Sat the 25th: Feast of James, apostle.
Exod 24:3-8; Ps 50:1-15; James 1:21; Matt 13:24-30
ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၄ (Exod 24:3-8);
၃ မောရှေသည်လည်း လူများတို့ရှိရာ သို့လာ၍၊ ထာဝရဘုရား၏ စကား တော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
၎ မောရှေသည် ထာဝရဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တစ်ဆယ် နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တစ်ဆယ် နှစ်တိုင်ကို၎င်း တည်လေ၏။
၅ ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည် အတိုင်း၊ သူတို့သည် နွားများကို ယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။
၆ မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ ထည့်၍၊ တဝက်ကိုယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
၇ ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များ ရှေ့မှာဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင်ပါမည် ဟု ပြောဆိုကြ၏။
၈ မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။
ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:1-15);
၁ တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏၊၊ နေထွက်ရာမှ သည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏၊၊
၂ အသရေတင့်တယ်ခြင်း ပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏၊၊
၃ ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏၊၊ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏၊၊
၎ မိမိလူတို့ကို စစ်ကြောစီရင်ခြင်း အလိုငှါ အထက်ကောင်းကင်ကို၎င်း မြေကြီးကို၎င်း ခေါ်တော်မူလျက်
၅ ယဇ်ပူဇော်သောအားဖြင့် ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊
၆ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊
၇ ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (James 1:21);
၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညှုးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ် ကိုကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:24-30);
၂၄ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည် လာ၍၊ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။
၂၆ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊
၂၇ ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲတော်မူသည်မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊
၂၈ အိမ်ရှင်က၊ ဤအမှု ကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလော ဟု လျှောက်ကြလျှင်၊
၂၉ အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည်စိုးရိမ်စရာအကြောင်းရှိ၏။
၃၀ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီး ပွားပါလေစေ။ စပါးရိတ်သည်ကာလရောက်လျှင်၊ တောပင်တို့ကိုရှေ့ဦးစွာ ရွေးနှုတ်၍မီးရှို့ခြင်းငှါစည်းနှောင်ကြ လော့။ စပါးကိုကား ကျီ၌စုသိမ်းသွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည် ဟု မိန့်တော်မူ၏။