Thursday, 23 June 2016

23-JUN-2016 (READING ORD12 -YC-C2)

Thu the 23rd: Vigil of Solemnity of Birth of John the Baptist.
2 Kgs 24:8-17; Ps 79:1-9; John 14:23; Matt 7:21-29
Vigil Readings: Jer 1:4-10; Ps 71:1-17; 1 Pet 1:8-12; Luke 1:5-17

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၂၄ ( 2 Kgs 24:8-17);

၈ ထိုမင်းသည် ခမည်းတော်ပြုသမျှ အတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၉ ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။
၁၀ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကိုဝိုင်းထားကြသောအခါ၊
၁၁ ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
၁၂ ထာဝရဘုရား မိန့်တော်မူဘူးသည် အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဘို့ ဣသရေလရှင်ဘုရင် လုပ်သော ရွှေတန်ဆာအလုံးစုံ တို့ကို အပိုင်းပိုင်းဖြတ်လေ၏။
၁၃ ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါး အဘယ်သူမျှ မကျန်ကြွင်းရ။
၁၄ ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသောပြည်သူ များအပေါင်း၊
၁၅ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသောသူ ခုနစ်ထောင်၊ အထူးထူးအပြားပြား သော ဆရာသမားတထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို လက်ရသိမ်းသွားလေ၏။  
၁၆ ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော် မဿနိကို ဇေဒကိအမည်ဖြင့် မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
၁၇ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမုဘာလအမည်ရှိ၏။


ဆာလံကျမ်း အခန်းကြီး ၇၉ (Ps 79:1-9);


၁ အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
၂ ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်းကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊
၃ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သဂြိုလ်သော သူလည်းမရှိပါ။
၎ အကျွန်ုပ်တို့ သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌နေသော သူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။
၅ အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည်မပြေ၊ မီးကဲ့သို့လောင်ပါမည်နည်း။
၆ ကိုယ်တော်ကို မသိသောတပါး တပါးအမျိုးသားတို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌာနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။
၇ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
၈ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။
၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။


ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Matt 7:21-29)


 ၂၁ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊
၂၂ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊
၂၃ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
၂၄ ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှမသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍နေတော်မမူနိုင်။
၂၅ အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသောမိန်းမငယ်၏ အမိသည် သိတင်းတော်ကိုကြားသဖြင့်၊ လာ၍ခြေရင်းတော်၌ ပြပ်ဝပ်လျက်၊
၂၆ မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ် ပြည်သူဖြစ်သတည်း။
၂၇ ယေရှုကလည်း၊ ရှေ့ဦးစွာသားများကိုဝစွာ ကျွေးပါရစေ။ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု မိန့်တော်မူ၏။
၂၈ မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍လျှောက်လျှင်၊
၂၉ ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။


Vigil Readings:

 ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁ (Jer 1:4-10);

၎ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
၅ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဘွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
၆ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ် ပါ၏ဟု လျှောက်လျှင်၊
၇ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။
၈ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။
၁၀ ကြည့်ရှုလော့။ သင်သည် နှုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ် မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။


ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊   နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင်  ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ  ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:8-12);

၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:5-17)

၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။
၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။
၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။
၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊
၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။
၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။
၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။