Tuesday, 13 March 2018

13-MAR-2018 (READING -LENT4-YB-C2)

Tue the 13th: Ezek 47:1-12; Ps 46:1-9; John 5:1-16

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၄၇(Ezek 47:1-12);

၁ ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကိုဆောင်ခဲ့၍ တံခါးခုံအောက်မှ အရှေ့ဘက်သို့ထွက်သောရေကို ငါမြင်၏၊၊ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍ ရေသည်အိမ်တော်တံခါးခုံ လက်ယာအောက် ယဇ်ပလ္လင်တော် တောင်ဘက်မှစီသွားလေ၏။
၂ တဖန်မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ အပြင်၌ဝိုင်းသွားလျက် အရှေ့သို့ မျက်နှာပြုသော အပြင်တံခါးလမ်းဝသို့ ရောက်သောအခါ လက်ျာဘက်မှ စီးသောရေကိုငါမြင်၏။
၃ ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင် အတောင်တစ်ထောင် စေ့အောင်တိုင်း၍ ငါ့ကိုရေကူးစေ၏၊၊ ရေသည် ဖမျက်သို့မှီလေ၏။
၎ တဖန်အတောင်တစ်တောင် စေ့အောင် တိုင်း၍ရေကူးစေပြန်လျှင် ရေသည် ဒူးကိုမှီလေ၏။တဖန်အတောင်တစ်ထောင်စေ့အောင်တိုင်း၍ ရေကူးစေပြန်လျှင် ရေသည်ခါးကိုမှီ လေ၏။
၅ တဖန်အတောင် တတောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီဘဲ ကူးရသောမြစ်ဖြစ်၏။
၆ ထိုသူကား အချင်းလူသားဤအရာကို မြင်ပြီမဟုတ်လောဟု ပြောပြီးမှတဖန် ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
၇ ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသောအပင်တို့ကို ငါမြင်၏။
၈ ထိုသူကလည်း ဤရေသည် အရှေ့သို့စီး၍ တောကိုရှောက်ပြီးမှ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
၉ အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍ အလွန်များစွာသောငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့် ရောက်သမျှ သောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။
၁၀ အိုင်နားမှာတံငါတို့သည် ရပ်၍အင်္ဂဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ်ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါး ကဲ့သို့အလွန်များပြားကြ လိမ့်မည်။
၁၁ ရွ့ဘွက်ရေနှင့် ရွံ့အိုင်ရေမူကားမချိုရ၊ အစဉ်ငန်ရလိမ့်မည်။
၁၂ မြစ်ကမ်းနား နှစ်ဘက်၌ စားစရာကောင်းသောအသီး အပင်အမျိုးမျိုးပေါက်ကြလိမ့်မည်။ အရွက်လည်းမညှိုးနွမ်းရ၊ အသီးလည်း မပြတ်ရ၊၊ လတိုင်းအစဉ် နုသောအသီးကိုသီးလိမ့်မည်။ အကြောင်းမူကား၊ ထိုရေသည် သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည်စား စရာအဘို့ ဖြစ်သည်။ အရွက်သည်လည်း အနာရောဂါ ငြိမ်းစေရာ ဘို့ဖြစသည်ဟုငါ့အား ပြောဆို၏။
ဆာလံကျမ်း အခန်းကြီး ၄၆ (Ps 46:1-9);

၁ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊
၂ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်းငါတို့သည် ကြောက်လန့်ခြင်းမရှိ၊၊ 
၃ သမုဒ္ဒရာရေသည်ဟုန်းဟုန်း မြည်၍ မွှေနှောက်ပါလေ စေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊
၎ မြစ်တမြစ် ရှိသေး၏၊၊ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏၊၊
၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင် ကူမတော်မူလိမ့်မည်။
၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
၈ ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ် ရှင်းခြင်းအမှု တော်များကို လာ၍ကြည့်ရှုကြလော့။
၉ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့ လျက်၊ မြေကြီးစွန်း တိုင် အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၅ (John 5:1-16);

၁ ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
၂ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကား အားဖြင့် ဗေသေသဒ အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါးဆောင်နှင့် ပြည့်စုံ၏။
၃ ထိုကနားပြင် တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှ စ၍အနာရောဂါစွဲသော သူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍နေကြ၏။
၎ အကြောင်း မူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကိုလှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်း သို့ရောက်တတ်၏။
၅ ထိုအခါသုံးဆယ်ရှစ်နှစ် ပတ်လုံးရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာ ရှိ၏။
၆ ထိုသူသည် တုံးလုံး နေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်း သို့ရောက်လိုသလောဟု မေးတော်မူ၏။