျက်စိကို ရွံ့နှင့်လူး၍၊
၇ သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင် အနက်ကား စေလွှတ်သည်ဟုဆိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
၈ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍တောင်းသောသူ ဖြစ်သည်မဟုတ်လောဟု ဆိုကြ၏။
၉ လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည် ဟုဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
၁၀ သူတို့ကလည်း၊ အဘယ်သို့သင်၏ မျက်စိ ပွင့်သနည်းဟု မေးမြန်းကြလျှင်၊
၁၁ ထိုသူက၊ ယေရှုအမည်ရှိသောသူတယောက်သည် ရွံ့လုပ်၍ အကျွန်ုပ်မျက်စိကို လူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိ မြင်သည်ဟု ဆို၏။
၁၂ လူများကလည်း ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်ကြလျှင်၊ အကျွန်ုပ်မသိဟု ဆို၏။
၁၃ လူများသည်လည်း မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲထံသို့ပို့ကြ၏။
၁၄ ယေရှုသည် ရွံ့လုပ်၍ သူ၏ မျက်စိကို ဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
၁၅ တဖန် ဖာရိရှဲတို့က အဘယ်သို့သင်၏ မျက်စိ မြင်သနည်းဟု မေးပြန်လျှင် အကျွန်ုပ်မျက်စိ၌ သူသည် ရွံ့ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်ပြီဟုဆို၏။
၁၆ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ် တော်မူသော သူမဟုတ် ဟု ဆိုကြ၏။ အချို့ တို့က၊ ဆိုးသောသူသည် ဤသို့သောနိမိတ်လက္ခဏာတို့ကို အဘယ် သို့ပြနိုင်သနည်း ဟု ဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်ကြ၏။
၁၇ တဖန် မျက်စိကန်း ဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
၁၈ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
၁၉ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သား မှန်သလော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
၂၀ မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို၎င်း အကျွန်ုပ်တို့ သိကြပါ၏။
၂၁ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင် ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
၂၂ ဤသို့ပြောသည် အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားစရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့ သည် တိုင်ပင်စီရင်နှင့်ကြပြီ။
၂၃ ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေး ကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ပြောကြ၏၊
၂၄ ထိုကြောင့်၊ မျက်စိကန်းဘူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟု ဆိုကြလျှင်၊
၂၅ လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
၂၆ တဖန် ထိုသူတို့က၊ သူသည် သင်၌အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
၂၇ အဘယ်ကြောင့်တဖန်ကြားချင်သနည်း။ သူ့တပည့်ဖြစ်ချင်သလောဟု ဆို၏။
၂၈ ထိုသူတို့ ကလည်း၊ သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်ဖြစ်ကြ၏။
၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်ကဖြစ်သည်ကိုမသိဟု ကဲ့ရဲ့၍ပြောဆိုကြလျှင်၊
၃၀ သူသည် အကျွန်ုပ်မျက်စိကို ဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့သြဘွယ်ရှိ၏။
၃၁ ဘရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေး မြတ်၍ အလိုတော်သို့လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
၃၂ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။
၃၃ ထိုသူသည် ဘုရားသခင် စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟု ပြောဆို၏။
၃၄ ထိုသူတို့က လည်း၊ သင်သည် မွေးစကပင် တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည် တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားစရပ်မှ နှင်ထုတ်ကြ၏။
၃၅ နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြား ပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
၃၆ သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့်ယခုစကား ပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊
၃၈ သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
၃၉ ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါသည်တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ ဟု မိန့်တော်မူ၏။
၄၀ အထံတော်၌ရှိသော ဖာရိရှဲအချို့ တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်း သလောဟု မေးကြ၏။
၄၁ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်ဟု မိန့်တော်မူ၏။