Monday, 14 July 2014

14-JULY-2014-(READING)


Mon the 14th:       Optional memorial of Camilus de Lellis, priest.
Isa 1:10-17; Ps 50:8-23; Matt 5:10; Matt 10:34-11:1

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁ (Isa 1:10-17);

၁၀ သောဒုံမြို့ကို အစိုးရသော မင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့၊၊
၁၁ ထာဝရ ဘုရားမိန့်တော်မူ သည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီးရှို့၍ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကျွေးသော တိရိစ္ဆြွာန် တို့၏ ဆီဥနှင့်ငါဝပြီ၊၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို  ငါမနှစ်သက်၊၊
၁၂ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော အဝတ်ကို အဘယ်သူ တောင်းသနည်း၊၊
၁၃ အချည်းနှီးသောသူ ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့ မီးရှို့သော နံ့သာပေါင်း ကို ငါရွံ့ ရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ် စည်းဝေးသောနေ့ကိုလည်း ရွံ့ရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်၊၊
၁၄ ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကို မုန်း၏၊၊ ငါ့ကို နှောက်ရှက်စရာဖြစ်၏၊၊ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏၊၊
၁၅ သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကို လွှဲမည်၊၊ များစွာသော ပဌာနကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။
၁၆ ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြ လော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။  မကောင်းသောအကျင့်ကို ဖြတ်ကြလော့၊၊
၁၇ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့၊ တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့၊၊ ကောက်သော အရာကို ဖြောင့်စေကြလော့၊၊ မိဘမရှိသောသူတို့အဘို့ တရားသဖြင့်စီရင်ကြလော့။ မုတ်ဆိုးမတို့၏ အမှုကို စောင့်ကြ လော့၊၊

ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:8-23);

၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:10);

၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၀ (Matt 10:34-11:1);

၃၄ မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ် အံ့သောငှါ ငါလာသည်မဟုတ်။ ထားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။
၃၅ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသတည်း။
၃၆ ကိုယ်အိမ်သူအိမ်သား တို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
၃၇ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။
၃၈ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။
၃၉ မိမိအသက်ကိုတွေ့သော သူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကိုတွေ့လိမ့်မည်။
၄၀ သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုလက်ခံ၏။
၄၁ ပရောဖက်၏မျက်နှာကိုထောက်၍၊ ပရောဖက်ကိုလက်ခံသောသူသည် ပရောဖက်၏အကျိုးကိုခံရလတံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကို ထောက်၍၊ ဖြောင့်မတ်သောသူကိုလက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကိုခံရလတံ့။
၄၂ အကြင်သူသည် တပည့်တော်၏မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။
၁ ထိုသို့တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ သြဝါဒပေးခြင်းငှာ၎င်း၊ သိတင်းကြားပြောခြင်းငှာ၎င်း၊ ထိုအရပ်မှကြွတော်မူ၏။