Sunday, 12 June 2016

12-JUN-2016 (READING ORD11 -YC-C2)

Sun the 12th: Psalter III, Ordinary Time Week 11.
2 Sam 12:7-13; Ps 32:1-11; Gal 2:16-21; 1 John 4:10; Luke 7:36-8:3

ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၂ ( 2 Sam 12:7-13);

၇ နာသန်ကလည်း၊ ထိုသူသည်ကားအခြားသူမဟုတ်။ ကိုယ်တော်ပင်ဖြစ်၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ဘိသိက်ပေး၍သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
၈ သင့်သခင်၏ အဆွေအမျိုး ကိုင်း၊ သင့်သခင်၏မယားတို့ကိုင်း၊ သင်၏ရင်ခွင်၌ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ထိုအရာများမလောက်လျှင် အခြားတစ်ပါး သော အရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။
၉ သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကို  မထီမဲ့မြင်ပြု၍ ရှေ့တော်၌ ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏ အသက်ကိုထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့် သတ်လေပြီတကား။
၁၀ ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင် ပြု၍ ဟိတ္တိလူ၊ ဥရိယ၏ မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့် အစဉ်တွေ့ကြုံရကြ လိမ့်မည်။
၁၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏ အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌ အပ်သဖြင့်၊ သူသည်နေရှေ့မှာ သင်၏ မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
၁၂ သင်သည်ဤအမှုကို မထင်မရှားပြု သော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရ ဘုရားမိန့်တော်မူသော စကားကို ပြန်ကြားလေ၏။
၁၃ ဒါဝိဒ်ကလည်း ငါသည်ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကိုပယ်တော်မူပြီ။


ဆာလံကျမ်း အခန်းကြီး ၃၂ (Ps 32:1-11);


၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
၈ သင့်ကိုငါသွန်သင်မည်၊၊ သင်သွားရမည် လမ်းကိုပြတော်မူမည်၊၊ သင့်ကိုကြည့်ရှု့ ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊
၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ပစပ်ကိုဇက်ခွံ၍ ဇက်ကြိုးနှင့်ဆွဲရမည်၊၊
၁၀ မတရားသောသူသည် ဒုက္ခများစွာကိုခံရမည်၊၊ ထာဝရဘုရား၌ ကိုးစားသော သူသည်ကား ကရုဏာတော်သည် ဝန်းရံတတ်၏၊၊
၁၁ ဖြောင်မတ်သောသူတို့ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့၊၊ သဘောဖြောင်သောသူတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့၊၊


ဂလာတိသြဝါဒစာ အခန်းကြီး ၂ (Gal 2:16-21);

၁၆ ခရစ်တော် အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ်ထင်ရားသောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည်အပြစ်တရားကို ပြုစုသောသူဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။
၁၇ အထက်ကငါဖြိုဖျက်သောအရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည်ကို ကိုယ်ထင်ရှားစွာပြ၏။
၁၈ ထိုမှတပါး၊ ငါသည်ဘုရား သခင်နှင့် ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက် နေ၏။
၁၉ ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော် ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကိုကိုယ်စွန့် တော်မူ၏။
၂၀ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 John 4:10);
၁၀ ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:36-8:3)

၃၆ ဖာရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကိုခေါ်ပင့်လျှင်၊ ထိုဖာရိရှဲတို့၏ အိမ်သို့ ကြွ၍စားပွဲ၌လျောင်းတော်မူ၏။
၃၇ ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊
၃၈ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။
၃၉ ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။
၄၀ ယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊
၄၁ ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။
၄၂ သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။
၄၃ ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊
၄၄ ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။
၄၅ သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။
၄၆ သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။
၄၇ ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။
၄၈ ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။
၄၉ စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။
၅၀ ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။
၁ ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏၊
၂ တကျိပ်နှစ်ပါးသောတပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏၊ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသော မိန်းမအချို့သည် လည်းလိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက်ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊
၃ ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား၊ ယေဟန္န နှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကို လှူ၍ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများပါကြ၏။