Thu the 17th: Isa 26:7-19; Ps 102:13-21; Matt 11:28-30
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၆ (Isa 26:7-19);
၇ ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏၊၊ အိုဖြောင့်မတ်တော်မူသော ဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏၊၊
၈ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း ၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော်၏အမည် ဘွဲ့နာမတော်ကိုစိတ်နှလုံး၌ တသလျက်ရှိပါ၏၊၊
၉ ညဥ့်အခါအကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏၊၊ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အား ဖြင့် ကိုယ်တော်ကိုရှာပါ၏၊၊ မြေပေါ်မှာ အမှုကို စစ်ကြောစီရင်တော်မူသော အခါ၊ လောကီသားတို့သည် တရားကို သင်ကြ၏၊၊
၁၀ မတရားသောသူသည်ကျေးဇူးကိုခံရသော်လည်း၊ တရားကိုမသင်တတ်ပါ၊၊ တရားကျင့်ရာပြည်၌ပင်အဓမ္မ ပြု၍ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြုတတ်ပါ၊၊
၁၁ အိုထာဝရဘုရား၊ လက်တော်ကို ချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ၊၊ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့စိတ်အားကြီးတော်မူကြောင်းကို သူတို့ သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်၊၊ ကိုယ်တော်၏ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်၊၊
၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်၊၊ အကြောင်းမူ ကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့ အဘို့ပြုတော်မူ၏၊၊
၁၃ အကျွန်ုပ် တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပါပြီ၊၊ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကိုချီးမွမ်းကြပါမည်၊၊
၁၄ ထိုသခင်တို့သည် သေကြပါပြီ၊၊ တဖန်အသက် မရှင်ရကြပါ၊၊ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြပါ၊၊ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှမရှိစေခြင်း ငှါပယ်ရှင်းတော်မူပြီ၊၊
၁၅ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ၊၊ အကျွန်ုပ်တို့ အမျိုးကို တိုးပွားစေသဖြင့်၊ ဘုန်းကြီးတော်မူ၏၊၊ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ၊၊
၁၆ အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ဆည်းကပ်ကြပါပြီ၊၊ ဆုံးမတော်မူသောအခါ၊ ဆုတောင်းပဌနာစကားကို သွန်းလောင်း ကြပါပြီ၊၊
၁၇ ကိုယ်ဝန်ဆောင်သော မိန်းမသည် သားဘွားချိန်နီးသော အခါ နာကျင်၍၊ နာကျင်ခြင်း ဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ၊၊
၁၈ အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်းဝေဒနာကို ခံရသော်လည်း၊ လေကိုဘွားသကဲ့သို့ဖြစ်ကြပါပြီတကား၊၊ ပြည်သားတို့သည် ကယ်တင်ခြင်းသို့မရောက်ကြ၊၊ လောကီသားတို့သည် မလဲကြပါ၊၊
၁၉ ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်၊၊ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြ ပါလိမ့်မည်၊၊ မြေမှုန့်၌နေသော သူတို့၊ နိုး၍သီချင်းဆိုကြလော့၊၊ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်၊၊
ဆာလံကျမ်း အခန်းကြီး ၁၀၂ (Ps 102:13-21);
၁၃ ထတော်မူပါ။ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနား ရသောအချိန်၊ ချိန်းချက် တော်မူသော အချိန်ရောက် ပါပြီ။
၁၄ ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
၁၅ တပါး အမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်း တို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ကြပါလိမ့်မည်။
၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
၁၇ ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။
၁၈ ထိုအကြောင်းအရာ ကို နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ် ရမည်။ပြုပြင်တော်မူလတံ့သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
၁၉-၂၂ ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှာ၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာ၎င်း၊ အတိုင်းတိုင်း အပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာ၊ သန့်ရှင်းရာ ဌာနတော်အထွဋိ ကငုံကြည့် တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:28-30);
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။