Wed the 1st: Memorial of Justin, martyr.
2 Tim 1:1-12; Ps 123:1-2; John 11:25-26; Mark 12:18-27
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁(2 Tim 1:1-12);
၃-၅ သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ သင့်ကိုတွေ့မြင်ခြင်း ငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့်၎င်း၊ သင်၏အဘွားလောဣ၊ အမိဥနိတ်၌အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊ နေ့ညဥ့်မပြတ်ဆုတောင်းပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ်အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ် သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော် ကိုငါ ချီးမွမ်း၏။
၁ ယေရှုခရစ်၌ တည်သောအသက်ကိုပေးမည်ဟု ဂတိတော်နှင့်အညီ၊ ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကိုကြားလိုက်ပါ၏။
၂ ငါတို့သခင်ယေရှုခရစ် နှင့် ခမည်းတော်ဘုရားသခင့် အထံတော်ကကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
၆ ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ဘုရားသခင်ပေးတော်မူသော ဆုကိုနှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကိုသတိပေး၏။
၇ အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကိုငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
၈ ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကို၎င်း ရှက်ကြောက်ခြင်းမရှိနှင်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။
၉ ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ် ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ၊ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်း၊ သောအရာ၌ခေါ်သွင်းတော်မူ၏။
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
၁၁ ထိုတရားကိုဟောပြောသော သူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တပါးအမျိုးသား တို့၏ ဆရာအရာ၌၎င်း၊ ငါ့ကိုခန့်ထားတော်မူပြီ။
၁၂ ထိုအကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကိုငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထား သောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင်နိုင်တော်မူသည် ဟုငါသဘောကျ၏။
ဆာလံကျမ်း အခန်းကြီး ၁၂၃ (Ps 123:1-2);
၁ ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် မျှော်ကြည့်ပါ၏။
၂ ကျွန်တို့သည် သခင်လက် ကို၎င်း၊ကျွန်မတို့သည် သခင်မလက်ကို၎င်းမျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနား တော်မူခြင်းကျေးဇူးကို မခံမှီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားကို မျှော်ကြည့်လျှက်နေကြပါ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁ (John 11:25-26);
၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:18-27)
၁၈ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲ တို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊
၁၉ အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အကိုအမျိုးမပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။
၂၀ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
၂၁ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။
၂၂ ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနှစ်ယောက်သောညီအစ်ကို တို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၍ မိန်းမသည်လည်းသေလေ၏။
၂၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့်စုံဘက်ခြင်းကိုပြုကြပြီဟု မေးလျှောက်ကြ၏။
၂၄ ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့် မှားသောအယူကို ယူကြ၏။
၂၅ သေခြင်းမှထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ဖြစ်ကြ၏။
၂၆ ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည်မဘတ်ဘူးသလော။
၂၇ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့်သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။