Sun the 24th: Psalter I, Easter Week 5.
(Optional memorial of Fidelis of Sigmaringen, priest and martyr.)
Acts 14:21-27; Ps 145:8-13; Rev 21:1-5; John 13:31-35
တမန်တော်ဝတ္ထု အခန်းကြီး ၁၄ (Acts 14:21-27);
၂၁ ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ကုကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်းလှည့်လည်၍ ပြန်ကြ၏။
၂၂ ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြန်ခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးစော်ချီပင့်၍၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
၂၃ အသင်းတော်များတို့၌ သင်းအုပ်တို့ကိုခန့်ထား၍၊ အစာရှောင်လျက် ဆုတောင်းပဌနာပြုပြီးလျှင်၊ သင်းဝင်သူတို့ ယုံကြည်သောသခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။
၂၄ ပိသိဒိပြည် တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ရောက်လျှင်၊
၂၅ ပေရဂေမြို့၌ နှုတ်ကပတ်တရားတော်ကို ဟောပြော၍ အတ္တလိ မြို့သို့ သွားကြပြန်၏။
၂၆ ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင် ၏ကျေးဇူးတော်သို့ အပ်နှံ၍စေလွှတ်သော အန္တိအုတ်မြို့သို့ရောက်လာကြ၏။
၂၇ ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကို၎င်း၊ ယုံကြည်ခြင်းတံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြားကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:8-13);
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏၊၊
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁ (Rev 21:1-5);
၁ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။
၂ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။
၃ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရား သခင် ဖြစ်တော်မူမည်။
၎ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။
၅ ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသော သူကလည်း၊ ငါသည်ခပ်သိမ်းသော အရာတို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော် မူ၏။ တဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ ဟူ၍၎င်း၊
၆ အမှုပြီးပြီ။ ငါသည်အာလာဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:31-35)
၃၁ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။
၃၂ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှား ခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကိုထင်ရှားစေ တော်မူလိမ့်မည်။ ကာလမကြာ မမြင့်မှီသူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
၃၃ ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၃၆ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့သင်သည် ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။