Mon the 15th: Memorial of Our Lady of Sorrows.
1 Cor 11:17-33; Ps 40:7-17; John 3:16; Luke 7:1-10
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၁ (1 Cor 11:17-33);
၁၇ တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကိုနည်းစေခြင်းငှါ စည်းဝေး ကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကိုမချီးမွမ်းရ။
၁၈ ပထမအကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အခြင်းခြင်းကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။
၁၉ ကြားရသည်အတိုင်း၊ မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သောသူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်း ရှိရမည်။
၂၀ သင်တို့သည် အတူစုဝေးကြသောအခါ၊ ဘုရားသခင်၏ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြသည် မဟုတ်။
၂၁ အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကားဆာမြွက်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။
၂၂ သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ် လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက်စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကိုချီးမွမ်းရ မည်လော။ မချီးမွမ်းရ။
၂၃ အကြောင်းမူကား၊ သင်တို့၌ ငါပေးအပ်သောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာ ဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသောနေ့ညမှာ မုန့်ကိုယူ၍၊
၂၄ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကို ဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
၂၅ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့ ဟု မိန့်တော်မူ၏။
၂၆ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရား အသေခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။
၂၇ ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက် မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။
၂၈ သို့ဖြစ်၍ လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြော ပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
၂၉ အကြောင်း မူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။
၃၀ ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူများရှိကြ၏။ သေသောသူ အများလည်းရှိကြ၏။
၃၁ ငါတို့သည် ကိုယ်ကိုကိုယ်စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြ လိမ့်မည်။
၃၂ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။
၃၃ ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှါ စည်းဝေး သောအခါ၊ အချင်းချင်း တယောက်ကိုတယောက် ငံ့လင့်ကြလော့။
ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:7-17);
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊
၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊
၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊
၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊
၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊
၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊
၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16);
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:1-10);
၁ ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင် မြို့သို့ကြွဝင်တော်မူ၏။
၂ ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊
၃ ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေ လွှတ်သဖြင့်၊ ကိုယ်တော်သည် ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။
၎ ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင်၊ ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။
၅ သူသည် အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကိုဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။
၆ ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့်အနီးမဝေး ရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကိုစေလွှတ်၍၊ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံ ထိုက်ပါ။
၇ ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော် တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
၈ ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ ဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။
၉ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူး သေးဟု မိန့်တော်မူ၏။
၁၀ တပ်မှူးစေလွှတ် သောသူတို့သည် အိမ်သို့ပြန်ရောက်လျှင်၊ အနာရောဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။