Thursday, 24 July 2014

24-JULY-2014-(READING)



Thu the 24th:       Optional memorial of Sharbel Makhluf, priest.
Jer 2:1-13; Ps 36:6-11; Matt 11:25; Matt 13:10-17


ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂ (Jer 2:1-13);

၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့ သို့သွားပြီးလျှင်၊
၂ အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သောတောအရပ်၌ သင်သည်ငါ့နောက်သို့လိုက်သော အခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစား ခြင်းနှင့် ယှဉ်သောချစ်ခြင်းမေတ္တာကို၎င်း ငါအောက်မေ့၏။
၃ ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွါးတော်အဘို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကိုလုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၎ အိုယာကုပ်အမျိုးနှင့် ဣသရေလအမျိုးအနွှယ်အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ထံမှ ဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ် မည်သော အပြစ်ကို တွေ့ကြသနည်း။
၆ သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောသူ၊ သွေ့ခြောက်၍သေမင်းအရိပ်လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသော ပြည်တရှောက်လုံး သို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိ တော်မူသနည်းဟု မမေးကြ။
၇ ပြောသောပြည်၏ အသီးအနှံ ဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွား၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကိုညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံ့ရှာဘွယ်ဖြစ်စေကြသည်တကား။
၈ ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော် မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကိုအမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့လိုက်ကြ၏။
၉ ထိုကြောင့်၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၀ ခိတ္တိမ် ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင် ကြလော့။
၁၁ အခြားတပါးသောလူမျိုးကိုးကွယ်သော ဘုရားသည်ဘုရား မဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော့။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။
၁၂ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အိုမိုဃ်းကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီးမွေးညှင်းထသည်တိုင်အောင် ထိတ်လန့် လျက်နေကြလော့။
၁၃ ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပယ်၍၊ ရေမလုံ၊ ပဲ့ပျက်သော ရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကိုပြုကြပြီ။


ဆာလံကျမ်း အခန်းကြီး ၃၆ (Ps 36:6-11);

၆ ဖြောင့်မတ်တော်မူခြင်း တရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏၊၊ တရားစီရင်တော် မူချက်တို့သည် အလွန် နက်နဲရာဖြစ်ကြပါ၏၊၊ အိုထာဝရဘုရား ကိုယ်တော်သည် လူမျိုးနှင့်တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏၊၊
၇ အိုဘုရား သခင်ကရုဏာတော်သည် အလွန်မြတ်နိုးဘွယ် ဖြစ်ပါ၏၊၊ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏၊၊
၈ အိမ်တော်၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍ ကိုယ်တော်၏ ချမ်းသာမြစ်ရေကို သောက်စေ ခြင်းငှါ အခွင့်ပေးတော်မူ၏၊၊
၉ အကြောင်းမူကား ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကို ရကြပါ၏၊၊
၁၀ ကိုယ်တော်ကို သိသောသူတို့အား ကရုဏာတော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်းတရားကို၎င်း၊ တည်မြဲတည်စေတော်မူပါ၊၊
၁၁ မာန၏ ခြေသည် အကျွန်ုပ်ကို မနင်းပါ စေနှင့်၊၊ မတရားသောသူ တို့သည် အကျွန်ုပ်ကို နေရာမရွှေ့ကြပါနှင့်၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:10-17);

၁၀ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ။ တကိုယ်လုံး စင်ကြယ်၏။ သင်တို့သည်စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။
၁၁ ကိုယ်တော်ကို အပ်နှံမည့် သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။
၁၂ ထိုသို့သူတို့၏ခြေကို ဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက် သင်တို့၌ ငါပြုခဲ့သော အမှုကို နားလည်ကြသလော။
၁၃ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်း ခေါ်တတ်ကြ၏။ ထိုစကားလည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ် ကြသည်အတိုင်း ငါမှန်၏။
၁၄ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရမည်။
၁၅ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။
၁၆ ငါအမှန်အကန်ဆို သည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်။ တမန်သည် လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။
၁၇ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိကြ၏။