Thursday, 4 September 2014

4-SEPTEMBER-2014-(READING)

Thu the 4th:    1 Cor 3:18-23; Ps 24:1-6; Matt 4:19; Luke 5:1-11

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 Cor 3:18-23);

၁၈ အဘယ်သူမျှ ကိုယ်ကိုမလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏၊ ထိုသူသည် ပညာရှိအဖြစ်သို့ ရောက်လို သောငှါ လူမိုက်ဖြစ်ပါစေ။
၁၉ အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာ လာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကိုသူတို့၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏ ဟုလာသတည်း။
၂၀ တဖန်တုံ၊ ပညာရှိ တို့၏ အကြံအစည်တို့သည် အချည်နှီးဖြစ်ကြောင်းကိုထာဝရ ဘုရားသိတော်မူ၏ ဟုလာ သတည်း။
၂၁ ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှ လူတို့၌ဝါကြွားခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့အဘို့ဖြစ်ကြ၏။
၂၂ ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့ သောအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဘို့ဖြစ်ကြ၏။
၂၃ သင်တို့သည်လည်း၊ ခရစ်တော်အဘို့ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဘုရား သခင်အဘို့ဖြစ်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);

၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။        
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌  အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:19);

၁၉ ထိုသူတို့အားငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိလေ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ (Luke 5:1-11):

၁ တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝှေ့ကြစဉ်တွင်၊ ကမ်းနားမှာစိုက်သော လှေနှစ်စင်း ကိုမြင်တော်မူ၏။
၂ တံငါ တို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။
၃ ထိုလှေတို့တွင် ရှိမုန်၏လှေထဲသို့ ဝင်တော်မူပြီးလျှင် လှေကိုကမ်းနားမှာအနည်းငယ် ခွာဖွင့်စေခြင်းငှါ ရှိမုန်ကိုအခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမသြဝါဒပေးတော်မူ၏။
၎ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။
၅ ရှိမုန်ကလည်း၊ သခင်၊ ကျွန်ုပ်တို့သည် တညဥ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု လျှောက်လေ၏။
၆ ထိုသို့ချကြပြီး လျှင် အလွန်များစွာ သောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။
၇ အခြားသော လှေတစင်း၌ ရှိသော အပေါင်းအဘော်တို့သည် လာ၍ကူညီစေခြင်းငှါ သူတို့ကိုအမှတ်ပေးသဖြင့်၊ သူတို့လာ၍ လှေနှစ်စင်းနစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။
၈ ရှိမုန်ပေတရုသည်မြင်လျှင်၊ ယေရှု၏ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
၉ အဘယ်ကြောင့်ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိသော ငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့်သူ၏ အပေါင်းအဘော် ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။
၁၀ ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၌ လူတို့ကို ဘမ်းမိသော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၁ ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည်ရှိသမျှ တို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။