Monday, 4 April 2016

4-APR-2016 (READING EST2-YC-C2)

Mon the 4th: Solemnity of Annunciation.
Optional memorial of Isidore, bishop and doctor.
Isa 7:10-14, 8:10; Ps 40:7-11; Heb 10:4-10; Luke 1:26-38

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇ (Isa 7:10-14, 8:10);

၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊                  
၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊
၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊
၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊
၁၀ တိုင်ပင်ကြလော့၊၊ သင်တို့အကြံသည်ပျက်လိမ့်မည်၊၊ စီရင်ကြလော့။ စီရင်သည်အတိုင်းမတည်ရ၊၊ အကြောင်းမူကား၊ ဘုရားသခင်သည်ငါတို့ဘက်၌ ရှိတော်မူ၏၊၊

ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:7-11);

၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ  အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၀ (Heb 10:4-10);

၎ အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေး သည် အပြစ်ကိုမပယ်နိုင်ရာ။
၅ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကကသို့ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်ပူ ဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓွာကို ပြင်ဆင်တော်မူပြီ။
၆ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကိုအားရနှစ်သက်တော်မမူသောအခါ၊
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်အမှတ်ြပု၍ ရေးထားသည် နှင့်အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါသွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။
၈ ပညတ် တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထတ်ကဆိုနှင့်ပြီးမှ၊
၉ တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါသွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကိုတည်စေခြင်းငှါ ပဌမဝတ်ကိုပယ်၏။
၁၀ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကိုတခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်း သို့ရောက်ကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:26-38)

၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
၂၇ မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။
၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
၃၆ ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
၃၇ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊
၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင် တမန်သည် မာရိထံမှသွားလေ၏။