Wednesday, 21 March 2018

21-MAR-2018 (READING -LENT5-YB-C2)

Wed the 21st: Dan 3:14-95; Dan 3:52-56; John 8:31-42

ဒါနီအဲလ်အနာဂတ္တိကျမ်း  အခန်းကြီး (၃) (ီညေ ၃ါ်၁၄-၉၅)း

၁၄။ နေဘုခနေဇာဘုရင်ကသူတို့အားရှာဒရက်၊မေရှက်နှင့် အဘက်နေဂိုတို့သင်တို့သည် ငါ၏ဘုရားကိုလည်းအ စေမခံ၊ ငါတည်ထားသောရွှေရုပ်တုကို မရှိခိုးသည်မှာ မှန်သလောဟု မေးတော်မူ၍။
၁၅။ ယခုပင် တံပိုး၊ ခရာ၊စောင်း၊ပလွေ၊တယော၊ပတ္တလား နှင့်အခြားသော တူရိယာရှိသမျှတို့၏ အသံကို ကြား သောအခါ ငါတည်ထားသော ရွှေရုပ်တုကို ရှိခိုးကိုး ကွယ်ရန် အဆင်သင့် ရှိနေကြလော့။ ထိုသို့မဟုတ် လျှင် သင်တို့ကို မီးတောက်လောင်နေသောမီးဖိုထဲသို့ ချက်ချင်းပစ်ချခံ စေရမည်။ မည်သည့် ဘုရားသည် သင်တို့ကို ငါ၏လက်တွင်းမှ ကယ်တင်နိုင်မည်နည်း
၁၆။ ဟုမေးလေ၏။ ရှာဒရက်၊ မေရှက်နှင့် အာဘက်နေဂို တို့ကလည်း နေဘုခနေဇာဘုရင်အားပြန်ဖြေကြသည် မှာ ဤအမှုအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် အရှင်မင်းကြီးအရှေ့မှာ ကိုယ့်ကိုယ်ကို  ခုခံကာကွယ်
၁၇။ ရန်အကြောင်းမရှိပါ။ ကျွန်ုပ်တို့ကိုးကွယ်သောဘုရား သခင်သည်မီးတောက်လောင်နေသောမီးဖိုထဲမှကျွန်ုပ် တို့ကိုကယ်တင်နိုင်တော်မူပါလျှင်အရှင်မင်းကြီးလက်မှလည်း ကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
၁၈။ အို ဘုရင်မင်းမြတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမကယ်တင်ပါလျှင်လည်းကျွန်ုပ်တို့သည်အရှင်မင်းကြီး၏ ဘုရားကိုကိုးကွယ်မည်မဟုတ်သည့် အပြင် အရှင်မင်းကြီး တည်ထားသော ရွှေရုပ်တုကို လည်း ဦးချရှိခိုးလိမ့်မည်မဟုတ်ကြောင်းသိတော်မူပါ ဟု ပြန်လျှောက်ကြ၏။
၁၉။ နေဘုခနေဇာသည်ရှာဒရက်၊မေရှက်နှင့်အဘက်နေဂို တို့ကိုမြင်သော် သူ၏ မျက်နှာသည် အမျက်ဒေါသ ကြောင့် နီရဲတင်းမာလာလေ၏။ ထို့နောက် သူသည် မီးဖိုကို  သာမန်ထက်  ခုနှစ်ဆတိုး၍ အပူရှိန်မြင့်စေ
၂၀။ လျက်ခွန်အားတောင့်တင်းသန်မာသော စစ်သူရဲများကို ခေါ်၍ ရှာဒရက်၊မေရှက်နှင့်အဘက်နေဂိုတို့ကို ချည် နှောင်စေကာ၊မီးဖိုထဲသို့ပစ်ချရန်အမိန့်ပေးလေ၏။
၂၁။ သူတို့သည် ချည်နှောင်ခြင်းခံရလျက်မိမိတို့၏ဝတ်ရုံ၊ ဦးထုပ်၊ ဖိနပ်၊အဝတ်အစားများနှင့်အတူမီးဖိုထဲသို့ပစ် ချခြင်းခံကြရ၏။
၂၂။ ဘုရင်၏အမိန့်တော်ကားတင်းကြပ်ပြင်းထန်၍မီးဖိုထဲမှာ တောက်လောင်နေသော မီးသည်လည်း အရှိန်ပြင်း ထန်ကြီးမားလွန်းသောကြောင့် ရှာဒရက်၊ မေရှက်နှင့် အဘက်နေဂိုတို့အား မီးဖိုထဲသို့ပစ်ချသောသူများကို
၂၃။ ပင် လောင်ကျွမ်းသဖြင့် သေကြေကြ၏။ သို့သော် ထိုသူသုံးယောက်သည်လည်း ချည်နှောင်ခြင်း ခံရ လျက် မီးဖိုထဲသို့ကျသွားကြ၏။
၂၄။ သူတို့သည် မီးလျှံများအလယ်၌ လမ်းလျှောက်နေ လျှက် သခင်ဘုရားအား ချီးမွမ်း၍ သီချင်းဆိုလေ၏။
၂၅။ အဇာရိယသည် မီးတောက်များ အလယ်တွင်ရပ်နေ
၂၆။ လျက်  ကျယ်လောင်စွာ ဆုတောင်းသည်ကား အို
သခင် တပည့်တော်တို့ ဘိုးဘေးများ၏ ဘုရား ကိုယ်တော်အား ကောင်းချီးမင်္ဂလာနှင့် ချီးမွမ်းထော ပနာရှိပါစေသော်။ ကိုယ်တော်၏နာမတော်အား ကာ လအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။
၂၇။ အကြောင်းမူကားကိုယ်တော်သည်တရားမျှတတော်မူ၏။ကိုယ်တော်လုပ်ဆောင်သမျှတို့သည်မှန်ကန်ကြ၍၊ ကိုယ်တော်၏လမ်းများသည်လည်းဖြောင့်မှန်ကြပါ၏
၂၈။ တပည့်တော်တို့အပေါ်၌လည်းကောင်း၊တပည့်တော်တို့ ဘိုးဘေးများ၏ သန့်ရှင်းသောြုမိ့တော်ဖြစ်သော ဂျေရုဆလင်ြုမိ့အပေါ်၌လည်းကောင်း ကိုယ်တော် ကျ ရောက်စေသော ဘေးဒဏ်တို့၌ ကိုယ်တော်သည်သင့် လျော်သောတရား စီရင်ချက်ကိုြုပတော်မူခဲ့ပြီ။ တပည့်တော်တို့၏အပြစ်များကြောင့် ထိုက်တန်သောစီ ရင်ချက်တို့ဖြင့် ကိုယ်တော်သည် ဤအရာများကြိုပခဲ့
၂၉။ ခြင်း ဖြစ်ပါ၏။ ကိုယ်တော်ထံပါးမှ စွန့်ခွါခြင်းဖြင့် တပည့်တော်တို့သည်အပြစ်ြုပမိကြ၍ဖောက်ပြန်ခဲ့ကြပါ၏။တပည့်တော်တို့သည်အမျိုးမျိုးသောအပြစ်များ
၃၀။ ကိုကျူးလွန်ခဲ့ကြပါ၏။ ကိုယ်တော်၏ ပညတ်ဥပဒေ ကို တပည့်တော်တို့ နားထောင်လိုက်နာခြင်းမရှိခဲ့ကြ သည့် အပြင်တပည့်တော်တို့၏ ကောင်းကျိုးအတွက်  ကိုယ်တော် သွန်သင်မိန့်မှာ သမျှကိုလည်း တပည့်
၃၁။ တော်တို့ မြုပလုပ်ခဲ့ကြပါ။ ထို့ကြောင့် တပည့်တော် တို့အပေါ်မှာ ကိုယ်တော် ဆောင်ကြဉ်းတော်မူခဲ့သမျှ နှင့် တပည့်တော်တို့ကို ကိုယ်တော်ြုပတော်မူသမျှ တို့သည်  ထိုက်သင့်သော စီရင်ချက်အတိုင်ြးုပလုပ်
၃၂။ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ၏။ ကိုယ်တော်သည်တပည့် တော်တို့အား ဥပဒေမဲ့၍ဆိုးညစ်ယုတ်မာသောသူများ၊ မတရားမညှာတာသော ဘုရင်နှင့် ကမ္ဘာတစ်ခွင်လုံး တွင်အဆိုးဆုံးဖြစ်သောရန်သူများလက်သို့အပ်နှံတော်
၃၃။ မူခဲ့ပြီ။ယခုမူကား တပည့်တော်တို့သည် မိမိတို့နှုတ်ကို ပင်မဖွင့်နိုင်တော့ပါ။ ကိုယ်တော်ကို ရိုသေရှိခိုးသော တပည့်တော်တို့သည် ရှက်ကြောက်ခြင်းနှင့် ပြစ်တင်
၃၄။ ရှုတ်ချခြင်းကိုခံနေရပါ၏။ကိုယ်တော်၏နာမတော်ကို ထောက်ထား သောအားဖြင့် တပည့်တော်တို့ကို အစဉ် ထာဝရ စွန့်ပစ်ထားတော်မမူပါနှင့်။ ကိုယ်တော် ၏ပဋိညာဉ်တော်ကိုလည်း ပျက်ပြယ်မသွားပါစေနှင့်။
၃၅။ ကိုယ်တော်ချစ်သောအာဘရာဟမ်ကိုယ်တော်၏အစေခံအီဇတ်၊ ကိုယ်တော်၏ သန့်ရှင်းသောအစ္စရေးလ်တို့ ၏မျက်နှာကိုထောက်၍ကိုယ်တော်၏သနားကရုဏာ တော်ကိုတပည့်တော်တို့မှ ရုတ်သိမ်းတော်မမူပါနှင့်။
၃၆။ ကိုယ်တော်သည် သူတို့၏ သားစဉ် မြေးဆက်ကို ကောင်းကင်ရှိကြယ်များကဲ့သို့လည်းကောင်း၊ပင်လယ်ကမ်းခြေရှိသဲများကဲ့သို့လည်းကောင်းတိုးပွားစေမည်ဟုသူတို့ကိုကတိထားတော်မူခဲ့ပါသည်။
၃၇။ အို သခင်ဘုရား၊တပည့်တော်တို့၏အပြစ်များကြောင့် တပည့်တော်တို့သည် အရေအတွက် လျော့နည်းခဲ့၍  ယနေ့ ကမ္ဘာပေါ်ရှိ  နိုင်ငံရှိသမျှတို့တွင် အနိမ့်ဆုံးသို့
၃၈။ ရောက်ခဲ့ရပါသည်။တပည့်တော်တို့သည်ယခုအချိန်၌ ဘုရင်မဲ့၊ ပရောဖက်မဲ့၊ ခေါင်းဆောင်မဲ့ဖြစ်ကြရပြီး၊ ကိုယ်တော်၏ရှေ့မှာမျက်နှာရ စေခြင်းငှါ မီးရှို့ယဇ် ပူဇော်ခြင်း၊ ပူဇော်သက္ကာနှင့် အလှူဆက်ကပ်ခြင်း၊ လော်ဗန်နံ့သာပူဇော်ခြင်းတို့နှင့်သီးဦးသီးဖျားများကို
၃၉။ လှူဒါန်းရန် နေရာပင်မရှိဘဲဖြစ်နေရပါ၏။သို့သော် တပည့်တော်တို့၏နောင်တရသောနှလုံးသားနှင့်နှိမ့်ချသော စိတ်သည်ကိုယ်တော် လက်ခံဖွယ်ရာဖြစ်စေပါ။
၄၀။ သိုးထီးများနှင့် နွားများကို မီးရှို့ပူဇော်သောယဇ်နှင့် ထောင်ပေါင်းများစွာသော ဝြုဖိးသည့် သိုးများကဲ့သို့ တပည့်တော်တို့သည်ကိုယ်တော်၏ နောက်သို့စိတ်ပါ ကိုယ်ရောက်လိုက်သည်အခါ၊ ကိုယ်တော်ရှင်၏ရှေ့ မှောက်တော်တွင် ယနေ့တပည့်တော်တို့ဆက်ကပ်ကြ သော ပူဇော်သက္ကာ ဖြစ်စေပါ။ အကြောင်းမူကား ကိုယ်တော်၌ယုံကြည်ကိုးစားသောသူသည်အရှက်တ
၄၁။ ကွဲမဖြစ်ရသောကြောင့်တည်း။ယခုလည်းတပည့်တော်တို့သည် ကိုယ်တော်၏ နောက်သို့စိတ်နှလုံးအပြည့် အဝဖြင့်လိုက်ကြ၍၊ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြ လျက်ကိုယ်တော်ထံသို့ဆုပန်တောင်းလျှောက်ကြပါ
၄၂။ သည်။ တပည့်တော်တို့ကို အရှက်တကွဲမဖြစ်စေပါ
၄၃။ နှင့်။ ကိုယ်တော်၏ သနားကြင်နာခြင်းနှင့်ကရုဏာ တော်အားဖြင့်ြုပတော်မူပါ။ ကိုယ်တော်၏ အံ့ဖွယ် တန်ခိုးတို့ဖြင့် တပည့်တော်တို့ကို ကယ်တင်တော်မူ၍ ကိုယ်တော်၏ နာမတော်ကို ဘုန်းဂုဏ်တော်တိုးပွား စေတော်မူပါ အို သခင်ဘုရား။
၄၄။ ကိုယ်တော်၏ အစေခံများအား ဒုက္ခရောက်စေသော သူတို့ကို အရေးနိမ့်စေတော်မူပါ။ သူတို့အားအရှက်ရ စေ၍ တန်ခိုးအာဏာမဲ့စေပြီး၊ သူတို့၏အင်အားကြိုဖိ
၄၅။ ခွဲတော်မူပါ။ကိုယ်တော်တစ်ပါးတည်းသာလျှင်ထာဝရဘုရားသခင် ဖြစ်တော်မူ၍ ကမ္ဘာတစ်ခွင်လုံး၌ဘုန်း တော်ဂုဏ်တော်နှင့်ပြည့်စုံတော်မူကြောင်းသူတို့ကိုသိစေတော်မူပါဟုဆုတောင်းလေ၏။
၄၆။ ထိုအချိန်၌ သူတို့ကိုမီးဖိုထဲသို့ပစ်ချကြသောဘုရင်၏ ကျွန်တို့သည်ကန့်၊ကတ္တရာ၊လျှော်ကြမ်း၊ထင်းခြောက်စသည်တို့ဖြင့် အဆက်မပြတ် မီးထိုးလျက်ရှိကြရာ။
၄၇။ မီးလျှံများသည် မီးဖို၏ အထက်သို့ လေးဆယ့်ကိုး တောင်ခန့် မြင့်တက်လျက်ရှိ၏။
၄၈။ ထို့နောက် မီးတောက်သည်အပြင်သို့ ပျံ့ထွက်လာရာ  အနီးတွင်ရှိသော ခါဒေးလူအချို့တို့ကို လောင်ကျွမ်း
၄၉။ စေ၏။ သို့သော် ဘုရားသခင်၏ တမန်တော်သည် မီးဖိုထဲသို့ဆင်းသက်၍ အဇာရိယနှင့် သူ၏အပေါင်း အဖော်များနှင့်အတူ  မီးဖိုအတွင်းမှ  မီးလျှံများကို 
၅၀။ အပြင်သို့ တွန်းထုတ်သဖြင့်။ မီးဖို၏ အလယ်တွင် ဆီးနှင်းပါသော လေပြေလေအေး တိုက်ခတ်ပေးလေ ရာမီးသည်သူတို့ကို မထိသကဲ့သို့ လုံးဝဒဏ်ရာအနာ
၅၁။ တရ မဖြစ်စေခဲ့ပေ။ ထိုအခါ မီးဖိုထဲမှ သူတို့သုံး ယောက်သည် ဘုရားသခင်ကို ဂုဏ်ြုပ ချီးမွမ်း၍ ကောင်းချီးပေးသော စကားများဖြင့်  တစ်သံတည်း
၅၂။ တေးသီကျူးကြသည်မှာ ]]အို သခင်၊ တပည့်တော် တို့ ဘိုးဘေးများ၏ဘုရား ကိုယ်တော်အား ကောင်း ချီးမင်္ဂလာ ရှိတော်မူ၍ ကာလအဆက်ဆက်  ချီးမွမ်း
၅၃။ ထောပနာ ရှိပါစေသော်။ ကိုယ်တော်၏ သန့်ရှင်း၍ ဘုန်းတော် ဂုဏ်တော်ရှိသော ဗိမာန်တော်၌ ကိုယ် တော်အား ကောင်းချီး မင်္ဂလာရှိပါစေသော်။ ကာလ အဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၄။ ကိုယ်တော်၏ နိုင်ငံတော်တည်ရှိရာ ရာဇပလ္လင်တော် အပေါ်၌ ကိုယ်တော်အား ကောင်းချီး မင်္ဂလာရှိပါ စေသော်။ ကာလအဆက်ဆက် ချီးမွမ်းထောပနာရှိ
၅၅။ ပါစေသော်။ ခေရုဘင်တမန်တို့ အပေါ်မှာ စံမြန်း တော်မူ၍ နက်ရှိုင်းရာတို့ကို ကြည့်ရှု့တော်မူသော ကိုယ်တော်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။  ကာလအဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၆။ မိုးကောင်းကင် မျက်နှာကျက်၌ ကိုယ်တော်အား ကောင်းချီးမင်္ဂလာ  ရှိပါစေသော်။  ကာလအဆက်
၅၇။ ဆက်  ချီးမွမ်း ထောပနာရှိပါစေသော်။ ကိုယ်တော် ကိုယ်တိုင်ြုပတော်မူသော အရာအားလုံးတို့၌ ကိုယ် တော်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။  ကာလ
၅၈။ အဆက်ဆက် ချီးမွမ်းထောပနာရှိပါစေသော်။ သခင် ဘုရား၏ သိကြားတမန်တော်များတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ဂုဏ်ြုပ၍ 
၅၉။ အစဉ်ထာဝရ ချီးမွမ်းကြလော့။ အသင် ကောင်းကင် များတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ
၆၀။ လော့။ မိုးကောင်းကင် အထက်မှာရှိသော အသင်ရေ များ အားလုံးသခင်ဘုရားကိုကောင်းချီးပေးကြလော။ ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။
၆၁။ သခင်ဘုရား၏ဘုန်းတန်ခိုးတော်တို့သခင်ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်
၆၂။ ထာဝရချီးမွမ်းကြလော့။ နေနှင့်လတို့သခင်ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်
၆၃။ ထာဝရ ချီးမွမ်းကြလော့။ ကောင်းကင်ကြယ်တာရာ အပေါင်းတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရချီးမွမ်းကြလော့။
၆၄။ ရွာသွန်းသော မိုးနှင့် နှင်းရည်များတို့သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍  အစဉ်ထာဝရ  ချီးမွမ်းကြလော့။
၆၅။ လေပြင်း အပေါင်းတို့ သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ 
၆၆။ ချီးမွမ်းကြလော့။ မီးနှင့် အပူဓါတ်တို့သခင်ဘုရားကို ကောင်းချီး ပေးကြလော့။  ကိုယ်တော်ကို ဂုဏ်ြုပ၍ 
၆၇။ အစဉ်ထာဝရ ချီးမွမ်းကြလော့။ အအေးဓာတ်နှင့်အပူ ဓာတ်တို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။  ကိုယ်တော်ကို  ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ
၆၈။ လော့။နှင်းရည်နှင့်နှင်းခဲတို့သခင်ဘုရားကိုကောင်းချီး ပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီး
၆၉။ မွမ်းကြလော့။ ဆီးနှင်းခဲနှင့် အအေးဓာတ်တို့ သခင် ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။
၇၀။ ရေခဲနှင့် နှင်းခဲတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်း
၇၁။ ကြလော့။ ညနှင့်နေ့များတို့ သခင်ဘုရားကို ကောင်း ချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာ
၇၂။ ဝရချီးမွမ်းကြလော့။ အလင်းနှင့်အမှောင်ထုတို့သခင် ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။ လျှပ်စီးနှင့်
၇၃။ တိမ်တိုက်များတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရချီးမွမ်း
၇၄။ ကြလော့။ မြေကြီးသည် သခင်ဘုရားအားကောင်းချီး  ပေးပါစေ။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်း
၇၅။ ကြလော့။ တောင်ကြီးနှင့် တောင်ငယ်များတို့ သခင် ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။
၇၆။ မြေကြီးပေါ်မှာ ပေါက်ရောက်သော အရာအားလုံးတို့ သခင်ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်
၇၇။ ကို ဂုဏ်ြုပ၍အစဉ်ထာဝရ ချီးမွမ်းကြလော့။ စမ်းရေ တွင်းများတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့၊ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့
၇၈။ ပင်လယ်များနှင့် မြစ်များတို့ သခင်ဘုရားကိုကောင်း ချီးပေးကြလော့။   ကိုယ်တော်ကို ဂုဏ်ြုပ၍  အစဉ်
၇၉။ ထာဝရချီးမွမ်းကြလော့။ လင်းပိုင်များနှင့် ရေသတ္တဝါ များတို့ သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ
၈၀။ လော့။ လေထဲမှငှက်များတို့ သခင်ဘုရားကိုကောင်း ချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာ
၈၁။ ဝရ ချီးမွမ်းကြလော့။ သားရဲ နှင့် သားယဉ်တိရိစ္ဆာန် များတို့ သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ် တော်ကို ဂုဏ်ြုပ၍  အစဉ်ထာဝရ  ချီးမွမ်းကြလော့။
၈၂။ အသင်လူသားများတို့သခင်ဘုရားကိုကောင်းချီးပေး ကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်း
၈၃။ ကြလော့။အိုအစ္စရေးလ်သခင်ဘုရားကိုကောင်းချီးပေး လော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြ
၈၄။ လော့။ သခင်ဘုရား၏ရဟန်းများတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ် ထာဝရ ချီးမွမ်းကြလော့။
၈၅။ သခင်ဘုရား၏ကျွန်များတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရ ချီး
၈၆။ မွမ်းကြလော့။ ဖြောင့်မတ်သော သူတို့၏စိတ်ဝိညာဉ် နှင့် နာမ်ဝိညာဉ်များတို့ သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီး
၈၇။ မွမ်းကြလော့။နှိမ့်ချသောနှလုံးသားရှိသည့်သန့်ရှင်းသူတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ် တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။
၈၈။ ဟာနာနိယ၊ အဇရိယ၊ မီရှာအဲလ် သခင်ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော် သည် ငါတို့ကိုသေခြင်း၏နိုင်ငံမှ ရွေးနှုတ်တော်မူပြီ။ ငါတို့ကို သေခြင်း၏လက်မှ ကယ်တင်တော်မူပြီ။ ကိုယ်တော်သည် ငါတို့ကို တောက်လောင်နေသောမီး လျှံတို့မှ လွတ်မြောက်စေတော်မူ၍ မီးထဲမှငါတို့ကို ကယ်တင်တော်မူပြီ။
၈၉။ သခင်ဘုရားကို ကျေးဇူး ဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ် တော်မူ၏။ ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် 
၉၀။ အစဉ်ထာဝရ တည်တော်မူမည်။ သခင်ဘုရားကို ကြောက်ရွံ့ ရိုသေကြသူ အပေါင်းတို့ ဘုရားတို့၏ ဘုရားသခင်ကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပကြ၍၊ ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူ ကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည်အစဉ် ထာဝရတည်နေမည်}}ဟုသီဆိုကြလေ၏။နေဘုခနေဇာဘုရင်သည်သူတို့၏သီချင်းသံကိုကြားလျက်သူတို့အသက်ရှင်နေသည်ကိုမြင်ရ၍ အံ့ဩတွေဝေလျက်။
၉၁။ အလျင်အမြန်ထပြီး ငါတို့သည် လူသုံးယောက်တို့ကို ချည်နှောင်၍မီးထဲသို့ချခဲ့သည် မဟုတ်လောဟု သူ၏ အတိုင်ပင်ခံ အမတ်တို့အားမေးလျှင် အမတ်တို့က လည်းမှန်ပါသည်အရှင်မင်းမြတ်ဟုပြန်ဖြေကြလေ၏၊
၉၂။ တဖန်သူက သို့သော် လူလေးယောက်တို့သည်ချည် နှောင်ခြင်းမခံရဘဲ၊မီးထဲ၌အနာတရမရှိဘေးကင်းစွာ လမ်းလျှောက်နေကြပြီး၊စတုတ္ထတစ်ယောက်မှာဘုရားသခင်၏ သားနှင့်တူသည်ကို ငါမြင်ရ၏ဟုပြန်ပြော လေ၏။
၉၃။ ထို့နောက် နေဘုခနေဇာဘုရင်သည် မီးဖို အဝနားသို့ ချည်းကပ်၍ ရှာဒရတ်၊မေရှက်နှင့်အဘက်နေဂိုတို့ကို ခေါ်လျက် အမြင့်ဆုံးသော ဘုရားသခင်၏ကျွန် များတို့ ထွက်ခဲ့ကြလော့ဟု ခေါ်လေ၏။ ထိုအခါ ရှာဒရတ်၊မေရှက်နှင့်အဘက်နေဂိုတို့သည် မီးထဲမှ
၉၄။ ထွက်လာကြ၏။ ဘုရင်၏ ကိုယ်စားလှယ်များ၊ ဘုရင်ခံများ၊ ဘုရင်၏ လူကြီး လူကောင်းတို့သည် စုဝေးကြသဖြင့် မီးသည် သူတို့ သုံးယောက်၏ ခန္ဓာကိုယ်များအပေါ်တွင် မည်သို့မျှ မလောင်ကျွမ်း တန်ခိုးမျှ မရှိသည်ကို မြင်ကြ၏။ သူတို့၏ဆံချည် တစ်မျှင် မီးမြှိုက်ခြင်း မခံရ။ သူတို့ဝတ်ရုံများလည်း  ထူးခြားခြင်းမရှိဘဲ၊မီးလောင်နံ့ပင်မရှိချေ။
၉၅။ နေဘုခနေဇာဘုရင်ကရှာဒရက်၊မေရှက်နှင့်အဘက်နေဂိုတို့၏ ဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိပါ စေသော်။ ကိုယ်တော်သည် မိမိကိုယုံကြည်အားကိုး သောကျွန်များကိုကယ်တင်ရန်မိမိ၏သိကြားတမန်ကို စေလွှတ်တော်မူခဲ့၏။ သူတို့သည် မိမိတို့၏ဘုရား သခင် တစ်ပါးတည်းကိုသာ ကိုးကွယ်ခြင်းမှ လွဲ၍ အခြားဘုရားများကိုကိုးကွယ်သည်ထက်ဘုရင့်အမိန့်ကို မနာခံဘဲ မိမိတို့  ခန္ဓာကိုယ်များသာ အဆုံးခံရန် အဆင်သင့် ရှိခဲ့ကြ၏။

ဒါနီအဲလ်အနာဂတ္တိကျမ်း  အခန်းကြီး (၃) (ီညေ ၃ါ်၅၂-၅၆)း

၅၂။ တေးသီကျူးကြသည်မှာ ]]အို သခင်၊ တပည့်တော် တို့ ဘိုးဘေးများ၏ဘုရား ကိုယ်တော်အား ကောင်း ချီးမင်္ဂလာ ရှိတော်မူ၍ ကာလအဆက်ဆက်  ချီးမွမ်း
၅၃။ ထောပနာ ရှိပါစေသော်။ ကိုယ်တော်၏ သန့်ရှင်း၍ ဘုန်းတော် ဂုဏ်တော်ရှိသော ဗိမာန်တော်၌ ကိုယ် တော်အား ကောင်းချီး မင်္ဂလာရှိပါစေသော်။ ကာလ အဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၄။ ကိုယ်တော်၏ နိုင်ငံတော်တည်ရှိရာ ရာဇပလ္လင်တော် အပေါ်၌ ကိုယ်တော်အား ကောင်းချီး မင်္ဂလာရှိပါ စေသော်။ ကာလအဆက်ဆက် ချီးမွမ်းထောပနာရှိ
၅၅။ ပါစေသော်။ ခေရုဘင်တမန်တို့ အပေါ်မှာ စံမြန်း တော်မူ၍ နက်ရှိုင်းရာတို့ကို ကြည့်ရှု့တော်မူသော ကိုယ်တော်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။  ကာလအဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၆။ မိုးကောင်းကင် မျက်နှာကျက်၌ ကိုယ်တော်အား ကောင်းချီးမင်္ဂလာ  ရှိပါစေသော်။  ကာလအဆက် ဆက်  ချီးမွမ်း ထောပနာရှိပါစေသော်။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:31-42);

၃၁ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
၃၂ သမ္မာတရားကို လည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သောယုဒ လူတို့အား မိန့်တော်မူ၏။
၃၃ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည် ဟူ၍ သင်သည် အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊
၃၄ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။
၃၅ ကျွန်သည်ကား အိမ်၌အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။
၃၆ ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ် ကြလိမ့်မည်။
၃၇ သင်တို့သည် အာဗြဟံအမျိုး ဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်အံ့သောငှါ ရှာကြံကြ၏။
၃၈ ငါသည် ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။
၃၉ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏ သားမှန်လျှင် အာဗြဟံ၏ အကျင့်ကိုကျင့်ကြလိမ့်မည်။
၄၀ ဘုရားသခင့်အထံတော်၌ ကြားရသောသစ္စာ တရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။
၄၁ သင်တို့သည် သင်တို့အဘ၏ ဤကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင် တည်းဟူသော ငါတို့အဘ တပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။
၄၂ ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ဘုရားသခင့် အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလို အလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။