Tue the 15th: Memorial of Bonaventure, bishop and doctor.
Isa 7:1-9; Ps 48:1-8; Ps 95:8; Matt 11:20-24
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇ (Isa 7:1-9);
၁ ယုဒရှင်ဘုရင်သြဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌ ရူရိရှင်ဘုရင်ရေဇိန်မင်းနှင့် ဣသရေလ ရှင်ဘုရင်ရေမလိမင်း၏သား ပေကာမင်းတို့သည် ယေရုရှလင်မြို့ကို တိုက်ခြင်းငှါချီလာကြ၏၊၊ သို့သော် လည်း အကြံမမြောက်နိုင်ကြ၊၊
၂ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏ နှလုံးသည်တုန်လှုပ်လျက် ရှိကြ၏။
၃ ထိုအခါထာဝရဘုရားသည် ဟေရှာယကိုမိန့်တော်မူသည်ကား၊ သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူ သွား၍၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင်ဆို ရမည်မှာ၊
၎ သတိပြု၍ ငြိမ်သက်စွာနေလော့၊၊ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်း ဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏ သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်၊၊
၅-၆ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ရှက်ကြကုန်အံ့၊၊ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကိုမင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်တဘက်၌ မကောင်းသောအကြံကို ကြံကြ သော်လည်း၊
၇ ဘုရားရှင်ထာဝရဘုရားက ထိုအကြံမတည်ရ၊၊ ထိုသို့မဖြစ်ရ၊၊
၈ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့၊၊
၉ ဒမာသက်မြို့၏ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရ၏၊၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့၊ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏၊၊ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်၊၊ သင်တို့သည်မယုံလျှင် မတည်ရကြဟုမိန့်တော်မူ၏၊၊
ဆာလံကျမ်း အခန်းကြီး ၄၈ (Ps 48:1-8);
၁ ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။
၂ မြေကြီးတပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင် ထိပ်သည် အဆင်းလှပ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။
၃ ထိုမြို့၏ ဘုံဗိမာန်တို့ တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။
၎ ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွားကြ၏။
၅ မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက်ပြေး ကြ၏။
၆ ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍ သားဘွားသော မိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
၇ တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
၈ ငါတို့သည်ကြားဘူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရား သခင်၏ မြို့တော်၌ တွေ့မြင် ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲတည်စေတော်မူမည်။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:20-24);
၂၀ ထိုအခါ များစွာသောတန်ခိုးတော်ကိုပြတော်မူသော မြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့ တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။
၂၁ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာနှင့်လူးလျက်နောင်တရကြလိမ့်မည်။
၂၂ ငါဆိုသည်ကား၊ တရားဆုံးဖြတ် သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။
၂၃ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှေက်စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့၊ အကြောင်းမူကား၊ သင်၌ပြသော တန်ခိုးကိုသောဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။
၂၄ ငါဆို သည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက်သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။