Sunday, 5 June 2016

5-JUN-2016 (READING ORD10 -YC-C2)

Sun the 5th: Psalter II, Ordinary Time Week 10.
(Memorial of Boniface, bishop and martyr.)
1 Kgs 17:17-24; Ps 30:2-13; Gal 1:11-19; Luke 7:16; Luke 7:11-17

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၇ (1 Kgs 17:17-24);

၁၇ ထိုနောက်မှအိမ်ရှင်မ၏သားသည် ပြင်းပြစွာသောအနာရောဂါ စွဲသောကြောင့် အသက်ချုပ်၏။
၁၈ မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကိုသတ်အံ့သောငှါ ကျွန်မဆီသို့ ကြွလာတော်မူ သလောဟု ဧလိယအားဆိုသော်၊
၁၉ သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာ အထက်အခန်းသို့ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာထားပြီးလျှင်၊
၂၀ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသောဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရားကို ကြွေးကြော်လေ၏။
၂၁ တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ်လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန်ဝင်စေတော်မူပါဟု ထာဝရဘုရားကို ကြွေးကြော်ပြန်၏။
၂၂ ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည် ဝင်သဖြင့်၊ သူသည်အသက်ရှင်ပြန်၏။
၂၃ ဧလိယသည် သူငယ်ကိုအထက်အခန်းမှအောက်သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ပြီဟုဆိုလျက်အမိ၌အပ်လေ၏။
၂၄ မိန်းမကလည်း၊ ဤအမှုကို ထောက်ထား၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကိုင်း၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်ဟုတ်မှန်ကြောင်းကိုင်း၊ ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။

ဆာလံကျမ်း အခန်းကြီး ၃၀ (Ps 30:2-13);

၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။


ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:11-19);

၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);

၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:11-17)

၁၁ နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
၁၂ မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
၁၃ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
၁၄ ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
၁၅ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
၁၇ ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။