Wed the 22nd: Memorial of Mary Magdalene.
Exod 16:1-15; Ps 78:18-28; Matt 13:1-9
ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၆(Exod 16:1-15);
၁ တဖန် ဣသရေလ အမျိုးသားပရိသတ် အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တု ပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်းတော သို့ရောက်ကြ၏။
၂ ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊
၃ ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသား ချက်သော အိုးကင်းနားမှာထိုင်၍ ဝစွားစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင်သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှါ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍မြည်တမ်း လျက်ဆိုကြ၏။
၎ ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်ကမုန့်မိုဃ်း ကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တနေ့စားလောက်အောင်သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံးစမ်းမည်။
၅ နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက် သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
၆ မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရ ဘုရားသည် သင်တို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဟု ယနေ့ညဦးယံ၌ သင်တို့သိကြလိမ့်မည်။
၇ နံနက်ယံ ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကိုမြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံ ကိုကြားတော်မှုပြီ။ ငါတို့ကိုအပြစ်တင်လျက် မြည်တမ်းစေခြင်းငှါ၊ ငါတို့သည်အဘယ်သို့သောသူ ဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
၈ တဖန်လည်း မောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌ သင်တို့ စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော အသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့ သောသူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောစကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရား ကိုထိခိုက်သည်ဟု ဆိုလေ၏။
၉ တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရဘုရားကြား တော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကိုမှာ ထားသည်အတိုင်း၊
၁၀ အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆို သောအခါ၊ သူတို့သည်တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသောထာဝရဘုရား၏ ဘုန်းတော်ကိုမြင် ရကြ၏။
၁၁ ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
၁၂ ညဦးယံ၌ သင်တို့သည် အမဲသားကိုစားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
၁၃ ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ် တွင် နှင်းကျလျက်ရှိ၏။
၁၄ နှင်းတက်ပြီးသောအခါ၊ နှင်းခံကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ် လေ၏။
၁၅ ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကိုတယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရဘို့ ထာဝရဘုရားပေးသနား တော်မူသောမုန့်ဖြစ်၏။
ဆာလံကျမ်း အခန်းကြီး ၇၈ (Ps 78:18-28);
၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံး ထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။
၂၀ ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်းပေးနိုင်သလော။ မိမိလူတို့အဘို့မဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
၂၁ ထိုစကားကို ထာဝရ ဘုရားသည် ကြား၍အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
၂၂-၂၅ အကြောင်းမူကား၊ အထက်မိုဃ်းတိမ် တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ ကိုဖွင့်၍၊ သူတို့စားစရာဘို့မန္နကိုမိုဃ်းရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊
၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊
၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှပျံတက်သော ငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ မိုဃ်းရွာစေလျက်၊
၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမကိုးစားပဲနေကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:1-9);
၁ ထိုနေ့၌ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာထိုင်နေတော်မူသည်တွင်၊
၂ များစွာသောလူအပေါင်း တို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ် မှာရပ်နေကြ၏။
၃ ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူ သည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာထွက်သွား၏။
၎ အစေ့ကိုကြဲသည်တွင်၊ အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။
၅ အချို့သော အစေ့တို့သည် မြေနည်း၍ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ် သောကြောင့် ချက်ခြင်း အပင်ပေါက်သော်လည်း၊
၆ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်ဆီးခြင်းသို့ရောက်ကြ၏။
၇ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည်ကြီးပွား၍ ညှင်းဆဲကြ၏။
၈ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍ အသီးသီးကြ၏။
၉ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟုမိန့်တော်မူ၏။