Sun the 7th: Psalter III, Ordinary Time Week 23.
Ezek 33:7-9; Ps 95:1-9; Rom 13:8-10; 2 Cor 5:19; Matt 18:15-20
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၃ (Ezek 33:7-9);
၇ ထိုအတူ အချင်းလူသား သင့်ကို ဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။
၈ ငါသည်လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည်အသေ ခံရမည်ဟု ဆိုသောအခါ ဆိုးသောသူကိုသူ၏ လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏ အသက်ကိုသင်၌ ငါတောင်းမည်။
၉ သို့မဟုတ် လူဆိုးကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိအပြစ်ကြောင့် အသက်ဆုံး သော်လည်း သင်သည် ကိုယ်အသက်ကို ကယ်တင်ပြီ။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:1-9);
၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။
၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
၉ သင်တို့အဘများ သည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
ရောမသြဝါဒစာ အခန်းကြီး ၁၃ (Rom 13:8-10);
၈ အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
၉ အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
၁၀ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုမဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);
၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:15-20);
၁၅ ထိုကြောင့်သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍နှစ်ယောက်တည်းချင်းသူ၏ အပြစ် ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။
၁၆ သို့မဟုတ် သင်၏စကား ကိုနားမထောင်လျှင်၊ လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါကိုယ်နှင့် အတူ လူတစ်ဦးနှစ်ဦး ကိုခေါ်ဦးလော့။
၁၇ ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော်အားကြားပြော လော့။ အသင်းတော်၏ စကားကိုနားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။
၁၈ ငါအမှန် ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ် မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ဖြည်လွှတ်လျက်ရှိလိမ့်မည်။
၁၉ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆု တို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။
၂၀ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။