Friday, 3 June 2016

3-JUN-2016 (READING ORD9 -YC-C2)

Fri the 3rd:    Solemnity of Sacred Heart.
                           Memorial of Charles Lwanga and companions, martyrs.
Sacred Heart Readings: Ezek 34:11-16; Ps 23:1-6; Rom 5:5-11; Luke 15:3-7
2 Tim 3:10-17; Ps 119:157-168; John 14:23; Mark 12:35-37

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၄ (Ezek 34:11-16);

 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
၁၂ ကွဲပြားလျက်ရှိ သော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုဃ်းအုံ့၍ မိုက်သောနေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။
၁၃ အတိုင်းတိုင်းအပြည်ပြည်  တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်ပြည်သို့ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနားအစရှိ သော နေစရာအရပ်တို့၌ ကျွေးမွေးမည်၊၊
၁၄ ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သောဣသရေလ တောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေတောင်ပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားရကြလိမ့်မည်၊
၁၅ ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်းငါပေးမည်။
၁၆ ပျောက် သောသိုးများကို ငါရှာမည်။ သူတပါးနှင်သောသိုးကို လိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။ ဆူဖြိုး၍ အားရှိသောသိုးကိုကား တရားအတိုင်း ကျွေးမွေး၍ ကွက်မျက်မည်ဟု အရှင်ထာဝရဘုရား မိန်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);


၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။


ရောမသြဝါဒစာ အခန်းကြီး ၅ (Rom 5:5-11);

၅ ထိုမြော်လင့် ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော် မူသောသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။
၆ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏။
၇ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။
၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
၉ သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
၁၁ ထိုမျှမက၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၅ (Luke 15:3-7)

 ၃ ထိုအခါဥပမာစကားကိုမိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
၎ သိုးတကောင်ပျောက်လျင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ၊ပျောက်သော သိုးတကောင်ကိုမတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
၅ တွေ့ပြီးလျှင်ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
၆ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့် အတူဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
၇ ထိုနည်းတူဖြောင့်မတ်၍ နောင်တရစရာ အကြောင်းမရှိ သောသူကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုး တယောက်၌ သာ၍ဝမ်း မြောက်ခြင်းရှိကြသည်ဟု ငါဆို၏။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Tim 3:10-17);

၁၀ ယေရှုခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရ ကြလိမ့်မည်။
၁၁ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်း လှည့်ဖြား၍ဆိုးညစ်ခြင်း ၌တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။
၁၂ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။
၁၃ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
၁၄ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:157-168);

၁၅၇ အကျွန်ုပ်ကို ညှင်းဆဲသောသူနှင့် ရန်ဘက်ပြုသော သူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊
၁၅၈ သစ္စာမရှိသော သူတို့ကို အကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊
၁၅၉ ကိုယ်တော်၏ ဥပဒေသများ ကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ၊၊ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၁၆၀ နူတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏၊၊ တရားသဖြင့် စီရင်တော်မူချက်ရှိ သမျှတို့သည် အစဉ်အမြဲတည်ကြပါ၏၊၊
၁၆၁ အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှင်းဆဲကြသော်လည်း အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏၊၊
၁၆၂ လက်ရဥစ္စာများကိုတွေ့ရသကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်း မြောက်ပါ၏၊၊
၁၆၃ မုသာစကားကို ကြားပျင်းရွံ့ရှာပါ၏၊၊ တရားတော်ကိုကား နှစ်သက်ပါ၏၊၊
၁၆၄ ဖြောင့်မတ်စွာ စီရင်တော် မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနှစ်ကြိမ် ချီးမွမ်းတတ်ပါ၏၊၊
၁၆၅ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏၊၊ သူတို့စိတ်ပျက်စရာ အကြောင်းမရှိပါ၊၊
၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊
၁၆၇ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊
၁၆၈ ကိုယ်တော်၏ ဥပဒေတို့နှင့် သက်သေခံတ်ာမူချက်တို့ကို စောင့်ပါ၏၊ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:35-37)

၃၅  ထိုအခါ ယေရှုသည် ဗိမာန်တော်၌ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ် သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။
၃၆ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်၍နေလော့ဟု ငါ၏သခင် အားမိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။
၃၇ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟုခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကားတော်ကိုနားထောင်ကြ၏။