Thu the 22nd: Gen 17:3-9; Ps 105:4-9; John 8:51-59
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၇ (Gen 17:3-9);
၃ အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
၎ ငါပြု သော ပဋိညာဉ်သည်သင်၌ ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
၅ နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟု ခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုး တို့၏ အဘအရာ၌ခန့်ထားပြီ။
၆ ငါသည်သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကိုဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ် ရကြလိမ့်မည်။
၇ ငါသည်သင်၏ ဘုရား၊ သင့်နောက်၌သင့်အမျိုးအနွှယ်၏ ဘုရား ဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွှယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
၈ သင်သည် ယခုဧည့်သည် ဖြစ်၍ နေသောပြည်တည်းဟူသော၊ ခါနာန်ပြည် တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏ အမျိုးအနွှယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
၉ တဖန် ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွှယ် အစဉ် အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကိုစောင့်ရှောက် ရကြမည်။
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:4-9);
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၈-၁၀ ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:51-59);
၅၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင် သောသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
၅၂ ယုဒလူတို့ကလည်း၊ သင်၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆိုပါသည်တကား။
၅၃ ငါတို့အဘ အာဗြဟံထက် သင်သည်သာ၍ ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်းသေကြပြီ။ သင်သည် အဘယ်သို့ သောသူ၏ အရောင်ကိုဆောင်သနည်း ဟုဆိုကြ၏။
၅၄ ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချဉ်းအနှီးဖြစ်၏။ ငါ့ခမည်း တော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ ဘုရားဟူ၌ သင်တို့ခေါ်ဝေါ် တတ်ကြ၏။
၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ကဲ့သို့မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော် ကိုလည်း နားထောင်၏။
၅၆ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန် အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
၅၇ ယုဒလူတို့ ကလည်း၊ သင်၏ အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျက်သင်သည် အာဗြဟံကို မြင်လေပြီတကားဟု ဆိုကြ၏။
၅၈ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။