Saturday, 26 July 2014

31-OCTOBER-2014-(READING)

Fri the 31st:      Vigil of Solemnity of All Saints.
Phil 1:1-11; Ps 111:1-6; John 10:27; Luke 14:1-6

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (Phil 1:1-11);

ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့်တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်းထောက် တို့မှ စ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကိုကြားလိုက်ပါ၏။
သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
- ငါသည်ဆုတောင်းပဌနပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကိုအစဉ် ဆုတောင်း ပဌနာပြုလျက်၊ သင်တို့ကိုအောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍  ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆကဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော် ကိုချီးမွမ်းပါ၏။
သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မှုသော သူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။
ရှိသမျှသောသင်တို့၏ အမှုအရာ၌ဤသို့ငါယူအပ်၏။ အကြောင်း မူကား၊ ငါခံရသောကျေးဇူးတော်ကိုသင်တို့ အပေါင်းသည်ဆက်ဆံကြသည် ဖြစ်၍၊ ငါသည်အကျဉ်းခံရသော်၎င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကိုတည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
ငါသည်သင်တို့အပေါင်းကို ယေရှုခရစ်၏မေတ္တာကရုဏာနှင့် အဘယ်မျှလောက်လွမ်းသည်ဟု ဘုရား သခင်သည် ငါ့သက်သေဖြစ်တော်မူ၏။
ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည်ခြားနားသော အရာတို့ကိုပိုင်ခြားစေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊
၁၀ မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်းပဌနာပြု၏။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-6);

ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။
ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။
အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။
အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။  

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄(Luke 14:1-6);

တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။
ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊
သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊
ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊
ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။